မေမြင့်မိုရ်: တည်းဖြတ်မှု မူကွဲများ

မြန်မာသရုပ်ဆောင်
"'''မေမြင့်မိုရ်'''..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
(ကွဲပြားမှု မရှိ)

၀၉:၁၆၊ ၂၂ ဖေဖော်ဝါရီ ၂၀၂၁ ရက်နေ့က မူ

မေမြင့်မိုရ် (၁၉၉၅ မေ ၁၁ ဖွါး) သည် မြန်မာနိုင်ငံသား ရုပ်ရှင်သရုပ်ဆောင်ဖြစ်သည်။

ငယ်ဘဝနှင့်ပညာရေး

၁၉၉၅ ခု၊ မေလ ၁၁ ရက်တွင် ဦးအောင်ကို၊ ဒေါ်မဉ္ဇူူထွဋ်တို့က ရန်ကုန်၌ မွေးသည်။ အမည်ရင်းမှာ မေမြင့်မိုရ်အောင် ဖြစ်သည်။ မွေးချင်းမောင် ရှင်းမြတ်သည်လည်း အနုပညာအလုပ်ကိုပင် လုပ်သည်။

အမှတ် ၁ အထက်တန်းကျောင်း (ဒဂုံ) မှ ဆယ်တန်းအောင်သည်။ ရန်ကုန်တက္ကသိုလ်၌ တက်ရောက်ရာ ၂၀၁၆ ခုတွင် ဥပဒေပညာဘွဲ့ ရသည်။

အနုပညာခရီး

၂၀၁၂ ခုကပင် ဓါတ်ပုံမော်ဒယ်အဖြစ် မဂ္ဂဇင်းမျက်နှာဖုံးများ၊ ကြော်ငြာများနှင့် တေးသရုပ်ဖော်များတွင် ပါဝင်ခဲ့သည်။ ၎င်းနှစ် အကယ်ဒမီဆုပေးပွဲ၌ ဗန်းကိုင်အဖြစ် ပါဝင်သည်။

၂၀၁၃ ခုတွင် ဖော်အဲဗားလုပ်ငန်းစုမှ မျက်နှာသစ်ရွေးပွဲလုပ်ရာ လူ ၁၀၀ ခန့်နှင့်ပြိုင်ရင်း "အချစ်သင်္ကေတ" ရုပ်သံဇာတ်လမ်း အတွဲ ၃ ၌ ပါဝင်ခွင့်ရသည်။ ၎င်းနှစ် "ပန်းနုသွေး" ရုပ်သံဇာတ်လမ်းတွဲ၌ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရသည်။

၂၀၁၄ ခုတွင် "မှော်ကျောက်စာ" ရုံတင်ဇာတ်ကား၌ သရုပ်ဆောင်သည်။ ၎င်းဇာတ်ကားသည် ၂၀၁၈ ခုရောက်မှ ရုံတင်သည်။

၂၀၁၅ ခုတွင် "မိုးပန်းပွင့်၏သင်္ကေတ" ရုံတင်ဇာတ်ကားတွင် သရုပ်ဆောင်သည်။ ၎င်းဇာတ်ကားသည်လည်း ၂၀၁၈ ခုရောက်မှ ရုံတင်သည်။

၂၀၁၆ ခုတွင် ၂၀၁၇ ခု၌လွှင့်သော "ဆုံစည်းခြင်းမိုးတိမ်များ" ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးရာ၌ သရုပ်ဆောင်သည်။

၂၀၁၇ ခုတွင် စာရေးဆရာမ မစန္ဒါ၏ နာမည်ကျော်ဝတ္ထု "အရိပ်" အား ရုပ်ရှင်ရိုက်သည့် ၁၉၉၇ ထွက်ဇာတ်ကားကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ပြောင်းလဲတင်ဆက်ရာတွင် ပါဝင်သည်။ ၎င်းမှာ ၂၀၁၈ ခုတွင် လွှင့်သည်။

၂၀၁၈ ခု၌ စာရေးဆရာ မောင်သိန်းဆိုင်၏ "ပုဂံမြို့သူ" ဝတ္ထုကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးရာ၌ ပါဝင်သည်။ ထိုနှစ်တွင်ပင် အဆိုပါဇာတ်လမ်းအား လွှင့်သည်။ ပထမဆုံးကျင်းပသော ကြယ်စင်ဆုပေးပွဲ (Star Awards) တွင် "မိုးပန်းပွင့်၏သင်္ကေတ" ဇာတ်ကားဖြင့် အမျိုးသမီးထွန်းတောက်ကြယ်ဆု (Female Rising Star Award) ကို ရသည်။

၂၀၁၉ ခုတွင် "ပျောက်ဆုံးနေသောအမှန်တရား" ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သည်။ ၎င်းနှစ်တွင်ပင် လွှင့်သည်။

၂၀၂၀ ခုတွင် တပ်မတော်ရုပ်သံဇာတ်လမ်း "သူရဲကောင်းတို့ဒဏ္ဍာရီ" တွင်ပါဝင်သည်။

မိသားစုဘဝ

ဆုတံဆိပ်များ

ကိုးကား