အောင်လံဆရာတော်: တည်းဖြတ်မှု မူကွဲများ

"အရှင်စန္ဒိမာ(အ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁ -
{{အကိုးအကားမဲ့}}
အရှင်စန္ဒိမာ(အောင်လံ)ကို [[ပဲခူးတိုင်းဒေသကြီး]] [[သနပ္ပင်မြို့|သနပ်ပင်မြို့နယ်]] အနောက်တံခွန်တိုင်ကျေးရွာနေ ခမည်းတော် ဦးသိန်းအောင်၊ မယ်တော် ဒေါ်ခင်မြတို့မှ ကောဇာသက္ကရာဇ် (၁၃၁၄) ခုနှစ် ကဆုန်လပြည့်ကျော် (၅) ရက် နံနက် (၄) နာရီအချိန်တွင် မီးရှူးသန့်စင်ဖွားမြင်ခဲ့ပါသည်။ မွေးချင်း (၇) ယောက်ရှိသည့်အနက် တတိယမြောက်သားရတနာ ဖြစ်ပါသည်။ ငယ်စဉ်မှစ၍ လောကီအတန်းပညာများကို သင်ကြားခဲ့ပါသည်။ အသက် (၂၄) နှစ်အရွယ်တွင် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် [[မင်္ဂလာဒုံမြို့နယ်]]၊ ကျိုက္ကလဲ့ရွှေကျင်ကျောင်းကြီးတွင် ဘဒ္ဒန္တဇဝနကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘောင်သို့ တက်ခဲ့သည်။ သဲအင်းဂူဆရာတော်ဘုရားကြီး၏ တပည့် ဆရာတော်ဦးသီရိဓမ္မထံတွင် (၉) ရက် တရားစခန်းအားထုတ်ပြီး ၎င်းနှင့်အတူ မှော်ဘီသဲအင်းဂူဌာနချုပ်၌ ပထမဝါကပ်၍ တရားကျင့်ကြံအားထုတ်ခဲ့ပါသည်။ ဆရာတော်ဦးသီရိဓမ္မထံ၌ (၅) နှစ်တာ တရားအားထုတ်ရင်း သာသနာပြုခဲ့ပါသည်။