ဝေသာလီခေတ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
'''ဝေသာလီခေတ်'''သည် ကျောက်လှေကားခေတ် အေဒီ- ၃၂၇ မှ အေဒီ ၈၁၈ဖြစ်သော [[ရခိုင်မင်းဆက်]] ခေတ်တစ်ခေတ်ဖြစ်သည်။ ဓညဝတီခေတ် ကုန်ဆုံးသောအခါ၌ ဝေသာလီခေတ် စတင်ခဲ့လေသည်။ ဝေသာလီ ကျောက်လှေကားမြို့နေရာကား [[မြောက်ဦးမြို့]] မြောက်ဖက် ၉ မိုင်ခန့်ဝေးသောအရပ်တွင် တည်ရှိသည်။ ဝေသာလီယဉ်ကျေးမှုသည် အေဒီ ၉ ရာစု (အေဒီ (၃၂၇- ၈၁၈) အထိ ထွန်းကားခဲ့သည်။ ဝေသာလီမြို့ဟောင်း တည်နေရာမှလည်းကောင်း၊ ရခိုင်ပြည်အရပ်ရပ် ဒေသများမှ လည်းကောင်း ယနေ့တိုင်အောင် ဝေသာလီခေတ်သုံးဒင်္ဂါးများ၊ ဝေသာလီခေတ်တွင် ရေးထိုးထားသောကျောက်စာ၊ ခေါင်းလောင်းစာ၊ ကြေးနီပြား စသည်တို့ကို ယခုတိုင်တွေ့ရှိနေဆဲပင်ဖြစ်သည်။ ဝေသာလီသည် မြန်မာနိင်ငံရှိ အခြားသော ယဉ်ကျေးမှုအုပ်စုများက ငွေကြေး အသုံးမပြုမီ နှစ်ပေါင်း ၁,ဝဝဝခန့် နီးပါးကတည်းက ငွေကြေးအသုံးပြုခဲ့သော ပထမဦးဆုံး [[ရခိုင်မင်းဆက်]] နိုင်ငံတော်အဖြစ် ထင်ရှားပြီး [[မြန်မာနိုင်ငံ|မြန်မာနိင်ငံ]]တစ်ဝှမ်းလုံးရှိ ရှေးအကျဆုံး မြို့တစ်မြို့လည်းဖြစ်သည်။
 
ဝေသာလီခေတ်ကို စိုးစံခဲ့သော ရခိုင်မင်းဆက်များအကြောင်းကို အခိုင်အမာ သက်သေထူလျှက် ယနေ့တိုင်အောင် တည်ရှိနေသော ကျောက်စာမှာ မြို့ဟောင်းမြို့ မြောက်ဦးမြို့ရှိ [[ရှစ်သောင်းဘုရား]]ရင်ပြင်တွင် တံခါးမုခ်တိုင်အဖြစ် စိုက်ထူထားသော အာနန္ဒစန္ဒြားမင်း ကျောက်စာပင်ဖြစ်သည်။ ဝေသာလီရခိုင်မင်းဆက်နိုင်ငံတော်မှာ ပင်လယ်ရပ်ခြား ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုး ထွန်းကားခဲ့ပြီး၊ အာရပ်နှင့် ပါရှန်ဘုရင့်နိုင်ငံတော်များအပြင် သည့်ထက်ဝေးလံသည့်တစ်ခြားကမ္ဘာ့တိုင်းပြည်များနှင့်လည်း ကုန်စည်များ ကူးသန်းရောင်းဝယ် တင်ပို့နိုင်ခဲ့သည်။<ref>[https://www.bbc.com/burmese/in-depth-47882338 ဘီဘီစီမြန်မာပိုင်းသတင်း ၁၀ ဧပြီ ၂၀၁၉]</ref>