ဂျင်နီဖာတင်လေး: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး စာမျက်နှာကို ဂျနီဖာတင်လေး သို့ ပြန်ညွှန်းလိုက်သည်
စာတွဲ: ပြန်ညွှန်းအသစ်
 
စာကြောင်း ၁ -
#REDIRECT[[ဂျနီဖာတင်လေး]]
ဂျင်နီဖာတင်လေးသည် မြန်မာနိုင်ငံမှ အရှေ့တောင်အာရှ အမျိုးသမီး သံလုံးပစ်ဗိုလ် ဖြစ်ပေသည်။ ဂျင်နီဖာတင်လေးသည် အားကစား စွယ်စုံရသူ တစ်ဦးဖြစ်သည်။ ဘောလီဘော လက်ရွေးစင်တစ်ဦးလဲ ဖြစ်သည်။ ကျွန်းဆွယ်ရွှေတံဆိပ်ရ ဘောလီဘော လက်ရွေးစင်တစ်ဦးလည်း ဖြစ်သည်။ အမျိုးသမီး အားကစားမယ်များအနက် ဂျင်နီဖာတင်လေးသည် တမူထူးခြားသူ ဖြစ်သည်။ အားကစားစိတ်ဓာတ် ပြည့်ဝကာ အမျိုးသမီး မဆန်သော အားကစားမယ်ပင် ဖြစ်သည်။ ကိုယ်လုံးကိုယ်ထည် ထွားပြီး တုတ်ခိုင်သူ ဖြစ်၍ ယောက်ျားတစ်ဦးပမာ ရှိသော်လည်း ယောက်ျားလျာကား မဟုတ်ချေ။
 
:: အမည် = ဂျင်နီဖာတင်လေး
:: ထူးချွန်သည့် အားကစား = သံလုံးပစ်
:: မွေးသက္ကရာဇ် = ၂၃-ရက်၊ အောက်တိုဘာ၊ ၁၉၄၉
:: မွေးရာဇာတိ = ရန်ကုန်
:: အဖအမည် = ဦးတင်လေး
:: အလုပ်အကိုင် = ဆောက်လုပ်ရေးဌာန ဝန်ထမ်း
:: အောင်နိုင်မှုများ = ကျွန်းဆွယ် ရွှေတံဆိပ် ၃-ဆုရှင်
 
၁၉၆၉-ခုနှစ်၊ ပဉ္စမအကြိမ်၊ အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲကို ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ရာ ပွဲဦးထွက်ပြိုင်ပွဲနေ့၌ ပထမဦးဆုံး ရွှေတံဆိပ်ဆုရှင်မှာ ဂျင်နီဖာတင်လေးပင် ဖြစ်သည်။ ဂျင်နီဖာတင်လေးသည် ရွှေတံဆိပ်လည်းရ စံချိန်သစ်လည်း တင်ခဲ့သူဖြစ်သည်။ ထိုစဉ်က သူမသည် အားကစားပြိုင်ပွဲနှစ်ရပ်အတွက် လေ့ကျင့်ခဲ့ရသည်။ နံနက်ပိုင်းတွင် သံလုံးပစ် လေ့ကျင့်ရပြီး၊ ညနေပိုင်း၌ ဘောလီဘော လေ့ကျင့်ခဲ့သည်။ ပြိုင်ပွဲပြုလုပ်သည့်အခါ သံလုံးပစ်ပြိုင်ပွဲ ပြီးသည်နှင့် ဘောလီဘောပြိုင်ပွဲသို့ အပြေးအလွှားသွားကာ ယှဉ်ပြိုင်ကစားခဲ့ရသည်။
 
 
==ကိုးကား==
{{reflist}}
 
 
{{Lifetime|၁၉၄၉| }}
[[Category:မြန်မာ အားကစားသမားများ]]