သီပေါမင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး 169.197.122.89 (ဆွေးနွေး) ၏ တည်းဖြတ်မူ 652832 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၂၈ -
'''သီပေါမင်း''' (၁၈၇၈-၁၈၈၅) သည် [[ကုန်းဘောင်မင်းဆက်]]၏ နောက်ဆုံးမင်းဖြစ်ပြီး မြန်မာဘုရင်စနစ်၏ နောက်ဆုံးမင်းလည်းဖြစ်သည်။ ဘွဲ့တော်မှာ '''သိရီပဝရ ဝိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ''' ဖြစ်ပြီး နန်းသက် ခုနစ်နှစ်ဖြစ်သည်။
 
[[မင်းတုန်းမင်း]]နှင့် [[လောင်းရှည်မိဖုရား]]တို့၏ သားတော်ဖြစ်ပြီး နံတော် စနေသား၊ ငယ်အမည် မောင်မျိုးဆက် ဖြစ်လေသည်။ ငယ်စဉ်အခါက ဘာသာရေးနှင့် စာပေအရာ၌ ထူးချွန်သူဖြစ်သည်။ ထီးနန်းဆက်ခံရန် အလားအလာ အလွန်နည်းသော်လည်း မိဖုရားခေါင်ကြီး [[ဆင်ဖြူမရှင်]]၏ သမီးတော် [[စုဖုရားလတ်]]နှင့် ရည်ငံနေခြင်းကြောင့်၎င်း၊ စည်းမျဉ်းခံဘုရင်စနစ်ကို အသက်သွင်းလိုသည့် [[ကင်းဝန်မင်းကြီးဦးကောင်း]]က သူ၏ပျော့ပျောင်းမှုကို လိုလားသည်ကြောင့်၎င်း အခြားမင်းညီမင်းသားများကို ကျော်ဖြတ်ကာ ထီးနန်းဆက်ခံခွင့် ရခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် [[မန္တလေး]][[ရတနာပုံနေပြည်တော်]]သို့ အင်္ဂလိပ်တို့ ကျူးကျော်တိုက်ခိုက်ပြီးနောက် မိဖုရားခေါင်ကြီး စုဖုရားလတ်နှင့်အတူ [[အိန္ဒိယနိုင်ငံ]]၊ [[ရတနာဂီရိ]]သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ သီပေါမင်း ကို မဖမ်းခင် တဘောင် တခုချခဲ့သည် နောက် နှစ်နှစ်ရာဝယ် ဗမာသည် ယိုးဒယား ခမာများကိုအုပ်စိုးပြိ တရုတ်တို့အားတို်ကခိုက်ခဲ့သော မင်းလောင်းပေါ် လတံ ဟု ချခဲ့သည်
 
== နန်းတက်စ အခြေအနေ ==