ပုလဲ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၀ -
[[File:largest_pearl01.jpg|left|thumb|ကမ္ဘာ့အကြီးဆုံး မြန်မာ့သဘာဝ ခွံကပ်ပုလဲကြီး(ဓါတ်ပုံ-myanmarpearls.com)]]
==ကမ္ဘာ့အကြီးဆုံး မြန်မာ့သဘာဝ ခွံကပ်ပုလဲကြီး==
*အရွယ်အစား= ၆၂-မီလီမီတာ×၅၀-မီလီမီတာ×၃၁-မီလီမီတာ၆.၂စင်တီမီတာ×၅.၃စင်တီမီတာ×၃စင်တီမီတာ
*ကာလာ = ငွေရောင်
*အလေးချိန် = ၁၆၈.၉၈ ဂရမ်
*တွေ့ရှိရာဒေသ = တနင်္သာရီတိုင်း၊ ကော့သောင်မြို့နယ်၊ ဇာတက်ကြီးကျွန်း အနောက်မြောက်ဘက်
*ထားရှိရာနေရာ = ရတနာပြတိုက်
ကမ္ဘာ့အကြီးဆုံး သဘာဝ ခွံကပ်ပုလဲရတနာကြီးကို မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် အကျိုးတူဆောင်ရွက်နေသော မြန်မာအင်ဒါမင်ပါး ကုမ္ပဏီလီမိတက်က တနင်္သာရီတိုင်း၊ ကော့သောင်မြို့နယ်၊ ဇာတက်ကြီးကျွန်း အနောက်မြောက်ဘက်ရှိ မတ်ကလောက်မုတ်ကောင် ငုတ်ကွက်ဧရိယာမှ ၂၀၀၁-ဧပြီလ(၁၈)ရက်နေ့တွင် ရှာဖွေတွေ့ရှိပြီး နိုင်ငံတော်သို့ အပ်နှံ့သည်။ သဘာဝပုလဲ ရတနာအမျိုးအစားဖြစ်ပြီး ငွေရောင်အဆင်းရှိသည်။ မိခင်မုတ်ကောင်အမျိုးအစားမှာ Pinctada Manima ဖြစ်သည်။ အရွယ်အစားမှာ အလျား ၆.၂စင်တီမီတာ၊ အနံ ၅.၃စင်တီမီတာ၊ အမြင့် ၃စင်တီမီတာ ရှိပြီး အလေးချိန် ၄၅.၀၆ မိုမီ၊ ကရက်အားဖြင့် ၈၄၅ ကရက်၊ ဂရမ်အားဖြင့် ၁၆၈.၉၈ ဂရမ်၊ ရတီအားဖြင့် ၉၂၉.၅၀ရတီ ရှိသည်။ <ref>၂၀၀၂-ခု၊ စွယ်စုံကျမ်းနှစ်ချုပ်</ref>
 
 
 
== ပုလဲဖြစ်ပေါ်ပုံ ==
"https://my.wikipedia.org/wiki/ပုလဲ" မှ ရယူရန်