သိန်းဌေး (ဒုတိယဗိုလ်ချုပ်ကြီး): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သက်နိုင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး +သက်နိုင်ဝင်း (ဒုတိယဗိုလ်ချုပ်ကြီး))
အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၄၇ -
}}
'''ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး'''သည် [[တပ်မတော်]] ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု အရာရှိချုပ်ဖြစ်ပြီး [[ရန်ကုန်စက်မှုတက္ကသိုလ်]] ကျောင်းဆင်းတစ်ဦးဖြစ်သည်။ [[တပ်မတော် (ကြည်း)]] ဗိုလ်သင်တန်းကျောင်း အမှတ်(၅၈) ဗိုလ်လောင်းသင်တန်းမှ အရာရှိဖြစ်လာသူ ဖြစ်သည်။ ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု အရာရှိချုပ်အဖြစ် ထမ်းဆောင်ခဲ့ပြီး ၂၀၁၁ အစိုးရသစ်လက်ထက်တွင် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် [[နယ်စပ်ရေးရာ ဝန်ကြီးဌာန]] တို့တွင် ပြည်ထောင်စု ဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည်။ ယခုအခါ တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအရာရှိချုပ် အဖြစ်ထမ်းဆောင်လျှက်ရှိသည်။
 
== ငယ်ဘဝနှင့်ပညာရေး ==
၁၉၅၅ ခု၊ စက်တင်ဘာလ ၇ ရက်တွင် တောင်ကြီးမြို့၌ မွေးသည်။
 
ရန်ကုန်စက်မှုတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘာသာဖြင့် ဘွဲ့ရသည့်နောက် ဗိုလ်သင်တန်းကျောင်း အပတ်စဉ် (၅၈) သို့ တက်ရောက်သည်။
 
== စစ်မှုထမ်းဘဝ ==
၁၉၉၈ ခု၊ ဦးစီးအရာရှိ (ပ) ဒုတိယဗိုလ်မှူးကြီးဖြစ်သည်အထိ ရုံးလုပ်ငန်းနှင့် နည်းပညာကိုသာ အားပြုလေ့လာသည်။
၂၀၀၁-၂ ကာလ ထိုင်းနိုင်ငံနှင့် နယ်စပ်ပြဿနာဖြစ်နေချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အဝေးပစ်လက်နက်များအကြောင်း တင်ပြခဲ့ရာ အထူးသဘောကျသဖြင့် ဗိုလ်မှူးချုပ်အဆင့်သို့ တိုးမြှင့်ခံရသည်။
၂၀၀၆ ခုတွင် ဗိုလ်ချုပ်အဆင့်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအရာရှိချုပ် (ဒုထုတ်ချုပ်) ဖြစ်လာသည်။
၂၀၀၈ ခုတွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးနှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့်အတူ မြောက်ကိုရီးယားသို့သွားကာ စစ်လက်နက်ထုတ်လုပ်ရေးအတွက် ဆွေးနွေးခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ထုတ်ချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာခိုင်က စက်မှု(၁)ဝန်ကြီးအဖြစ် အရွေးခံသည်နောက် ဗိုလ်ချုပ်ကြီးရာထူးနှင့် ထုတ်ချုပ် ဖြစ်လာသည်။
၂၀၁၁ ခုတွင် သမ္မတ ဦးသိန်းစိန်က နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်ထားသည်။ သို့သော် လုပ်လက်စ စစ်လက်နက်ပစ္စည်းစက်ရုံသစ်များအား စီမံရန်လိုအပ်သေးသောကြောင့် ၂၀၁၃ ခုတွင် မူလတာဝန်ကို ပြန်ထမ်းသည်။
 
== မိသားစုဘဝ ==
ဒေါ်မြင့်မြင့်ခိုင်နှင့် လက်ထပ်သည်။
 
== ကိုးကား ==