ဗိုလ်ဆွန်ပက်: တည်းဖြတ်မှု မူကွဲများ

"ဗိုလ်ဆွန်ပက် ခ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{ကိုးကားခြင်းမဲ့}}
ဗိုလ်ဆွန်ပက် ခေါ် ကြွမ်ဘိ (Cawn Bik) ကို ချင်းတောင်၊ ဖလမ်းနယ်၊ တာစွန်းရွာ၌ တာစွန်းချင်းမျိုးနွယ်ခေါင်းဆောင် ဦးကိပ်ဘိတ် နှင့် ဒေါ်ဇတိလ် တို့မှ ၁၈၃၄-ခုနှစ်တွင် မွေးဖွားခဲ့သည်။ (*မွေးသက္ကရာဇ်_မူကွဲများလည်း_တွေ့ရှိရ) ကြွမ်ဘိ အသက် ၂၂-နှစ်အရွယ်တွင် ဖခင်၏ အရိုက်အရာကို ဆက်ခံကာ တာစွန်းချင်းမျိုးနွယ်စုတို့၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ (ဗြိတိသျှတပ်များ ချင်းတောင်တန်းကို ဝင်ရောက်လာသည့် အကြောင်းအရာများကို စတုတ္ထတန်း လူမှုရေးပြဋ္ဌာန်းစာအုပ်တွင် ဖတ်ရှုလေ့လာနိုင်ပါသည်) ကြွမ်ဘိသည် ဗြိတိသျှတပ်များကို ဟောက်မန်း၊ ဆွန်အွန်၊ ကိမ်းလန်း စသော ချင်းတိုင်းရင်းသား ခေါင်းဆောင်များနှင့် ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့သည်။ ပုဂံ၊ မြင်းခြံနယ်မှ ဆုတ်ခွာလာသော [[ရွှေချိုးဖြူမင်းသား]]နှင့်လည်း ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့သည်။ ဗြိတိသျှများသည် ကြွမ်ဘိကို မဖမ်းနိုင်သောအခါ ကြွမ်ဘိ၏ သားဖြစ်သူ ဗန်မွန်း (ဗန်မှုန်း) အား ဖမ်းဆီးခဲ့သည်။ ဗန်မွန်းသည် ဖခင်ဖြစ်သူ ကြွမ်ဘိအား လွတ်ငြိမ်းချမ်းသာခွင့် ပေးပါက ချင်းတိုင်းရင်းသားများ လက်နက်ချမည်ဟု ကတိပေးခဲ့သည်။ ဗန်မွန်း၏ ကတိစကားကို ဗြိတိသျှတို့က လက်ခံခဲ့သဖြင့် ကြွမ်ဘိ၏ နယ်ချဲ့ဆန့်ကျင်ရေးမှာ ရပ်စဲသွားခဲ့ရလေသည်။
ကြွမ်ဘိတွင် ဒေါ်ကိန်းကြွယ် နှင့် အခြားဇနီးတစ်ယောက်ရှိပြီး သားသမီး ၆ ဦးရှိသည်။ သားသမီးများတွင် ဗန်းမွန်းမှာ အထင်ရှားဆုံးဖြစ်သည်။ ကြွမ်ဘိသည် ၁၉၁၀ ပြည့်နှစ်၊ ဧပြီလ ၁၁ ရက်နေ့ အသက် ၇၆ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ (*ကွယ်လွန်သည့်_ရက်စွဲ_မူကွဲများ_တွေ့ရှိရ) အင်္ဂလိပ်မှတ်တမ်းများတွင် Cawn Bik (ကြွမ်ဘိ) သို့မဟုတ် Sonpek ဟု ရေးထားသဖြင့် ဗိုလ်ဆွန်ပက် အမည်ဖြင့် လူသိများသည်။
 
{{Lifetime|၁၈၃၄|၁၉၁၀}}