မဂဒူး မင်းဆက်: တည်းဖြတ်မှု မူကွဲများ

h
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီး Monaonh (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Aungookingofcelestials ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၁ -
<span lang="en" dir="ltr">အေ</span>ဒီအေဒီ (၁၁) ရာစုတွင် သုဝဏ္ဏဘူမိ ခေါ် [[သထုံမြို့]]ကို ပုဂံပြည့်ရှင် [[အနော်ရထာ]]မင်းကြီးက တိုက်ခိုက်ပြီးသည့်နောက်တွင် အောက်မြန်မာနိုင်ငံရှိ [[မွန်]]တို့မှာ တစ်ထီးတစ်နန်း နေထိုင်နိုင်သည့် အဆင့်မှ လျောကျခဲ့ရသည်။ ထို့အတူပြင် ယနေ့ [[ထိုင်းနိုင်ငံ]]အတွင်းရှိ မွန်တို့မှာလည်း မြောက်ဖက်မှ အလုံးအရင်း ဆင်းသက်လာကြသည့် ရှမ်း-ထိုင်း(တိုင်)အနွယ်တို့၏ နယ်ချဲ့မှုကို ခံရပြီး အေဒီ (၁၂) ရာစုအတွင်းတွင် အပြီးတိုင် ပြိုလဲရပြန်သည်။ ထို့နောက် [[မြန်မာနိုင်ငံ]]အတွင်းရှိ မွန်တို့မှာ ပုဂံလက်အောက်ခံ ဘဝရောက်နေရာမှ [[ပုဂံ]]အင်အားကျဆင်းချိန်၊ မွန်ဂိုတာတာ တို့၏ ရန်ကြောင့် ပုဂံ ပျက်ချိန်များတွင် ကိုယ်ပိုင်ထီးနန်းကို ပြန်လည် ထူထောင်ရန် ကြိုးပမ်းရာမှ မဂဒူး မင်းဆက် ပေါ်ထွန်းလာသည်။ မဂဒူး မင်းဆက်ကို [[ဗညားဝါရူး]] (ခေါ်) [[ဝါရီရူးမင်း]]က မုတ္တမမြို့မှ စတင်တည်ထောင်သည်။ ထိုမင်း၏ ငယ်အမည် မဂဒူးကိုအစွဲပြုကာ ၎င်းတည်ထောင်သည့် မင်းဆက်ကို မဂဒူးမင်းဆက်ဟု၎င်း၊ ဘွဲ့နာမည်ကို အစွဲပြုကာ ဝါရီရူးမင်းဆက် ဟု၎င်း ခေါ်ဝေါ်ကြသည်။ မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိ မင်းပြုကြသည်။ ပထမ မင်း (၇) ဆက်တိုင်မူလဖြစ်သည့် [[မုတ္တမမြို့]]တွင်သာ အစဉ်အဆက် မင်းပြုကာ ထီးနန်းစိုးစံခဲ့သော်လည်း (၈) ဆက်မြှောက်ဖြစ်သည့် ဆင်ဖြူရှင်ဗညားဦး(သုရှင်ဗညားဦး)လက်ထက်အရောက်တွင် လက်အောက်ခံမြို့စားများဖြစ်သည့် လောက်ဖျား၊ဥလို၊အဲဗြပန်ု နှင့် ဗြတ်ထဗ ညီနောင်များကပုန်ကန်သည့်အတွက် မုတ္တမမှ ဒုန်ဝန်း(ယခု [[ဝန်မြို့]])သို့ ပြောင်းရွှေ့စိုးစံရသည်။ သို့သော် ဝန်မြို့တွင်လည်း အချိန်များစွာမကြာလိုက်ပဲ စစ်ရှုံးပြန်သဖြင့် [[ဟံသာဝတီ]]([[ပဲခူးမြို့]])သို့ ပြောင်းရွှေ့ရပြန်သည်။ ထို ဆင်ဖြူရှင် ဗညားဦးနောက် နန်းတက်သည့် ဗညားနွဲ့ (ခေါ်) [[ရာဇာဓိရာဇ်]] လက်ထက်တွင် မဂဒူးမင်းဆက်၏ အထွန်းတောက်ဆုံး အချိန်ဖြစ်သကဲ့သို့ မွန်တို့အင်အား ကြီးမားလာခဲ့သည်။ ရာဇာဓိရာဇ်သည် ထိုစဉ်က [[အင်းဝ]]တွင် ထီးနန်းစိုးစံကြသည့် မင်းကြီးစွာ၊ ၎င်း၏သားတော်များ ဖြစ်သည့် ဆင်ဖြူရှင် နှင့် မင်းခေါင်(ငယ်အမည် မင်းဆွေ)တို့နှင့် စစ်ပြိုင်ပြုကာ ရာဇဝင်တွင် ထင်ရှားလှသည့် [[အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်]]ကြီးကို တိုက်ခိုက်ခဲ့ကြသည်။ ၁၈ ဆက်မြှောက်ဖြစ်သည့် သုရှင်တကာရွတ်ပိမင်း လက်ထက်အရောက်တွင်မူ [[တောင်ငူ]]မှ အင်အားကြီးမားလာသည့် [[တပင်ရွှေထီး]]၏အင်အားကိုမခံနိုင်ပဲ ကျဆုံးကာ မွန်တို့၏ မဂဒူးမင်းဆက်လည်း ပျက်သုဉ်းသွားခဲ့ရသည်။
 
= မဂဒူးမင်းဆက် ၁၈ ဆက် =