ဆမ်မာရာမြို့: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၅၄ -
===အဘာဆစ် မြို့တော်===
[[File:Dirhem of al-Muntasir, AH 247-248.jpg|thumb|left|အယ်လ်-မွန်တာဆာ၏ ဒါဟမ်ငွေကြေး ။ ဆမ်မာရာတွင် ၈၆၁/၈၆၂ အေဒီတွင် သွန်းလုပ်ခဲ့သည်။]]
အေဒီ ၈၃၆ ခုနှစ်တွင် အဘာဆစ် ကယ်လစ်ဘုရင် အယ်လ်-မူတာဆင်းမှ တိုက်ဂရစ်မြစ်၏ ကမ်းပါးတွင် မြို့တော်သစ်ကို တည်ထောင်ခဲ့သည်။ သူသည် အလွန် များပြားကျယ်ပြန့်သော နန်းတော် အဆောက်အဦးများကို ဆောက်လုပ်ခဲ့ပြီး သူ၏ အစောင့်များ နေထိုင်ရန် တန်းလျားများကို ဝိုင်းပတ် ဆောက်လုပ်ခဲ့သည်။ အစောင့်များမှာ အများအားဖြင့် အာရှ အလယ်ပိုင်းမှ ခေါ်ယူထားခြင်း ဖြစ်ပြီး တာ့ခ်လူမျိုးများနှင့် ခူရာဆာနီ လူမျိုးများ နှင့် မြောက်အာဖရိကမှ ပါဝင်သည်။ သူတို့အား အမြဲလိုလို မမ်လွတ် သို့မဟုတ် ကျွန်စစ်သားများဟု ခေါ်လေ့ ရှိသော်လည်း သူတို့၏ အဆင့်မှာ အလွန်မြင့်သည်။ အချို့သော တပ်ဗိုလ်များသည် သူကောင်းမျိုး ဘွဲ့ထူးဖြစ်သော ဆိုဒီဂန် အဖြစ် ချီးမြှင့် အပ်နှင်း ခံထားရသည်။ <ref name="Babaie">{{cite book | title=Slaves of the Shah | url=https://archive.org/details/slavesshahneweli00baba | publisher=I.B.Tauris & Co Ltd | author=Babaie, Sussan | year=2004 | location=New York | pages=4–5[https://archive.org/details/slavesshahneweli00baba/page/4 4]–5 | isbn=1 86064 721 9}}</ref>
 
ထိုမြို့တော်အား အယ်လ်-မူတာဝါကေး ကယ်လစ်ဘုရင်လက်ထက်တွင် ထပ်မံတေည်ဆောက်ခဲ့ပြီး ၎င်းမှ ကြွယ်ဝခမ်းနားသော နန်းတော် အဆောက်အဦးများဖြစ်သော အယ်လ်-မူလ်တာဝတ်ကီလေယာ နှင့် ဆမ်မာရာရှိ မဟာဗလီကြီး နှင့် ၎င်း၏ ထင်ရှားသော ကြောင်လိမ်လှေကားပုံ ဗလီမျှော်စင် သို့မဟုတ် မာလ်ဝီယာ စသည်တို့ကို ဆောက်လုပ်ခဲ့သည်။ ၁၈၄၇ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သူ၏ သားဖြစ်သူ အယ်လ်မူတာ့ဇ်အတွက် သူသည် ကြီးမားသော နန်းတော် ဖြစ်သည် ဘူလ်ကူဝါရာကို ဆောက်လုပ်ခဲ့သည်။