ဦးခန္တီ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၆ -
ဦးခန္တီသည် အရပ်အမောင်း ၆ ပေကျော် ရှိသည်။ သေးသွယ်သော မျက်နှာ၊ ဖြောင့်စင်းသော နှာတံ၊ ကျယ်ပြန့်သော နဖူး၊ ရှည်၍ ကားသော နားရွက်၊ ချွန်သော ဦးခေါင်းနှင့် သွယ်ပျောင်းသော လက်တံ ခြေတံများ ရှိသည်။ တည်ငြိမ်သော အသွင်၊ အေးမြသော အမှုအရာများ ရှိသည်။ စကား ပြောရာတွင် ဖြည်းဖြည်းနှင့် အေးဆေးစွာ တလုံးချင်း ပြောလေ့ ရှိသည်။
 
==ဘဝနိဂုံး==
 
ဒုတိယ ကမ္ဘာစစ်ကြီး အပြီး၌ ရသေ့ကြီး ဦးခန္တီသည် စစ်ဒဏ်ကြောင့် မိမိ ကောင်းမှုများ ပျက်စီး သည်ကို အသစ် ပြန်လည် ပြင်ဆင် မွမ်းမံ ခဲ့သည်။ ဤသို့ ပြင်ဆင် မွမ်းမံရင်းပင် အဆောက်အအုံ အသစ်များ ကိုလည်း ထပ်မံ တည်ဆောက်ရန် စီမံ စိုင်းပြင်း ခဲ့သည်။စိုင်းပြင်းခဲ့သည်။ ယင်းသို့ စီမံ ဆဲ၌ပင် ၁၃၀၇ ခုနှစ် လောက်က စွဲကပ်သော လေငန်း ရောဂါ ဝေဒနာကြောင့် ကိုယ်တခြမ်း အနည်းငယ် သေနေရာမှ ၁၃၁ဝ ပြည့်နှစ် ပြာသို လပြည့်ကျော် ၁၄ ရက် ည အသက် ၈၁ နှစ် အရွယ်တွင် ဥတုဇရုပ် ကလာပ် ချုပ်ငြိမ်းခြင်းသို့ ရောက်သည်။ ရသေ့ကြီး၏ ရုပ်ကလာပ်ကို ၂ နှစ်တိုင်တိုင် ပူဇော် ကန်တော့ ကြ၍ နိုင်ငံတော် အစိုးရက ထောက်ပံ့ အလှူတော်ငွေ ၅၀၀ဝ ကျပ် အရပ်ရပ် ဈာပန အလှူတော် ရန်ပုံငွေများ စုပေါင်းလျက် ၁၃၁၂ ခုနှစ်၊ တပို့တွဲ လဆန်း ၈ ရက်နေ့မှ တပို့တွဲ လပြည့်နေ့ အထိ ခမ်းနား သိုက်မြိုက်စွာ သင်္ဂြိုဟ်ခြင်း ပြုခဲ့ကြ၏။ <ref>၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စပယ်ဦး စာပေ ဖြန့်ချီရေးက တတိယ အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ရွှေဥဩ ပြုစုတဲ့ 'တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ'</ref>--[[User:Mayor mt|Mayor mt]] 06:08, 22 မတ် 2010 (UTC)