ဗဟိန်း၊ ကို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မှုး +မှူး)
ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8
စာကြောင်း ၄ -
ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာဆည်းပူး၍ ၁၉၃၈-၃၉ ခုတွင် တကသ အမှုဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)ဥက္ကဋ္ဌ [[ဗိုလ်ချုပ်အောင်ဆန်း|ကိုအောင်ဆန်း]] နုတ်ထွက်သွားသဖြင့် ကိုဗဟိန်းသည် ဥက္ကဋ္ဌ တာဝန်ကို ၁၉၃၈ ခုနှစ်တွင် တာဝန်ယူခဲ့သည်။
 
၁၉၃၈ ခုနှစ်၌ ရေနံမြေ သပိတ် ပေါ်ပေါက်ခဲ့သည်။ ရေနံမြေ သပိတ်သမားများသည် [[ရန်ကုန်မြို့]]သို့ ချီတက် ဆန္ဒပြရန်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ရေနံချောင်းမြို့မှ ထွက်ခဲ့ကြသည်။ ဥက္ကဋ္ဌ ကိုဗဟိန်းနှင့် ကိုဗဆွေတို့သည် [[ရေနံချောင်းမြို့]]တွင် ပေါ်ပေါက်လျက်ရှိသော ကျောင်းသား သပိတ်အရေးနှင့် ရေနံမြေမှ ချီတက်လာသော သပိတ်သမားများ အရေးကို စုံစမ်းရန်ခရီးထွက်ခဲ့ကြသည်။ [[မကွေးမြို့]]၌ ရေနံမြေမှ ချီတက်လာသော သပိတ်သမားများအား တရားဟောနေစဉ်၊ အဖမ်းခံခဲ့ရလေသည်။ တရားဟောနေစဉ် {{cquote|'''မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်'''}}လို့ ရဲရဲတောက်စကား ပြောကြားခဲ့ပါတယ်။<ref name="ref1">{{cite web|url= http://www.naytthit.net/?p=26658|title= ဖက်ဆစ်တော်လှန်ရေးနှင့် သခင်ဗဟိန်း၊ အောင်မြင့်ဦး (မဟာဝိဇ္ဇာ)|accessdate= ၁|accessdaymonth= မေ|accessyear= ၂၀၁၂|archivedate= 9 June 2012|archiveurl= https://web.archive.org/web/20120609164748/http://www.naytthit.net/?p=26658}}</ref> သမဂ္ဂ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအား ဖမ်းဆီးသဖြင့် ကျောင်းသား သပိတ် ပေါ်ပေါက်ခဲ့လေသည်။
 
ကျောင်းသားများသည် အတွင်းဝန်များရုံး သို့ ချီတက် ဆန္ဒပြကြရာ၊ ဂေါ်ရာစာသင်များက မြင်းနှင့်တိုက်၊ နံပါတ်တုတ်နှင့် ရိုက်သဖြင့်၊ ဂျပ်ဆင်ကောလိပ်မှ [[ဗိုလ်အောင်ကျော်|ကိုအောင်ကျော်]] ကျဆုံးခဲ့သည်။ ကျောင်းသားအများအပြား ဒဏ်ရာရခဲ့ကြသည်။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား သပိတ်ပေါင်းစုံ စုစည်းမိကာ၊ [[၁၃၀၀ ပြည့် အရေးတော်ပုံ]]ဟု သမိုင်းဝင် မှတ်တမ်းတင်ခဲ့ကြရသည်။ ကျောင်းသူ၊ ကျောင်းသားများ မြို့မသပိတ်စခန်းတွင် အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။ ဒေါက်တာဘမော် အစိုးရ ပြုတ်ကျ၍ ဦးပုအစိုးရ တက်ပြီး၊ ကျောင်းသား သပိတ်အရေး ပြီးဆုံးခဲ့ရလေသည်။