သင်္သကရိုက်ဘာသာစကား: တည်းဖြတ်မှု မူကွဲများ

Change lang template (for Burmese speakers, ဒေဝနာဂရီ နဲ့ ထိုင်း စာလုံးကို ဘာအက္ခရာနဲ့ရေးမှန်း မသိသောကြောင့်)
No edit summary
စာကြောင်း ၁ -
'''သင်္သကရိုက်ဘာသာ''' ({{lang-pi|'''သက္ကတ'''}}; {{lang-en|'''Sanskrit'''}} ) ဆိုသည်မှာ သမိုင်းဝင် အင်ဒို-အာရိယန်ဘာသာစကားတစ်ခုဖြစ်ပြီး [[ဟိန္ဒူဘာသာ]]၊ [[ဂျိန်းဘာသာ]]နှင့် [[ဗုဒ္ဓဘာသာ]]တို့၏ ကျမ်းစာများတွင် သုံးနှုန်းသော ဘာသာစကားဖြစ်သည်။ ယနေ့ခေတ်တွင် သင်္သကရိုက်ဘာသာသည် [[အိန္ဒိယနိုင်ငံ]]တွင် တရားဝင် ဘာသာစကားတစ်ခုအဖြစ်သတ်မှတ်ထားပြီး အူထရာခန်ပြည်နယ်၏ ရုံးသုံးဘာသာစကားဖြစ်သည်။ အနောက်တိုင်း ဂန္ထဝင်ဘာသာဗေဒတွင် သင်္သကရိုက်ဘာသာသည်ဂရိဘာသာနှင့်လက်တင်ဘာသာတို့ကဲ့သို့သော အနေအထားမျိုးရှိသည်။
 
မြန်မာနိုင်ငံတွင် "သက္ကတ"ဘာသာစကားဟူ၌ ပိုမိုသုံးကြသည်။ သက္ကတဘာသာဟူသော ပုဒ်၌ သက္ကတသဒ္ဒါသည် သံသဒ္ဒါနှင့် ကတသဒ္ဒါတွဲစပ်၍ ဖြစ်လာသော သဒ္ဒါတစ်ခုဟုယူဆကြသည်။ ထိုကြောင့် ကောင်းစွာပြုလုပ်ထားအပ်သည်ဟု အဓိပ္ပါယ်ပြန်ဆိုကြသည်။ သို့ဖြစ်၍ ပုဒ်မှန်မှာ သက္ကတမဟုတ်၊ သင်္ခတသာ ဖြစ်သင့်သည်ဟု အချို့ပညာရှိများက ဆိုကြလေသည်။ တစ်နည်း·သန္တ+ကတမှ သက္ကတပုဒ် ဖြစ်လာသည်ဟု ယူဆနိုင်ပေသည်။ ထိုသို့ယူဆရာ၌ သူတော်စင် ပညာရှိများ တီထွင်ထားအပ်သည်ဟုအဓိပ္ပါယ်ရသည်။
[[Category:သင်္သကရိုက်ဘာသာစကား]]