မြန်မာနိုင်ငံ ဆန္ဒပြမှုများ (၂၀၂၁-လက်ရှိ): တည်းဖြတ်မှု မူကွဲများ

→‎ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်း: လင့်ခ်များပေါင်းထည့်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၀၈ -
 
===ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်း===
အာဏာသိမ်းစစ်အစိုးရအနေဖြင့် မနှစ်သက်သောအကြောင်းအရာများကို ပိတ်ပင်နိုင်ရန်၊ အင်တာနက်ဝန်ဆောင်မှုပေးသူများကို ကန့်သတ်နိုင်ရန်နှင့် အချက်အလက်များကို ကြားဖြတ်ယူနိုင်ရန်တို့ကို ပြုလုပ်နိုင်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)ကို ဖေဖော်ဝါရီ ၉ ရက်က အဆိုပြုလိုက်သည်။ အဆိုပြုဥပဒေများဖော်ပြထားသည့် စာမျက်နှာ ၃၆ မျက်နှာပါ ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)ကို မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများအားလုံးနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရကမ္ပဏီများအားလုံးသို့ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ [[ရိုက်တာသတင်းဌာန]]က ရရှိထားသော အဆိုပါဥပဒေကြမ်းမိတ္တူ၌ ၎င်းသည် ပြည်သူအား ကာကွယ်ရန်၊ နိုင်ငံ သို့မဟုတ် နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်ဖြစ်စေသော အီလက်ထရောနစ်နည်းပညာအသုံးပြုမှုနှင့် ရာဇဝတ်မှုများကို ကာကွယ်ရန်ရည်ရွယ်သည်ဟု ဆိုသည်။ အင်တာနက်ဝန်ဆောင်မှုပေးသူများအနေဖြင့် ညစ်ညမ်းရုပ်ပုံစာပေကဲ့သို့သော မြန်မာ့ယဉ်ကျေးမှုနှင့်မသင့်လျော်သော အကြောင်းအရာ၊ သို့မဟုတ် မမှန်မကန်သောသတင်းများနှင့် ကောလာဟလများ၊ စည်းလုံးမှုနှင့်တည်ငြိမ်မှုကို ပျက်စီးစေသော အမုန်းတရားဖြစ်စေသော အကြောင်းအရာများကို ဖယ်ရှားတားဆီးရမည် ဟု ဆိုသည်။ ထိုဥပဒေကြမ်းသည် လူ့အခွင့်အရေးများကို ချိုးဖောက်ရာကျမည်ဖြစ်ကြောင်း အရက်ဘက်အဖွဲ့အစည်းများက ဖေဖော်ဝါရီ ၁၀ တွင် ပြောသည်။ အာဏာသိမ်းစစ်အစိုးရသည် အတိုက်အခံများ၏စည်းရုံးသိမ်းသွင်းမှုကို တားမြစ်ရန်အတွက် ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု အရက်ဘက်အဖွဲ့အစည်းများက ဆက်လက်ပြောသည်။<ref>[http://www.mizzimaburmese.com/article/78151 ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းအသစ်က လူ့အခွင့်အရေးများကို ချိုးဖောက်ရာကျကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ပြစ်တင် | Mizzima Myanmar News and Insight<!-- ဘော့က ထုတ်ပေးသော ခေါင်းစဉ် -->]</ref> ဆိုင်ဘာလုံခြုံရေးဥပဒေမူကြမ်းသည် အသေးစိတ်ဆွေးနွေးပြင်ဆင်ရန် လိုအပ်နေကြောင်း၊ အခုအချိန်အခါသည် ထိုဥပဒေကို ပြဌာန်းရန် အချိန်အခါကောင်း မဟုတ်ကြောင်း၊ ဥပဒေကြမ်းနှင့်ပတ်သက်၍ ကြားတွင်လုပ်ဆောင်ရမည့် အဆင့်များကို ကျော်လွန်၍ အစောတလျင်ပြဌာန်းမည်ဆိုပါက မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့်[[မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်]]နှင့် ကွန်ပျူတာအသင်းများက ပြင်းပြင်းထန်ထန် ကန့်ကွက်မည်ဖြစ်ကြောင်း၊ နိုင်ငံ့အကျိုး၊ ပြည်သူတွေအကျိုးနဲ့ စီးပွားရေးလုပ်ငန်းကဏ္ဍအားလုံးတို့ရဲ့ အကျိုးအတွက် အသေးစိတ်ထပ်ပြီး ဆွေးနွေးပြင်ဆင်ရန်လိုအပ်ကြောင်း၊ လိုအပ်သောအထောက်အကူပြု အကြောင်းအချက်များ၊ လုပ်ငန်းစဉ်များကို အဆင့်ဆင့် မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများအသီးသီးက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။<ref>[https://burmese.voanews.com/a/cyber-security-law-computer-associtations/5775863.html ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဌာန်းရမယ့်အချိန်မဟုတ်ဘူးလို့ ကွန်ပျူတာအသင်းများထုတ်ပြန်]</ref>
 
တရုတ်ပြည်ကူမင်းမြို့မှတရုတ်ပြည်[[ကူမင်း]]မြို့မှ ရန်ကုန်မြို့သို့[[ရန်ကုန်မြို့]]သို့ လေယာဉ်ပျံတစ်စင်းသည် သွားလိုက်လာလိုက်ဖြင့်ဖြစ်နေသည်ကို တွေရှိခဲ့ကြသဖြင့် တရုတ်နိုင်ငံမှနည်းပညာရှင်များကို ပြည်တွင်းသို့ခေါ်ယူ၍ မြန်မာ့အင်တာနက်၌ firewall တည်ဆောက်မည်ဟူ၍ သံသယများဖြစ်ပေါ်လာခဲ့ပါသည်။ သို့ဖြစ်ရာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တရုတ်သံရုံးရှေ့၌ သွားရောက်ဆန္ဒပြခဲ့ကြပါသည်။<ref name=":32">{{Cite news|date=2021-02-11|title=Myanmar anti-coup protesters rally at Chinese embassy|language=en|work=Reuters|url=https://www.reuters.com/article/myanmar-politics-china-int-idUSKBN2AB0HE|url-status=live|access-date=2021-02-11}}</ref> တရုတ်သံရုံးသည်ထိုသံသယကို ကောလဟာလဟူ၍ငြင်းပယ်ခဲ့သည်အပြင် China Enterprises Chamber of Commerce သည် ပင်လယ်စာပို့သည်ဟူ၍သာ ပြောဆိုခဲ့သည်။<ref>{{Cite web|date=2021-02-11|title=China Denies Helping Myanmar Military Regime Build Internet Firewall|url=https://www.irrawaddy.com/news/burma/china-denies-helping-myanmar-military-regime-build-internet-firewall.html|access-date=2021-02-17|website=The Irrawaddy|language=en-US|archive-date=16 February 2021|archive-url=https://web.archive.org/web/20210216015801/https://www.irrawaddy.com/news/burma/china-denies-helping-myanmar-military-regime-build-internet-firewall.html|url-status=live}}</ref><ref name=":32" /><ref>{{Cite web|last=|first=|date=2021-02-11|title=关于中缅货运航班的情况说明|url=https://www.facebook.com/paukphawfriendship/photos/a.192320247510703/3681368825272477/|url-status=live|archive-url=|archive-date=|access-date=|website=缅甸中国企业商会|language=zh}}</ref>
 
=== သတင်းမီဒီယာဖြတ်တောက်မှု ===