ခမာလူမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 38 interwiki links, now provided by Wikidata on d:q201028 (translate me)
→‎မွန်ခမာအစုခွဲများ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၄ -
=== မွန်ခမာအစုခွဲများ ===
ယင်းဘာသာစကားကို ပြောဆိုသော သူတို့မှာ ယခင်က ပြင်သစ်ပိုင် အင်ဒိုချိုင်းနားနိုင်ငံများတွင် အာနမ်ပြည်မှအပ နိုင်ငံရေးအရ လည်းကောင်း၊ ယဉ်ကျေးမှုအရလည်းကောင်း အရေးကြီးဆုံးဖြစ်သည့် မဲခေါင်မြစ်ဝှမ်းတောင်ဖက်ပိုင်းရှိ ကမ္ဗောဇနိုင်ငံတွင် အများဆုံး နေထိုင်ကြသည်။ ထိုဒေသ၏ အနောက်ဖက် ယိုးဒယားနိုင်ငံနှင့် အရှေ့ဖက် ကိုချင်ချိုင်းနား နိုင်ငံတို့တွင်လည်း ခမာစကားပြောဆိုသူ အချို့တို့ကို တွေ့နိုင် ပေသေးသည်။
ယင်းတို့နှင့် ဘာသာစကားတူဖြစ်သော အခြားမွန်ခမာ အစုခွဲတွင် ပါဝင်သည့် ဘာသာစကားတို့ကို ပြောဆိုသူများကို ယခု ဗီယက်နမ်နိုင်ငံတွင် ပါဝင်သော မြောက်ဘက် တုံကင်းနယ်မှ အာနမ်တောင်ရိုးတစ်လျောက် တောင်ဘက် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသများ ရှိ ကိုချင်ချိုင်းနားပြည်အထိလည်းကောင်း၊ ရှေ့ဘက် တုံကင်းနယ်မှ လာအိုနယ် ယိုးဒယား မြောက်ပိုင်တို့ကိုမြောက်ပိုင်းတို့ကို ဖြတ်၍ အနောက်ဖက်မြန်မာပြည် ကျိုင်းတုံနယ်အထိ ဖြစ်သော ဒေသထိလည်းကောင်း တွေ့ရသည်။ ထိုမှတစ်ပါး မြန်မာနိုင်ငံအတွင်းရှိ မွန်များ၊ ပအိုဝ်းများ၊ ပလောင်များ၊ ဝ များသည်လည်း ယင်းတို့နှင့် အနွယ်တူ ဖြစ်ရာ ကမ္ဗောဒီးယားနေ ခမာတို့မှာ မြန်မာနိုင်ငံ တိုင်းရင်းသားအချို့နှင့် အနွယ်တူနေကြသူများလည်း ဖြစ်ပေသည်။ အခြားအနွယ်တူ လူမျိုးများမှာ အာသံပြည်ရှိ ခါစီလူမျိုးများ၊ အိန္ဒိယပြည် အလယ်ပိုင်းရှိ မုဏ္ဍာလူမျိုးများနှင့် နကဗရီကျွန်းသားများ ဖြစ်သည်။
 
=== လူမျိုးအလိုက်အနွယ် ===