ဗဒလင်းဂူ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၄၁ -
}}
 
'''ဗဒလင်းဂူ''' သည် မြန်မာပြည်ရှိ [[ရှမ်းပြည်နယ်]]တောင်ပိုင်း [[ရွာငံမြို့နယ်]]တွင် ရှိသည်။ ပဒတ်လိုဏ်ဂူဟုလည်း ခေါ်သည်။ ဒေသခံ လူတွေများက ပဒတ် ခေါင်းထောင် နေသလို ခပ်မြင့်မြင့်၊ ခပ်မော့မော့မှာ တည်ရှိ၍ ပဒတ်လိုဏ် ဟုခေါ်သည်။ '''ပြဒါးလင်း''–ပြဒါးလင်း— ဂူဟု ပညာရှိ အခေါ်ခံရ သူတွေက ပြင်ပြီး ခေါ်ကြသည် ဟု သမိုင်းပညာရှင် [[သန်းထွန်း၊ ဒေါက်တာ|ဒေါက်တာ သန်းထွန်း]] က ဆိုသည်။ သို့သော်လည်း ထိုအချိန်က ကျောက်ဂူအတွင်းရှိ ကျောက်စက်ပန်းဆွဲများနှင့် ကျောက်စက်မိုးမျှော်များတွင် ဖော့စဖောရပ်ဓာတ်ပါဝင်မှုကြောင့် တလက်လက်တောက်ပနေသဖြင့် ဒေသခံများက ပြဒါးလင်းဂူဟု ခေါ်ဝေါ်ကြသည်။ <ref name="ဒေါက်တာသန်းထွန်း"> {{cite book
| last = ဒေါက်တာ
| first = သန်းထွန်း
စာကြောင်း ၆၃ -
 
== ဂူအရွယ်အစား ==
===ဂူအမှတ်(၁)===
ဂူအမှတ်(၁)- နံရံဆေးရေးပန်းချီရှိသောဂူဖြစ်သည်။ အလျားပေ (၈၀)ခန့်ကျယ်ပြီး၊ အနံ (၂၀) ပေနှင့် အမြင့် (၁၄)ပေခန့် ရှိသောဂူ ဖြစ်သည်။
 
===ဂူအမှတ်(၂)===
ဂူအမှတ်(၂)- ဂူကြီး (၅)ခု တစ်ဆက်တည်းဖြစ်နေပြီး၊ ပေ(၈၀၀) ခန့်ရှည့်လျား၍ အကျယ်ဆုံးနေရာမှာ ပေ(၃၀၀)ခန့်၊ အမြင့်ဆုံးနေရာမှာ ပေ(၉၀)ခန့်ရှိသည်။ အမိုးများမှာ မြေပြိုကျ၍ အကျယ် (၅)ပေမှ (၁၅) ပေခန့်ရှိသော အမိုးပေါက် (၆)ခု ရှိသဖြင့် လေဝင်လေထွက်အလင်းရောင် ကောင်းမွန်စွာရသည်။ သဘာဝထုံးကျောက်များဖြစ်ပေါ်လာသော ကျောက်လည်တိုင်၊ ကျောက်ဆက်မိုး မျှော်၊ကျောက်ဆက် ပန်းဆွဲ များဖြင့် ပြဒါးအလင်းရောင်တောက်နေသော ထုံးကျောက်ခရစ်စတယ်များဖြင့် လွန်စွာလှပပါသည်။ လွန်ခဲ့သော နှစ်ပေါင်း(နှစ်သန်း) ခန့်က ပင်လယ်အောက်ရေစီးကြောင်းများကြောင့် ဤမျှ ကြီးမားသော သဘာဝဂူကြီး အဖြစ် တည်ခဲ့ဟန်ရှိသည်။ မြန်မာပြည်၌ရှိသော ဂူများအနက် အကြီးဆုံးဂူကြီးဖြစ်ပါသည်။ <ref name="သောင်းနိုင်ဦး"/>
 
== ပြဒါးလင်းဂူတွင် ရှေးဟောင်းသုတေသနဆိုင်ရာလေ့လာတွေ့ရှိချက်များ ==