လိပ်: တည်းဖြတ်မှု မူကွဲများ

→‎သားပေါက်ခြင်းနှင့် သက်တမ်း: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
ရင်းမြစ် 0 ခုကို ကယ်ဆယ်ပြီး 1 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8
စာကြောင်း ၃၉ -
လိပ်မျိုးစိတ်အများစုမှာ အ စုံစား (Omnivorous) လိပ်များ ဖြစ်ကြပြီး အချို့သော လိပ်မျိုး စိတ်များမှာ အသီးအရွက်စား (Herbivorous) လိပ်နှင့် အသား စား (Carnivorous) လိပ်မျိုးစိတ် များဖြစ်ကြပါသည်။ လိပ်များ၏ ပါးစပ်တွင် သွားများမပါရှိဘဲ အ ရိုးကဲ့သို့မာကျောသော နှုတ်ခမ်း များဖြင့်အစာကို ကိုက်ဖြတ်စား သောက်ကြပါသည်။ ကုန်းလိပ် (Tortoise) အများစုမှာ အသီးအ ရွက်စားလိပ်များ (Mostly vegetarian) ဖြစ်ကြပြီး ရေလိပ် (Turtle) အများစုမှာ အစုံစား (Generally omnivores) လိပ် များဖြစ်ကြပါသည်။
 
ကမ္ဘာပေါ်တွင်လိပ်မျိုးစိတ် ပေါင်း ၃၀၀ ခန့် ပေါက်ပွားရှင်သန် နေထိုင်ကြောင်း ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့ (Inter- national Union For Conser- vation Of Nature and Natu- ral Resources-IUCN) ၏ မှတ်တမ်းများအရသိရှိရပြီး မြန်မာ နိုင်ငံတွင် ပင်လယ်လိပ်ငါးမျိုး၊ ကုန်းလိပ်နှင့် ရေလိပ် ၂၇ မျိုး စုစု ပေါင်း ၃၂ မျိုးပေါက်ပွားရှင်သန် ကြောင်း၊ ကုန်းလိပ်နှင့်ရေလိပ်၂၇မျိုးတွင် ကမ္ဘာပေါ်တွင် မည်သည့် နေရာမျှမရှိ မြန်မာနိုင်ငံတွင်သာ ရှိသည့် ဒေသရင်းလိပ်မျိုးစိတ်ရှစ် မျိုးပါဝင်ကြောင်း သားငှက်ထိန်း သိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအ စဉ်) Wildlife Conservation Society-WCS (Myanmar Program) မှ ရေးသားပြုစုထား သည့် မြန်မာ့လိပ်များစာအုပ်မှ သိရှိရပါသည်။<ref>https://7day.news/search/result?term=world%20turtle%20day{{Dead link|date=April 2021 }}</ref>
 
ကုန်းလိပ် (Tortoise) များ ၏ ရှေ့ခြေနှင့် နောက်ခြေထောက် တို့တွင် အကြေးခွံများဖြင့် ဖုံးအုပ် ထားပြီး ခြေထောက်များမှာ တုတ် ခိုင်၍ ဆင်ခြေထောက်ပုံဏ္ဌာန်ရှိ ပါသည်။ ရေလိပ်(Turtle)များ၏ ရှေ့ခြေနှင့် နောက်ခြေထောက်တို့ တွင် ကုန်းလိပ်များကဲ့သို့ အကြေး ခွံများမပါရှိပေ၊ ခြေချောင်းလေး များကို အရေပြားများနှင့် ဆက် သွယ်ထားပြီး ဘဲခြေထောက်ကဲ့ သို့ ရေယက်တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) ရေယက်များအပြည့် ပါရှိသည့်အတွက် ကုန်းလိပ် (Tortoise) နှင့် ရေလိပ် (Turtle) ကို လွယ်ကူစွာ ခွဲခြားသိရှိနိုင်ပါ သည်။ ကုန်းလိပ် (Tortoise) များ သည်ကုန်းပေါ်တွင်သာ ရှင်သန် ကျက်စားနေထိုင်ပြီး ရေလိပ် (Turtle) များသည် ရေထဲတွင် သာ ရှင်သန်ကျက်စားနေထိုင်ပါ သည်။ ဥဥရာသီတွင် ကုန်းလိပ်၊ ရေလိပ်၊ ပင်လယ်လိပ်များအား လုံး ကုန်းပေါ်သို့တက်၍ ဥဥ မျိုး ပွားကြပါသည်။
"https://my.wikipedia.org/wiki/လိပ်" မှ ရယူရန်