ဝသုဝိဟာရ: တည်းဖြတ်မှု မူကွဲများ

ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8
အရေးမကြီး ဘော့: အလွတ်ဖြစ်နေသော ကိုးကားချက်များကို မထပ်နေစေရန် ကိုးကားအမည်များ ထည့်ခြင်း။ FAQ ကိုကြည့်ပါ။
စာကြောင်း ၃၂ -
ဘင်္ဂလားဒေ့ရှိနိုင်ငံ၊ Bogra, Shibganj Upazila တွင်တည်ရှိသည်။ Mahasthangarh ၏ အနောက်ဘက် ၆ ကီလိုမီတာအကွာတွင် တည်ရှိသည်။
==သမိုင်း==
၁၉၇၃ - ၇၄ ခုနှစ်တွင် တူးဖော်မှုများ စတင်ခဲ့သည်။ ရှေးဟောင်းရွှံ့စေးတံဆိပ် ၁၈ ခု တွေ့ခဲ့ရသည်။ အများစုသည် Pala မင်းဆက်ကာလက ဖြစ်သည်။ ထို့အပြင် တူးဖော်မှုများ ပြုစဉ် ရှေးဟောင်းသုတေသနပညာရှင်များသည် အုတ်ဖြင့်တည်ဆောက်ထားသည့် အဆောက်အဦနှစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။<ref>[http://www.thedailystar.net/news-detail-14663 18 ancient clay seals found at Bhasu Bihar | The Daily Star<!-- ဘော့က ထုတ်ပေးသော ခေါင်းစဉ် -->]</ref>
==ဖော်ပြချက်==
ဝသုဝိဟာရတွင် မြေကမူ ငါးခု ရှိသည်။ သုံးခုသည် ကြီးမားပြီး ကျန်နှစ်ခုသည် သေးသည်။ ကျောင်းငယ်တစ်ခုတည်ရှိပြီး တောင်မြောက် ၄၉ မီတာနှင့် အရှေ့အနောက် ၄၆ မီတာ ရှိသည်။ ရဟန်းများအတွက် နေထိုင်ရန် အခန်းခြောက်ခန်းပါရှိသည်။<ref name="Vasu">{{cite web |url=http://bangladeshparjatan.com/vashu-bihar-shibgonj-bogra/ |title=Vashu Bihar, Shibgonj, Bogra |publisher=Bangladesh Parjatan Team |access-date=2016-09-10 |accessdate=30 January 2021 |archivedate=17 September 2016 |archiveurl=https://web.archive.org/web/20160917094635/http://bangladeshparjatan.com/vashu-bihar-shibgonj-bogra/ }}</ref> အရှေ့ဘက်ရှိ အခန်းကို ဝရန်တာဖြင့် ဝန်းရံထားပြီး အခန်း၏ အရှေ့ဘက်အလယ်တွင် ဝင်ပေါက်ရှိသည်။ ကြီးမားသည့် ကျောင်းတော်သည်လည်း ကျောင်းတော်ငယ်ကဲ့သို့ပင် ပုံစံတူသည်။ သို့သော် ၎င်းသည် နေရာကျယ်ဝန်းကာ အခန်းများလည်း ပိုမိုပါဝင်သည်။ အခန်းငယ်များ ဝန်းရံထားသည့် ကြားထဲတွင် နေရာလွတ်တစ်ခု ရှိနေသည်။ ထိုနေရာမှ ရှေးဟောင်းပစ္စည်း ၈၀၀ နီးပါး တွေ့ရှိခဲ့သည်။ ၎င်းတို့ထဲတွင် အသေးစားရုပ်ပွားတော်များ၊ တံဆိပ်များ၊ ကဗ္ဗည်းပြားများ၊ အဖိုးတန်ကျောက်ပုတီးများ၊ တန်ဆာဆင်ထားသည့် ကျောက်ပြားနှင့် အုတ်ခဲများ၊ ရွှံ့စေးမီးအိမ်များ၊ ပြန့်ကြဲနေသည့် ခရားအိုးများသည် ထင်ရှားသည်များ ဖြစ်ကြသည်။