မြန်မာနိုင်ငံ ဆန္ဒပြမှုများ (၂၀၂၁-လက်ရှိ): တည်းဖြတ်မှု မူကွဲများ

→‎သေဆုံးမှုများ: အသက် ၅၉ နှစ်အရွယ် အလယ်တန်းပြဆရာမ ဒေါ်တင်နွဲ့ရီ ကျဆုံးခဲ့ အပိုဒ်ကိုဖြည့်သွင်းခဲ့သည်။
စာကြောင်း ၁၇၄ -
[[File:Protest against military coup (9 Feb 2021, Hpa-An, Kayin State, Myanmar) (9).jpg | thumb | 220x124px | right]]
အာဏာသိမ်းမှုကိုဆန့်ကျင်သည့်အနေဖြင့် မြန်မာနိုင်ငံအရပ်ရပ်တွင် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ကြသည်။ ဆန္ဒပြပွဲများတွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်းများ၊ ထိုင်သပိတ်ပြုလုပ်ခြင်းများစွာပါဝင်သော်လည်း အာဏာပိုင်များဘက်က အင်အားအလုံးအရင်းဖြင့် ဖြိုခွင်းပစ်ခတ်ခဲ့ကြသည်။ ထို့ကြောင့် ဖေဖော်ဝါရီ ၉ တွင် [[မြသွဲ့သွဲ့ခိုင်]] သည်ပထမဆုံး သေဆုံးသူဖြစ်လာခဲ့၏ ။ ထို့နောက် ဆန္ဒပြသူများသာမက လမ်းသွားလမ်းလာများကိုပါ လုံခြုံရေးတာဝန်ယူသူများက ကျည်ဆန်အစစ်များကိုလည်းအသုံးပြု၍ ပစ်ခတ်နှိမ်နင်းကြသောကြောင့် လူသေဆုံးမှုနှုန်းများ မြင့်မားလာခဲ့သည်။ သွေးစွန်းသောတနင်္ဂနွေဟု အမည်တွင်ခဲ့ရသော ဖေဖော်ဝါရီ ၂၈ တွင် လမ်းသွားလမ်းလာအပါအဝင် ဆန္ဒပြပြည်သူပေါင်း အနည်းဆုံး (၁၈) ဦး သေဆုံးခဲ့ရသည်။ <ref>[https://www.bbc.com/news/amp/world-asia-56224151 In pictures: A bloody day in Myanmar's protests, BBC News]</ref>
ဖေဖော်ဝါရီ ၂၈၊ နံနက် ၈ နာရီခန့်တွင် [[ရန်ကုန်မြို့]]၊ အောက်ကြည့်မြင်တိုင်လမ်း၊ တိုင်းပညာရေးမှူးရုံးရှေ့၌ ဆန္ဒထုတ်ဖော်ရန် စုဝေးနေသော ပညာရေးဝန်ထမ်းများအား အာဏာပိုင်တပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများဖြင့် ရုတ်တရက် ပစ်ခတ်ဖြိုခွင်း လူစုခွဲခဲ့စဉ် အသက် ၅၉ နှစ်အရွယ် အလယ်တန်းပြဆရာမ ဒေါ်တင်နွဲ့ရီ ကျဆုံးခဲ့သည်။ စုဝေးနေသော ဒဆရာ၊ဆရာ၊ ဆရာမ ဦးရေ ၂၀၀ ခန့် ရှိသည့်လူစုလူဝေးအားရှိသည့် လူစုလူဝေးအား သတိပေးခြင်း တစ်စုံတစ်ရာရှိတစ်စုံတစ်ရာမရှိ ရုတ်တရက်အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်း ရုတ်တရက်အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ဖြစ်သည်။<ref>[https://www.myanmar-now.org/mm/news/5950|မတတ်မြောက်သည့် ပညာရေးစနစ်မှ လွတ်မြောက်လိုသူ ဆရာမ၏ နောက်ဆုံးခရီး ]</ref>
ထို့နောက် မတ် ၃ ၌ လုံခြုံရေး ရဲနှင့်စစ်သားတို့၏ ပစ်ခတ်မှုကြောင့် သေဆုံးသူပေါင်း (၃၈) ဦးခန့် သေဆုံးခဲ့ရသည်။<ref>[https://www.bbc.com/news/world-asia-56265962 Myanmar sees deadliest day as 38 protesters killed]</ref>