ဟိန္ဒူဘာသာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၀၀ -
သက်ရှိ ဆိုသည်မှာ မိမိဖြစ်သည်။ ထိုမိမိသည် ရုပ်ခန္ဓာကိုယ်လော။ စိတ်လော၊သို့မဟုတ် ရုပ်နှင့် နာမ်လွန်ရာ ဖြစ်သလော၊ လူတစ်ယောက် သေဆုံးသည် ဆိုပါက မည်သူ သေဆုံးသနည်း ၊ နောင်ဘ၀ ကူးသည် ဟုပြောသော အခါ မည်သူက ကူးသနည်း။ ခန္ဓာကိုယ် စဉ်ဆက်မပြတ် ပြောင်းလဲနေသော်လည်း မိ်မိဟု သိနေသော မပြောင်းလဲသည့် အရာသည် မည်သူနည်း။ ထိုသက်ရှိသည် မည်သူနည်း။ ဘုရားရှင် နှင့် ဆက်စပ်မှု ရှိပါသလား။ သံသရာမှ လွတ်မြောက်သော အခါ သက်ရှိသည် ဘယ်ကို ရောက်သွားသနည်း။ စသော လေးနက်သည့် အကြောင်းအရာ များကို ဆွေးနွေး ထားပေသည်။
==== ပ်ရ ကရိသီး ( သဘာဝတရား)====
ရုပ်လောက သဘာဝတရား ဆိုသည် မှာ အဘယ်နည်း ၊ ယင်းသည် အသက်ရှိလော၊ အသက်မဲ့လော။ စကြဝဠာ ၏ ဆန်းကြယ်မှု အားလုံးသည် သူ့ ဖာသာ တိုက်ဆိုင်ပြီး ဖြစ်ပေါ်လာသည်လား။ သဘာဝတရား ၏ မှန်ကန် တိကျသော ဖြစ်စဉ်များအပေါ်တွင် သက်ရှိ၏ လွှမ်းမိုးမှု ရှိသည်လား။ ခြောက်ပေ ပင် မပြည့်သော၊ သက်တမ်း ၁၀၀ ပင်မရှိသော  လူသားများက အလွန်ကြီးမားသော လေယာဉ်ပျံများ ဂြိုလ်တုများ ကွန်ပြုတာများ စမတ်ဖုံးများစမတ်ဖုန်းများ ကို ထွင်နိုင်သည် ဟုဆိုလျှင် လူထက် အဆ ၁၀၀ ကြီးသော ၊ အသိဥာဏ် အဆ ၁၀၀ များသော အခြားသတ္တဝါများ စကြဝဠာ တွင် မရှိနိုင်ပြီလော၊ လူ့ထက် အဆပေါင်း မှန်းဆ၍ မရနိုင်သော ဘုရား သည် စကြဝဠာကို ထိန်းချုပ်နိုင်ဟု ဆိုလျှင် ဖြစ်နိုင်ပါမည် လော။ စသည့် မေးခွန်းပေါင်းများစွာ ၏ အဖြေကို လည်း သိရမည် ဖြစ်သည်။
 
====ကာလ ( အချိန်)====
ဘဂဝဒ်ဂီသာကျမ်းတွင် နောက်ထပ်ဆွေးနွေးထားသည့် အကြောင်းအရာ သည် အချိန် ဖြစ်သည်။ ထို အချိန်ကို ကာလ်ဟု ဖေါ်ပြသည်။ အချိန်သည့် ဘယ်က စခဲ့သနည်း ။ ဘယ်မှာ ဆုံးမည်နည်း။ စကြဝဠာ အချိန်၊ လူ့အချိန် ၊ နတ်အချိန် ၊ တိရစ္ဆာတို့၏ အချိန် စသည်တို့အကြား မည်မျှ ခြားနားသနည်း။ စကြဝဠာ၏ သက်တမ်းနှင့် လူ့သက်တမ်း၊ အချိန်မရှိသော နေရာ။ လူ့ဘ၀၏ အရေးကြီးဆုံး အချိန်သည် မည်သည့် အချိန် ဖြစ်မည်နည်း။ အဘယ့်ကြောင့်နည်း။ စသည့် အကြောင်းအရာများကို တွေ့ရမည် ဖြစ်သည်။