ပါဠိ: တည်းဖြတ်မှု မူကွဲများ

delete empty sections (hard to add or write new texts if empty sections exit)
စာကြောင်း ၃၂ -
 
ခေတ်လယ် အင်ဒို-အာရိယန် ဘာသာစကား တစ်ခုဖြစ်သော ပါဠိသည် [[သက္ကတ]]ဘာသာစကားနှင့် မတူကွဲပြားသည်။<ref>Oberlies, Thomas (2001). ''ပါဠိ: {{transl|sinh|ISO|ထေရဝါဒ တိပိဋက}}သုံး ဘာသာစကား၏ သဒ္ဒါ''. အိန္ဒိယ ဘာသာဗေဒနှင့် တောင်အာရှ လေ့လာရေးကျမ်း၊ အတွဲ ၃. ဘာလင်: Walter de Gruyter. နှာ. ၆. ISBN 3-11-016763-8. "Pāli as a MIA language is different from Sanskrit not so much with regard to the time of its origin than as to its dialectal base, since a number of its morphonological and lexical features betray the fact that it is not a direct continuation of {{transl|sinh|ISO|Ṛgvedic}} Sanskrit; rather it descends from a dialect (or a number of dialects) which was (/were), despite many similarities, different from {{transl|sinh|ISO|Ṛgvedic}}."</ref>
 
====မြန်မာနိင်ငံရှိ အယူအဆ====
{{Cleanup|section}}
ပါဠိဘာသာ၏ မူလအခြေတည်ရှိရာဌာနလည်း သက္ကတဘာသာမှာကဲ့သို့ပင် အိန္ဒိယပြည် ဖြစ်သည်။ အိန္ဒိယပြည်တွင်လည်း မဂဓတိုင်း၌ ပြောဆိုသုံးစွဲသော ဘာသာဖြစ်၍ ယင်းကို မာဂဓဘာသာ ဟုခေါ်သည်။ ကမ္ဘာပေါ်တွင် ပထမပေါ်သောဘာသာဖြစ်၍ မူလဘာသာ ဟူ၍လည်း ခေါ်သည်။ ထိုမာဂဓ မူလဘာသာကို ကမ္ဘာဦးသူတို့သည် လည်းကောင်း၊ ဗြဟ္မာတို့သည်လည်းကောင်း၊ သူတစ်ပါး စကားကို မကြားရသော ကလေးသူငယ်တို့သည်လည်းကောင်း၊ မြတ်စွာဘုရားတို့သည်လည်းကောင်း ပြောဆိုသုံးစွဲကြ သည်ဟု ကျမ်းဂန်များ၌ ပြဆို၏။ ယင်းသို့ ကမ္ဘာဦးအခါမှစ၍ အစဉ်အလာသုံးစွဲ၍ လာခဲ့သော ထိုပါဠိဘာသာသည် အပြစ်ဒေါသတို့မှ လွတ်ကင်း၍ သန့်ရှင်းစင်ကြယ်သောဘာသာစကားရင်းဖြစ်၏။ ဘာသာစကားတို့တွင် အချို့အချို့သော ဘာသာစကားတို့၌ အက္ခရာတွေသာ များပြီးအနက် အဓိပ္ပါယ်ကျဉ်းမြောင်းခြင်း၊ အသိခက်သော အနက်အဓိပ္ပါယ်ရှိခြင်း၊ ပြည့်စုံသောဝေါဟာရမရှိခြင်း၊ ဝိသဇ္ဇနီသံများခြင်း၊ နှာခေါင်းသံလွှမ်းမိုးခြင်း၊ မပီပြင်သော အက္ခရာသံရှိခြင်း၊ အသံထွက်ကြမ်း တမ်းခြင်း၊ အက္ခရာဗျည်းအလွန်များခြင်း၊ သို့မဟုတ် အလွန်နည်းပါးခြင်း စသောချွတ်ယွင်းချက်များ အသီးသီးရှိနေ ကြသည်။ ပါဠိဘာသာကား ဤချွတ်ယွင်းချက်မျိုးမှကင်းစင်၍ သဒ္ဒါအားဖြင့်လည်းကောင်း အနက်အားဖြင့်လည်းကောင်း၊ ပြည့်ဝ၍ သာတ္ထ သဗျဉ္ဇနဂုဏ်နှင့်ပြည့်စုံသော ဘာသာကြီး တစ်ခုဖြစ်ပေသည်။
 
ယင်းသို့ သာတ္ထ သဗျဉ္ဇနဂုဏ်နှင့်ပြည့်စုံသောကြောင့် ဘုရားမုခပါဌ် ပရိယတ်ကိုစောင့်ရှောက်နိုင်သော ဘာသာဖြစ်၍ ပါတိ ရက္ခတိီတိ ပါဠိဟူသော ဝစနတ္ထနှင့်အညီပါဠိ ဟူ၍ခေါ်ဆိုရသည်။ ထိုပါဠိဘာသာ၏ အရေးကြီးပုံကို ဝိနည်းဘက် ဆိုင်ရာသို့ရောက်လျှင် အလွန်ထင်ရှား၏။ ထိုစကားမှန်၏။ ရှင်ပြုခြင်း၊ ဥပသမ္ပဒကံဆောင်ခြင်းစသည်တို့ကို အခြား ဘာသာမျိုးဖြင့်ဆောင်ရွက်၍ ထိုကံများအောင်မြင်ပြီးမြောက် နိုင်ကြမည်မဟုတ်ပဲ ပါဠိဘာသာဖြင့် စည်းကမ်းကျနစွာ ရွတ်ဖတ်ဆောင်ရွက်မှသာ ထိုကံများအောင်မြင်ပြီးမြောက် နိုင်ကြမည်ဖြစ်ပေသည်။ ထိုပြင် ဤကမ္ဘာအတွင်း၌ ပွင့်တော်မူ ကြကုန်သော ကကုသန်အစရှိကုန်သော ဘုရားတို့သည် လည်းကောင်း၊ ရှေးရှေးသောကမ္ဘာတို့၌ ပွင့်တော်မူကြကုန် သောဘုရားတို့သည်လည်းကောင်း၊ ထိုပါဠိဘာသာဖြင့်သာလျှင် ကျွတ်ထိုက်သော ဝေနေယျသတ္တဝါတို့အားတရား ဓမ္မညွန်ပြ ဟောကြားတော်မူကုန်၏။ အကျွန်ုပ်တို့ ဂေါတမမြတ်စွာဘုရားသည်လည်း ဝေနေယျသတ္တဝါတို့အား တရားရေအေး တိုက်ကျွေးဝေငှ ဆုံးမတော်မူသောအခါတို့၌ ထိုပါဠိဘာသာဖြင့်သာလျှင်ဟောကြား ညွှန်ပြဆုံးမတော်မူခဲ့ပေ၏။ နောက်နောင်ပွင့်တော်မူမည့်ဘုရားရှင်တို့သည်လည်း ထို ပါဠိဘာသာဖြင့်သာ တရားဓမ္မညွှန်ပြ ဟောကြားတော် မူမည်ဖြစ်ကုန်၏။ ပိဋကတ်သုံးပုံဖြင့်ရေတွက်အပ်သော ပရိယတ္တိဓမ္မကို သံဂါယနာ တင်တော်မူကြကုန်သော အရှင်မဟာကဿပ အစရှိကုန်သော အရှင်မြတ်တို့သည်လည်း ထိုပါဠိဘာသာဖြင့်သာ သံဂါယနာတင်တော်မူကြကုန်၏။ ပါဠိဘာသာဟူသည် ကျယ်ဝန်းခမ်းနား၍ အလွန်သိမ်မွေ့သောဘာသာရပ်ကြီးတစ်ရပ်ဖြစ်သည်နှင့်အညီ ပုဒ်နေပါဌ်ထား ကံကတ္တာားစသည် ပြောင်းလဲတည်ဆောက်ရပုံစသော နည်းနာနယတို့ကို ပြဆိုသော သဒ္ဒါကျမ်းစသောကျမ်းပေါင်း မြောက်မြားစွာကို ရှေးပညာရှိကြီးများရေးသားပြုစုထားတော်မူခဲ့ ကြပေသည်။
 
ဤပါဠိဘာသာသည် မြန်မာနိုင်ငံသို့ အနော်ရထာ မင်းစော လက်ထက်မတိုင်မီကပင် ရောက်နေသော်လည်း အရှင်အရဟံ၏ကျေးဇူးကြောင့် အနော်ရထာမင်းစော လက်ထက်ကျမှပင် ဖွံ့ဖြိုးတိုးတက်ခဲ့ပေသည်။ ထိုအခါမှစ၍ ဗုဒ္ဓဝါဒီမြန်မာဘုရင်များသည် ပါဠိဘာသာကိုလွန်စွာ အားပေးမြှောက်စား တော်မူခဲ့ကြကုန်၏။ ထို့ကြောင့်ပင် ပုဂံခေတ်ကမြန်မာနိုင်ငံတွင်ပါဠိ ဘာသာကို လူတိုင်းလေ့လာကြသည်။ မိန်းကလေးများပင် ထမင်းချက်ရင်း ရေခပ်ရင်း ပါဠိဘာသာကို လေ့လာလိုက်စား ကြကြောင်း အမှတ်အသားများရှိသည်။ ထိုစဉ်အခါက အချို့မိန်းမများသည်ပင် ပါဠိစာပေများကို သူတစ်ပါးအား ချပို့နိုင်ကြောင်း၊ ကျမ်းဂန် များရေးသားနိုင်ကြောင်းများလည်း မှတ်တမ်းရှိသည်။ ဝိဘတျတ္ထမည်သော သဒ္ဒါငယ်ကျမ်းကား ကျစွာ မင်းကြီး၏သမီးတော်တစ်ပါး ရေးသားသော သဒ္ဒါငယ်ကျမ်းတစ်စောင်ဖြစ်သည်။ ထိုပြင်ကျစွာမင်းကြီးသမီးတော် သံပျင်မင်းသမီး စာပေပို့ချသည်ကို ရဟန်းတော်များပင်လိုက် နာသင်ကြား ကြကြောင်း၊ တပည့်ရဟန်းတစ်ပါး သံပျင်မင်းသမီးကို စုံမက်သဖြင့် မင်းကြီးထံတောင်းဆိုးသည်တွင် ကျမ်းတစ်စောင် တစ်ဖွဲ့ရေးသားနိုင်မှ သမီးတော်နှင့်စုံဖက်နိုင်မည်ဟု ဘုရင်ကြီး အမိန့်ရှိချက်အရ နျာသကျမ်း၏ အဖွင့်ဖြစ်သော ဋီကာကျမ်းကို ပါဠိဘာသာဖြင့် ရေးသားဆက်သွင်းလေရာ ဘုရင်ကြီးကျေနပ်နှစ် သိမ့်တော်မူပြီးလျှင် သမီးတော်နှင့်ထိမ်းမြားတော်မူကြောင်း ရာဇဝင်တွင်အဆိုရှိသည်။ ယခုခေတ်တွင်ကား ပါဠိဘာသာကို ဘုန်းတော်ကြီး ကျောင်းများနှင့် တက္ကသိုလ်ကျောင်းများတွင် သာသင်ကြား လေ့လာလျက်ရှိတော့သည်။ ရှေးကလိုအားသွန်ကြိုးပမ်း လူတိုင်းမလေ့လာကြတော့ပေ။ အမှန်စင်စစ်မှာ ဗုဒ္ဓဝါဒီ ပုဂ္ဂိုလ်တိုင်းလေ့လာသင်ယူဖို့သင့်ပေသည်။ အကြောင်းမှာ မြတ်စွာဘုရားဆုံးမ ဟောပြတော်မူချက် မဂ်ဖိုလ်နိဗ္ဗာန်ရောက်ရန် လမ်းအသွယ်သွယ် ပိဋကတ်စာပေထဲမှာပင်ရှိပေသည်။ ပိဋကတ်စာပေဟူသည် ပါဠိဘာသာ၌တည်ဆောက်ထားပေသည်။ မြန်မာဘာသာပြန်ပြန်ပြီး ပိဋကတ် စာပေတွေရှိပါသော်လည်း ပါဠိဘာသာကိုကိုယ်တိုင်ကိုယ်ကျ တတ်သိနားလည်ပြီးသူ တစ်ယောက်ကိုယ် တိုင်လေ့လာသလောက် သဘောမပေါက်နိုင်ပေ။ ထိုပြင် မြန်မာဘာသာအတွင်းသို့လည်း သီလ သမာဓိ ပညာ စသောပါဠိဝေါဟာရများကိုတတ်နိုင် သရွေ့ထည့်သွင်း သုံးနှုန်းစေသဖြင့် ယခုအချိန်အထိပါဠိသည် မြန်မာဘာသာဟုပင် အထင်မှားလောက်အောင်တွင်ကျယ်လျက်ရှိနေပေသည်။ မြန်မာဘာသာဖြင့် ရေးသားပြုစုကြသည့် ကျမ်းစာများတွင် ထိုပါဠိဝေါဟာရတွေကိုပါ ထည့်သွင်း ရေးသားထားလေ့ရှိကြသဖြင့် ပါဠိကိုမကျွမ်းကျင်က မြန်မာဘာသာကို ထိရောက်စွာတတ်မြောက် သည်ဟု ဝန်ခံရန်ခဲယဉ်းပေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>
 
 
"https://my.wikipedia.org/wiki/ပါဠိ" မှ ရယူရန်