ဦးဃောသိတ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{Cleanup}}
= ငယ်ဘဝ =
{{unreferenced}}
ဆရာတော်သည် [[မကွေးတိုင်းဒေသကြီး]]၊ [[တောင်တွင်းကြီးမြို့|တောင်တွင်းကြီး]]၊ မြို့သစ်မြို့နယ်၊ ဖိုကြီးကျေးရွာတွင် ၁၂၉၂-ခု၊ ကဆုန်လ္ဆန်း(၉)ရက်၊ တနင်္လာနေ့တွင် ဖွားမြင်ခဲ့သည်။ မိဘများသည် ဦးဘိုးချီ+ဒေါ်ဆယ်မိတို့ ဖြစ်ကြသည်။
 
{{Infobox religious biography
| religion = ဗုဒ္ဓဘာသာ
Line ၁၄ ⟶ ၁၃:
| teachers = မဟာဂန္ဓာရုံဆရာတော်
}}
 
== ငယ်ဘဝ ==
ဆရာတော်သည် [[မကွေးတိုင်းဒေသကြီး]]၊ [[တောင်တွင်းကြီးမြို့|တောင်တွင်းကြီး]]၊ မြို့သစ်မြို့နယ်၊ ဖိုကြီးကျေးရွာတွင် ၁၂၉၂-ခု၊ ကဆုန်လ္ဆန်း(၉)ရက်၊ တနင်္လာနေ့တွင် ဖွားမြင်ခဲ့သည်။ မိဘများသည် ဦးဘိုးချီ+ဒေါ်ဆယ်မိတို့ ဖြစ်ကြသည်။
 
 
 
မွေးချင်း(၇)ယောက်အနက် စတုတ္ထမြောက် သားရတနာဖြစ်ပါသည်။ အံ့ဩစရာ ကောင်းသည့်အချက်ကား [[သနပ်ခါး]]အလိမ်းမခံတတ်။ အလွန်ရှက်တတ်သည်။ (၇)နှစ်သားအရွယ်တွင် အစ်ကိုများနှင့်အတူ ဖိုကြီးရွာမ အနောက်ကျောင်းသို့ ပညာသင်ကြားရန် လိုက်ရသည်။ ကျောင်းထိုင်ဆရာတော်ကြီး ဦးနန္ဒိယ၊ လက်ထောက်ဘုန်းတော်ကြီး ဦးဝိမလတို့ထံတွင် [[မြန်မာဘာသာစကား|မြန်မာစာ]]၊ [[သင်္ချာ|သင်္ချာ၊]] [[မင်္ဂလသုတ်]]၊ [[ပရိတ်ကြီး ၁၁ သုတ်|ပရိတ်ကြီး]]၊ [[အတွင်းအောင်ခြင်း ၈-ပါး|အတွင်းအောင်ခြင်း]]၊ အပြင်အောင်ခြင်း၊ မဟာနမက္ကာရ၊ [[လောကနီတိ]]နှင့် [[ငါးရာ့ငါးဆယ် နိပါတ်တော်|ငါးရာ့ငါးဆယ် ဇာတ်တော်များ]]ကို သင်ပြပေးပါသည်။ ငယ်စဉ်က အိမ်သို့ပြန်ရောက်လျင် မွေးချင်းများကို ပုံပြင်ပြန်ပြောပြလေ့ရှိသည်။ စာတစ်ကြောင်းပြီးတိုင်း "အင်း" ဟု အသံရှည်ရှည်ဖြင့်ပြောရသည်။ သို့မှသာ သူကျေနပ်သည်။ စာဖတ်ဝါသနာလည်း ကြီးသည်။ ရတနာ့ဂုဏ်ရည် စာအုပ်ကို အလွန်ဖတ်သည်။ ရတနာ့ဂုဏ်ရည်စာအုပ်ကို ရေးသားပြုစုတော်မူသော [[ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)|မဟာဂန္ဓာရုံဆရာတော်]]ကို အလွန်ဖူးခြင်သည်။ အားလျင် ညီအစ်ကိုများ တိုင်ပင်ပြီး ကဗျာရေးကာ ခဲတံတစ်ချောင်းနှင့် စီးချက်ဝါးချက်လိုက်လေ့ရှိသည်။
 
== ပရိယတ္တိစာပေသင်ယူခြင်း ==
အသက်(၁၂)နှစ်သို့ရောက်သောအခါ ထိုကျောင်းတွင်ပင် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူလျက် လက်ထောက်ဆရာတော်ဦးဝိမလ၏ ဥပဇ္ဈာယ်ကို ခံယူပြီး ရဟန်းအဖြစ်သို့ရောက်ခဲ့ပါသည်။ သက်တော် (၁၆)နှစ်အရွယ်ခန့်တွင် နောင်တော်ရင်း မင်္ဂလာတိုက် စာချဆရာတော် ဖြစ်နေသော ဦးသုမန က [[ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)|မဟာဂန္ဓာရုံဆရာတော်]]ထံသို့ အပ်နှံသည်။ ဆရာတော်ကို ဖူးခြင်သောဆန္ဒ ပြည့်ဝသွားသည်။ ထိုစဉ်က သံဃာ(၂၅)ခန့်သာရှိသေးသည်။ သူငယ်ချင်းမရှိသဖြင့် ကျန်သောအချိန်များတွင် ကျောင်းပေါ်တွင်သာ နေလေ့ရှိသည်။ နောက်ပိုင်းတွင် နာယကတစ်ပါးဖြစ်လာမည့် ကိုရင်ကုဏ္ဍလ ([[ကုဏ္ဍလာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)|ဦးကုဏ္ဍလာဘိဝံသ]])၊ ကိုရင်ကဝိသာရ (နောင်သောအခါ ဝေဇယန္တာဆရာတော်)တို့နှင့် သူငယ်ချင်းဖြစ်လာသည်။ တစ်ခါက ([[ကုဏ္ဍလာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)|ဦးကုဏ္ဍလာဘိဝံသ]]) ကိုရင်ကုဏ္ဍလ က စစ်ကိုင်းတွင် ပဌာန်းသွားလိုက်ကြသည့် သံဃာများကို "မြို့ကိုသာ ကျင်ခွါမြန်းပါတဲ့ ကိုယ့်လိုဆရာတွေ သေလာစခန်းဆီသို့ သေချာညွန်းပါလို့ မေတ္တာဝေ" ဟုရေးရာ သေချာညွန်းပါလို့ကို အဝေရာညွန်းပါလို့ဟု ပြင်ရန် ပြောဖူးပါသည်။ ကျောင်းစည်းကမ်းအရ ပရိယတ္တိစာပေကလွဲပြီး ကျန်တာ ဘာမျှလုပ်မရသော်လည်း ဆောင်းပါးများ မသိမသာရေးသည်။ ရံခါ ရွှေတံဆိပ်ဆုများရသည်။ တစ်နေ့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ ဆောင်းပါးရေးရာ ဆရာတော်ကြီးဖတ်သော သတင်းစာတွင်ပါလာသည်။ ဆရာတော်ကြီးက ငယ်သေးသဖြင့် မရေးရန် တားမြစ်လေသည်။ ၁၃၁၇- ရဟန်းဖြစ်ပြီးစ အချိန်တွင် သာသနဓဇသိရီပဝရဓမ္မာစရိယ ဘွဲ့ကိုရလေသည်။ စာရေးဝါသနာပါသောကြောင့် ဆရာတော်ကြီးက အလင်္ကာ ဘာသာဋီကာ ကိုသင်ကြားပေးခဲ့ပါသည်။ သင်ကြားရင်းပင် အလင်္ကာဘာသာဋီကာကျမ်းကို အကြမ်းရေးသားပြီး အချောသပ်ခွင့်ပေးသဖြင့် အချောသပ်ကာ ဆရာတော်ကြီးနှင့်အတူ ကျမ်းစာများ ကူညီရေးသားခဲ့ပါသည်။ ထို့နောက် ရန်ကုန်သို့ အင်္ဂလိပ်စာ သင်ယူရန် သွားခဲ့သည်။ အပရဂေါယာနကျောင်းတွင် သင်ယူခဲ့သည်။ ယခုလက်ရှိ ရွှေကျင်သာသနာပိုင် ဆရာတော်ဖြစ်သော ဝိဇ္ဇောတာရုံဆရာတော်သည်လည်း အတူ သင်ယူနေခိုက်ဖြစ်သည်။ ၁၃၃၆-ခုတွင် ဗုဒ္ဓဒေသနာ ဒီပလိုမာဘွဲ့ (Dip. B.d)ကို ရခဲ့ပါသည်။
 
== သာသနာပြုလုပ်ငန်းများ ==
ထို့နောက်ကမ္ဘာအေး၊ ရေးကူးရပ်တွင် သံဃာ့တက္ကသိုလ်တည်ထောင်ကာ နှစ်(၃၀)ခန့် စာပေပို့ချခဲ့ပါသည်။ စခါစတွင် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း အဖြစ်စခဲ့သည်။ ကျောင်းထိုင်ဘုန်းကြီးများတတ်သင့်၊တတ်ထိုက်သော ပညာများနှင့်အတူ စာရေးနည်း၊ တရားဟောနည်းတို့နှင့် အင်္ဂလိပ်စာကိုပါ သင်ကြားခဲ့သည်။ နောက်ပိုင်းတွင် ပဋိပတ်နယ်သို့ အားဝင်လာသောကြောင့် [[ရန်ကုန်မြို့]]၊ [[ဗဟန်းမြို့နယ်|ဗဟန်း]]၊ နတ်မောက်လမ်း၊ မိုးကုတ်ဝိပဿနာဌာနချုပ်သို့ ရောက်ရှိခဲ့ပါသည်။ ထိုစဉ်က မိုးကုတ်အမာခံဆရာတော် ဦးဓမ္မိသရ ပျံလွန်တော်မူပြီး ဖြစ်သည်။ ဦးဇနိတာလင်္ကာရနှင့် ဦးဓမ္မသာရ နှစ်ပါးတည်းအခက်ကြုံနေစဉ် ဦးဃောသိတ တပ်ကူရောက်လာသည်။ ထို့နောက် အပါတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်း ပျံလွန်တော်မူသည်အထိ တရားတော်များ ဟောကြားခဲ့သည်။ ဆရာတော်သည် [[ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)|မဟာဂန္ဓာရုံဆရာတော်ကြီး]]၏ တစ်ဘဝသာသနာ၊ [[ဝိမလ၊ ဦး (မိုးကုတ်ဆရာတော်ဘုရားကြီး)|မိုးကုတ်ဆရာတော်ကြီး]]၏ တစ်ဘဝသာသနာ ကျမ်းစာအုပ်များကို ရေးသားခဲ့သည်။ နိုင်ငံတော်က ဆပ်ကပ်သော [[အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်|အဂ္ဂမဟာကမ္မဌာနာစရိယ]] ဘွဲ့ကိုလည်း ရရှိခဲ့ပါသည်။
 
== ဘဝနတ်ထံစံလွန်တော်မူခြင်း ==
ဆရာတော်သည် ၇.၂.၂၀၀၇ ခုတွင်ခုနှစ် ဆရာတော်ကိုယ်တိုင်ရေးသားထားသည့်ဖေဖော်ဝါရီလ "မနက်ဖြန်ဆိုတာ တစ်နေ့တာသည့် သည်ကာလနောက် ညဥ့်မှောင်ရောက်၍ နောက်နေ့နံနက် အရုဏ်တက်မှာ ဆက်ဆက်ရောက်လာ ခရီးကြာ၏။ သို့ပါသော်လည်း မသဲကွဲသည့် ရောက်မြဲဌာန နောက်ဘဝကား ခဏခရီး ရောက်ဖို့နီးသည် ကွေးပြီးသောလက် မဆန့်မီ ဆန့်ပြီးသောလက် မကွေးမီ ဝေးလှပါပြီတကား"ဆိုသည့်အတိုင်းရက်နေ့တွင် ပျံလွန်တော်မူလေသည်။ပျံလွန်တော်မူခဲ့လေသည်။ ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် မြဝတီရုပ်မြင်သံကြားက ရုပ်ရှင်ရိုက်ကူးခဲ့သည်။
 
[[ကဏ္ဍ:၁၉၃၀ မွေးဖွားသူများ]]
[[ကဏ္ဍ:၂၀၀၇ ကွယ်လွန်သူများ]]
[[ကဏ္ဍ:မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များ]]
[[ကဏ္ဍ:ဗုဒ္ဓဘာသာရဟန်းများ]]
[[ကဏ္ဍ:မြန်မာ အမျိုးသား စာရေးဆရာများ]]