အာဇာနည် ခေါင်းဆောင်ကြီးများ: တည်းဖြတ်မှု မူကွဲများ

ါြြ
စာတွဲများ: လက်ဖြင့် နောက်ပြန်ပြင်ခြင်း မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8
စာကြောင်း ၂၈ -
== ဦးဘချို (၁၈၉၃ - ၁၉၄၇) ==
[[File:ubacho.jpg|thumb]]
[[ဒီးဒုတ်ဦးဘချို]]မှာ [[မြောင်းမြမြို့|မြောင်းမြ]] ဇာတိ ဖြစ်သည်။ အဖ မြန်မာဆေးဆရာကြီး ဦးဘိုးစာနှင့် အမိဒေါ်မြစ် တို့မှ ၁၈၉၃ ခု ဧပြီလ ၂၃ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူး အောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိ ခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်းတွင် ဆက်လက် ပညာ သင်ယူရာ ၁ဝ တန်းကို အထူး အောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန် တက္ကသိုလ်တွင် ဘီအေ အထက်တန်း တက်နေဆဲ မျက်စိ ရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ ရသည်။ [[ပေါင်းတည်]]နှင့် [[ဟင်္သာတ]] မြို့များတွင် အစိုးရ ကျောင်းဆရာ အဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂ဝ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသား ကျောင်းများ ဖွင့်လာသော အခါ အစိုးရဝန်ထမ်းအဖြစ်မှ ထွက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာ ဆရာ ဝင်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသား ကျောင်းဆရာလည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် [[အ.ထ.က(၂)ဒဂုံ|မြို့မအမျိုးသားကျောင်း]] (သရက်တော) ၌ ကျောင်းဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။<ref>{{cite web |title=အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို |url=https://www.mdn.gov.mm/my/aaajaannnykhengcheaangkii-diiduttuubhkhiu |website=MDN - Myanmar DigitalNews |accessdate=12 July 2020 |ref=၁၉၂၄ ခုနှစ်တွင် ဗဟန်းအမျိုးသားကောလိပ်ပျက်ပြီး မြန်မာရီဗျူးဂျာနယ်မှ ခွင့်ခြောက်လယူကာ အစိုးရအထောက်အပံ့မခံသည့် သရက်တောအမျိုးသား ကျောင်း၌ အမျိုးသားကျောင်းဆရာအဖြစ် ကူညီသည်။ |language=my |archivedate=22 September 2020 |archiveurl=https://web.archive.org/web/20200922185417/https://www.mdn.gov.mm/my/aaajaannnykhengcheaangkii-diiduttuubhkhiu }}</ref> တပတ် တကြိမ်ထုတ် မြန်မာ့ ရီဗျူးဂျာနယ်ကို အယ်ဒီတာချုပ် အဖြစ် ဦးစီး ထုတ်ဝေ ခဲ့သည်။ ထိုနောက် ဒီးဒုတ် ဂျာနယ် ကို ၁၉၂၅ ခုနှစ်တွင် ဦးစီး ထုတ်ဝေရာတွင် ဒီးဒုတ် ဦးဘချိုဟု ထင်ရှား လာသည်။
 
ဆရာကြီးသည် အင်္ဂလိပ် - မြန်မာနှင့် [[ပါဠိ]]စာပေများတွင် နှံ့စပ်ပြီး [[ဆေးကျမ်း]]၊ [[ဗေဒင်]]၊ [[နက္ခတ်]]နှင့် [[အဂ္ဂရပ်]] ပညာ များကိုလည်း လိုက်စား ခဲ့သည်။ မြန်မာ သီချင်း ကြီးကိုလည်း စည်းစနစ် ကျစွာ တတ်မြောက်သူ တဦးဖြစ်သည်။ တူရိယာ၊ [[ကဗျာ]]၊ ဂီတကို မြတ်နိုးပြီး စောင်းကောက်ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ မြန်မာ သီချင်းကြီး သီချင်းခန့် များကို မူမှန် အတိုင်း ဖြစ်စေရန် ဂီတဝိသောဓနိ ကျမ်းကိုလည်း တည်းဖြတ် ခဲ့သည်။ ၁၉၃၈ ခုနှစ် အတွင်း ဒီးဒုတ် နေ့စဉ် သတင်းစာကို ထုတ်ဝေ ခဲ့သည်။ ဆရာကြီးသည် သတင်းစာ ဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေ သမား တဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြား စေသည့် စာပေ များကိုလည်း ရေးသား ခဲ့သည်။ အင်္ဂလိပ်တို့ ပေးသော [[ဒိုင်အာခီအုပ်ချုပ်ရေး]]နှင့် [[၉၁ ဌာနအုပ်ချုပ်ရေး]] တို့ကို ဆန့်ကျင် ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီ ကိုလည်း တည်ထောင် ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့သည်။ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ သေးသည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေး အဖွဲ့ဝင် တဦးလည်း အဖြစ်လည်း တာဝန် ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာ ဘမော် အစိုးရ လက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော် အမတ် အဖြစ် ထမ်းဆောင် ခဲ့သည်။ စာရေး ဆရာ အသင်း နယကလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေး ရရှိ ကြိုးပမ်းရန် အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသော အခါ ဝင်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ် အစိုးရ အဖွဲ့တွင် ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန် ယူခဲ့သည်။ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ တို့နှင့် အတူ အထူး အပင်ပန်း ခံ၍ ဆောင်ရွက် ခဲ့သည်။ ချင်းပြည်နယ် ထီးလင်း မြို့တွင် ကျင်းပသော ချင်း - ဗမာ ချစ်ကြည်ရေး ကျောက်တိုင် ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်စား အဖြစ် လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက် ခဲ့သည်။