အာဋာနာဋိယ သုတ်: တည်းဖြတ်မှု မူကွဲများ

"== ဒီဃနိကာယ် အာဋ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၈:၄၈၊ ၃၀ ဧပြီ ၂၀၂၁ ရက်နေ့က မူ

ဒီဃနိကာယ် အာဋာနာဋိယသုတ်

အာဋာနာဋိယသုတ်တော်၏ပထမအပိုင်း

သင်္ဂါယနာမှတ်တမ်းနှင့် နတ်မင်းကြီးလေးပါးများအကြောင်း

အရှင်အာနန္ဒာ-“အရှင်မဟာကဿပမထေရ်ဘုရား။ကျွန်ုပ်သည် ဤသို့အတိုင်းအရှည်ရှိသည့်စကားတော်အား မြတ်စွာဘုရားထံမှ ကြားနာခဲ့ရ၏။

မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၏ လင်းတ၏ဦးခေါင်းပုံသဏ္ဍာန်နှင့်တူသည့် ဂိဇ္ဈကုဋ်အမည်ရှိသည့်တောင်၌ သီတင်းသုံးတော်မူစဉ် ညအချိန်၌ (ဓတရဋ္ဌ၊ဝိရုဠက၊ဝိရုပက္ခ၊ကုဝေရမည်သော) နတ်မင်းကြီးလေးယောက်တို့သည်

မြို့တံခါးအတွင်းဘက်လေးမျက်နှာ၌ ဘီလူး ဂန္ဓဗ္ဗ၊ကုမ္ဘဏ်၊နဂါးတို့ဖြင့် ဖွဲ့စည်းထားအပ်သော မိမိတို့၏ ကိုယ်ရံတော်စစ်သည်တပ်များကို နေစေ၍လည်းကောင်း၊ မြို့တံခါးအနီးအရပ်တွင်လည်း ဘီလူး ဂန္ဓဗ္ဗ၊ကုမ္ဘဏ်၊နဂါးတို့ဖြင့် ဖွဲ့စည်းထားအပ်သော တပ်ပေါင်းစု စတုမဟာရာဇ်နတ်မြို့တော်စောင့်တပ်များကို နေစေ၍လည်းကောင်း၊ မြို့တံခါး၏အပြင်ဘက်အရပ်လေးမျက်နှာတွင် ဘီလူး ဂန္ဓဗ္ဗ၊ကုမ္ဘဏ်၊နဂါးတို့ဖြင့် ဖွဲ့စည်းထားအပ်သောကင်းထောက်တပ်ကိုနေစေ၍လည်းကောင်း အစောင့်အဖြစ်ခေတ္တခန့်ထားချပြီးနောက်

ဂိဇ္ဈကုဋ်တောင်တစ်တောင်လုံးအား ထွန်းလင်းသွားလောက်သည် နှစ်သက်ဖွယ်အဆင်းအလင်းတို့ဖြင့် လင်းထိန်စေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ဝန်းရံကာ မြတ်စွာဘုရားအား ရိုသေစွာရှိခိုးပြီးနောက် တစ်ခုသောနေရာ၌ ထိုင်ကြကုန်၏။

(ထိုနတ်မင်းလေးယောက်တို့၏ အခြွေအရံအစေအပါးလက်ထောက်ဖြစ်သော နတ်တို့မှ) အချို့သောနတ်များသည် ရှိခိုးပြီး တစ်နေရာ၌ထိုင်ကြ၏။ အချို့သောနတ်များသည် မြတ်စွာဘုရားနှင့် ဝမ်းမြောက်ခင်မင်ဖွယ်သောစကားများအပြန်အလှန်နှုတ်ဆက်ပြောဆိုပြီး တစ်နေရာ၌ထိုင်နေကြ၏။

အချို့သောနတ်များသည် မြတ်စွာဘုရားအား လက်အုပ်ချီလျက် တစ်နေရာ၌ထိုင်နေကြ၏။

အချို့သောနတ်များသည် မိမိတို့၏အမည်နှင့်မျိုးနွယ်များကို မြတ်စွာဘုရားသိစေရန်အလို့ငှာ ပြောကြားပြီးနောက် တစ်နေရာ၌ထိုင်နေကြ၏။

အချို့သောနတ်များသည် တစ်နေရာ၌ တည်ငြိမ်တိတ်ဆိတ်စွာထိုင်နေ၏။

ဝေဿဝဏ္ဏနတ်မင်းကြီးက မြတ်စွာဘုရားအား ပရိတ်အရံအတားခွင့်ပြုရန် လျှောက်ထားခြင်း

ထိုင်နေသောနတ်မင်းကြီးလေးပါးများအနက် ဝေသာဝဏ္ဏမည်သော ကုဝေရနတ်မင်းကြီးသည်-

“အရှင်ဘုရား။ မြတ်စွာဘုရားအား မကြည်ညိုသော တန်ခိုးကြီးဘီလူးတို့သည်လည်းကောင်း၊တန်ခိုးအလတ်ရှိသောဘီလူးတို့သည်လည်းကောင်း၊ အနည်းအငယ်သောတန်ခိုးသာရှိသည့်ဘီလူးတို့သည်လည်းကောင်း ထိုဘီလူးဆိုးတို့သည် ဤလောက၌ရှိပါ၏။

ထို့အပြင်လည်း မြတ်စွာဘုရားအား ကြည်ညိုသော တန်ခိုးကြီးဘီလူးတို့သည်လည်းကောင်း၊ တန်ခိုးအလတ်ရှိသောဘီလူးတို့သည်လည်းကောင်း၊ အနည်းအငယ်သောတန်ခိုးသာရှိသည့် ဘီလူးတို့သည်လည်းကောင်း ထိုဘီလူးကောင်းတို့သည်လည်း ဤလောက၌ရှိပါ၏။

သို့သော်လည်း ဘီလူးအနည်းစုသည်သာ မြတ်စွာဘုရားအားကြည်ညိုကြပြီး ဘီလူးအများစုမှာမူ အရှင်ဘုရားအား သဘောမကျမကြည်ညိုကြပါကုန်။

အဘယ်ကြောင့်ဆိုသော် မြတ်စွာဘုရားသည် သူတစ်ပါးအသက်သတ်ခြင်း၊မပေးသောဥစ္စာကိုခိုးယူခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ပြုလုပ်ခြင်း၊ မဟုတ်မှန်သောစကားကိုပြောဆိုခြင်း၊ မူးယစ်မေ့လျော့စေတတ်သော သေအရက်ကိုသောက်ခြင်းတည်းဟူသော မှားသောလုပ်ရပ်ငါးမျိုးကို သတ္တဝါမပြုလုပ်ဘဲ ရှောင်ကြဉ်စေရန်အတွက် တရားတော်များအားဟောကြားတော်မူ၏။ ထိုတရားတော်ကို သူတစ်ပါးအသက်ကိုအမြဲသတ်တတ်သော၊မပေးသောဥစ္စာကိုခိုးယူတတ်သော၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ပြုလုပ်တတ်သော၊ မဟုတ်မှန်သောစကားကိုပြောဆိုတတ်သော၊ မူးယစ်မေ့လျော့စေတတ်သော သေအရက်ကိုသောက်တတ်သော ဘီလူးအများစုက လုံးဝမနှစ်သက်သဘောမကျပေ။

အရှင်ဘုရား။ မြတ်စွာဘုရား၏တပည့်တို့သည် အသံနည်းပါးသော၊ ဆူညံ့လှသည့် မြို့ရွာအသံတို့မရှိသော၊ လူတို့၏အရိပ်အယောင်အငွေ့အသက်မရှိသော၊ လူအများစုတို့၏ မကောင်းမှုပြုရန် အကောင်းဆုံးနေရာဖြစ်သည့် မြို့ရွာနှင့်ဝေးသော တောများအားကျောင်းအဖြစ်သတ်မှတ်ကာ မှီဝဲနေထိုင်ကြပါ၏။ ထိုတောများ၌ နေထိုင်သော ဘီလူးအများစုသည် မြတ်စွာဘုရား၏အဆုံးအမလမ်းပြမှုအား မနှစ်သက်မကြည်ညိုပါကုန်။ ထို့ကြောင့် မြတ်စွာဘုရားသည် ထိုဘီလူးတို့ကို မြတ်စွာဘုရားအားကြည်ညိုလာစေရန်အတွက်လည်းကောင်း၊ ရဟန်းယောကျာ်း၊ရဟန်းမိန်းမ၊ ဥပါသကာယောကျာ်း၊ ဥပါသိကာမိန်းမတို့အား အစောင့်အရှောက်အကာအကွယ်ဖြစ်စေရန်အတွက်လည်းကောင်း ရည်ရွယ်၍ ဤ အာဋာနာဋိယအမည်ရှိသည့် ပရိတ်အရံအတားကို မြတ်စွာဘုရား၏တပည့်သာဝကတို့အား သင်ပြဟောကြားတော်မူပါလော့။”ဟူ၍ လျှောက်၏။

မြတ်စွာဘုရားရှင်သည် တိတ်ဆိတ်စွာနေသောအမူအရာနည်းဖြင့် ဝေဿဝဏ္ဏနတ်မင်း၏လျှောက်တင်မှုအား လက်ခံတော်မူ၏။

မြတ်စွာဘုရားရှင်လက်ခံတော်မူခြင်းကို သိမိရိပ်မိသော ဝေဿဝဏ္ဏနတ်မင်းသည် မြတ်စွာဘုရားအား ဤသို့လျှောက်ထားလေ၏။

ဘုရားခုနှစ်ဆူအားရှိခိုးခြင်းကဏ္ဍ

ဝေဿဝဏ္ဏနတ်မင်း- စက္ခုအမြင်ငါးပါးကိုပိုင်ဆိုင်တော်မူပြီး ဘုန်းတော်ကျက်သရေအပေါင်းတို့နှင့် ပြည့်စုံတော်မူသော ဝိပဿီမြတ်စွာဘုရားအား အကျွန်ုပ်ရှိခိုးပါ၏။ သတ္တဝါအားလုံးအား သနားတော်မူတတ်သော သိခီမြတ်စွာဘုရားအား အကျွန်ုပ်ရှိခိုးပါ၏။ ကိလေသာစင်ကြယ်ပြီး ခြိုးခြံချွေတာတတ်သော အကျင့်ရှိသည့် ဝေဿဘူမြတ်စွာဘုရားအား အကျွန်ုပ်ရှိခိုးပါ၏။ မာရ်စစ်သည်ကို ကောင်းမွန်စွာအောင်မြင်နိုင်သော ကကုသန်မြတ်စွာဘုရားအား အကျွန်ုပ်ရှိခိုးပါ၏။ မကောင်းမှုအပေါင်းမှ လွတ်မြောက်ပြီး၍ မဂ္ဂဗြာဟ္မစရိယနှင့်ပြည့်စုံတော်မူသော ကောဏာဂမန မြတ်စွာဘုရားအား အကျွန်ုပ်ရှိခိုးပါ၏။ ဝိမုတ္တိငါးပါး၏အစွမ်းတန်ခိုးတော်ဖြင့် ကိလေသာအပေါင်းမှ အမြဲကင်းတော်မူသော ကဿပမြတ်စွာဘုရားအား အကျွန်ုပ်ရှိခိုးပါ၏။ သာကီဝင်မင်းမျိုးနွယ်လည်းဖြစ်တော်မူသော၊ကိုယ်တော်မှလည်းရောင်ခြည်ထွက်တတ်ပြီး ဘုန်းကျက်သရေနှင့်ပြည့်စုံတော်မူသော ဆင်းရဲခပ်သိမ်းကို ပယ်ဖျောက်တတ်သော သဘောရှိသည့် ဤအာဋာနာဋိယပရိတ်တရားတော်ကိုဟောတော်မူသော ဂေါတမမြတ်စွာဘုရားအား အကျွန်ုပ်ရှိခိုးပါ၏။

လောက၏ဘုရားရှင်များဖြစ်ကြပြီး ကိလေသာမရှိသော ဝိပဿီ၊သိခီ၊ဝေဿဘူ၊ကကုသန္ဓ၊ကောဏာဂမန၊ကဿပ၊ ဂေါတမတည်းဟူသော ဘုရားရှင်ခုနှစ်ဆူတို့သည် အလုံးစုံသောတရားအပေါင်းကို အမှန်တကယ် သိမြင်တော်မူကြ၏။ သွေးထိုးစကားကို ပြောဆိုခြင်းမရှိ။ ကြီးမြတ်တော်မူသည့်အပြင် ကြောက်ရွံ့တတ်ခြင်းမရှိ။

နတ်၊လူတို့၏အကျိုးချမ်းသာကို ပေးတတ်သော ဉာဏ်ပညာနှင့်အကျင့် တို့ဖြင့် ပြည့်စုံတော်မူသော၊ မြင့်မြတ်၍အကြောက်တရားရှိတော်မမူသော ဂေါတမမြတ်စွာဘုရားအား နတ်လူအပေါင်းတို့သည် အမြဲတစေ ရှိခိုးတတ်ကြကုန်၏။ အကျွန်ုပ်သည်လည်း ဂေါတမမြတ်စွာဘုရားအမှူးပြုသော ဘုရားမြတ်ခုနှစ်ဆူအား ရှိခိုးပါ၏။

အရှေ့အရပ်အား အစိုးရသော ဓတရဋ္ဌနတ်မင်းကြီး နှင့် ဓတရဋ္ဌနတ်မင်း၏သားတော်များအကြောင်း

အကြင်အရပ်မှ အလွန်ထွန်းတောက်ပသောအရောင်အဆင်းနှင့်ပြည့်စုံသည့် ကြီးမားသောမျက်နှာပြင်ဝန်းရှိသော သူရိယနေမင်း၏ရောင်ခြည် ထွက်ပေါ်လာလေသော် (အမှောင်အမိုက်အထီးကျန်ခြင်း သဘောဆောင်သည့်) ညအခါသည် ကွယ်ပျောက်လေ၏၊ ထိုနေမင်းကြီး၏ အရောင်အဝါလွှမ်းမိုးသော အချိန်ကို နေ့အခါဟူ၍ သတ်မှတ်အပ်၏။

ထိုနေထွက်ရာအရှေ့အရပ်၌ တည်ရှိသည့် မြစ်ကြီး၊ မြစ်ငယ် အသွယ်သွယ်တို့၏ ရေများစီးဝင်ပေါင်းဆုံမှုကြောင့် ဖြစ်ပေါ်လာသော ရေထုအနက်ကြီးအား သမုဒ္ဒရာဟူ၍ လူအပေါင်းတို့သိကြပါကုန်၏။

ဤနေရာမှ တိုင်းတာပါက ထိုအရပ်နေရာသည် အရှေ့ဘက်ဖြစ်၏။ ထို့အပြင် လူအများကလည်း ထိုနေရာအား အရှေ့အရပ်မျက်နှာဟု သတ်မှတ်ခေါ်ဝေါ်ကြပါကုန်၏။ ထို အရှေ့အရပ်အား ဂန္ဓဗ္ဗတို့အား အစိုးရသူ အရှင်သခင်ဖြစ်သော များသောအခြံအရံအားပိုင်ဆိုင်ထားသော ဓတရဋ္ဌနတ်မင်းကြီးသည် စောင့်ကြပ်ထိန်းသိမ်း၏။ ဓတရဋ္ဌနတ်မင်းကြီးသည် ဂန္ဓဗ္ဗနတ်အပေါင်းတို့ဖြင့် ခြံရံလျက် ကခုန်သီဆိုပွဲကို ကြည့်ရှုရခြင်းအား နှစ်သက်သဘောကျ၏။ ခွန်အားနှင့်ပြည့်စုံပြီး ဣန္ဒအမည်ရှိသည့် ကိုးဆယ့်တစ်ယောက်သော နတ်သားများ၏ ဖခင်သည် ဓတရဋ္ဌနတ်မင်းကြီးပင်ဖြစ်ပါပေ၏။ ထိုနတ်မင်းကြီး ကိုးဆယ့်တစ်ယောက်သော သားတော်များသည် သစ္စာလေးပါးကို သိတော်မူသော၊ နေမင်း၏ အဆွေအနွယ်တော်လည်းဖြစ်သော၊ ကြောက်ရွံ့ခြင်းကင်းတော်မူပြီး မြင့်မြတ်သောမူသော မြတ်စွာဘုရားကို (လမ်းခရီး၌)မြင်လောက်သော နေရာ၌ မြင်လျှင်ပင် ယောကျာ်းအာဇာနည်ဖြစ်တော်မူသည့် မြတ်စွာဘုရားအား ရှိခိုးပါ၏။ အရှင်ဘုရားသည် သဗ္ဗေညုတဉာဏ်တော်ဖြင်် သတ္တဝါအားလုံးကို ရှုကြည့်တော်မူတတ်ပေ၏ ဟု ဆိုပြီး ရှိခိုးကြပါ၏။

“သင်တို့သည် မာရ်ငါးပါးကိုအောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုးကုန်သလော” ဟူသော (ဓတရဋ္ဌနတ်မင်းကြီးက သားတော်၉၁ပါးအား သတိပေးမေးမြန်းသည့်)အမေးစကားကို အမြဲကြားရပါ၏။ ထိုအခါ (၉၁ပါးသောနတ်သားများက) “ငါတို့သည် မာရ်ငါးပါးကိုအောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုးကြပါ၏” ဟူ၍ပြန်ဖြေကြလေ၏ ။ ယခုအခါ အကျွန်ုပ်တို့သည်လည်း(ဝေဿဝဏ္ဏအမှူးပြုသောနတ်အပေါင်း) အသိဉာဏ်ထူး၊အကျင့်မြတ်ထူးတို့အား ပိုင်ဆိုင်တော်မူသော၊ သစ္စာလေးပါးကို သိမြင်ပြီးတော်မူသော ဂေါတမမြတ်စွာဘုရားအား ရှိခိုးပါကုန်၏။

တောင်အရပ်ရှိ ဝိရုဠကနတ်မင်းကြီးနှင့် သားတော်များ၏ အကြောင်း

လူအများစုသည် သေဆုံးပြီးသောလူသေအလောင်းများ၊ သွေးထိုးစကားဆိုတတ်သောသူများ၊ လာဘ်စားတတ်သောသူများ၊ သူတစ်ပါးကိုသတ်တတ်သောသူများ၊ အလိုရမ္မက်ကြီးသူများ၊ သူခိုးများ၊ ကြမ်းတမ်းယုတ်မာသောအမှုများအား ပြုသူများ ဟူသော လူခုနှစ်မျိုးတို့အား ထိုအရပ်မျက်နှာသို့ နှင်ထုတ်ပြီး အပြစ်ပေးကြပါလော့ဟူ၍ အမြဲသတ်မှတ်ပြောဆိုကြ၏။

ဤနေရာမှ တိုင်းတာပါက ထိုအရပ်နေရာသည် တောင်ဘက်ဖြစ်၏။ ထို့အပြင် လူအများကလည်း ထိုနေရာအား တောင်အရပ်မျက်နှာဟု သတ်မှတ်ခေါ်ဝေါ်ကြပါကုန်၏။ ထို တောင်အရပ်အား ကုမ္ဘဏ်နတ်တို့အား အစိုးရသူ အရှင်သခင်ဖြစ်သော များသောအခြံအရံအားပိုင်ဆိုင်ထားသော ဝိရုဠကနတ်မင်းကြီးသည် စောင့်ကြပ်ထိန်းသိမ်း၏။ ဝိရုဠကနတ်မင်းကြီးသည် ကုမ္ဘဏ်နတ်အပေါင်းတို့ဖြင့် ခြံရံလျက် ကခုန်သီဆိုပွဲကို ကြည့်ရှုရခြင်းအား နှစ်သက်သဘောကျ၏။ ခွန်အားနှင့်ပြည့်စုံပြီး ဣန္ဒအမည်ရှိသည့် ကိုးဆယ့်တစ်ယောက်သော နတ်သားများ၏ ဖခင်သည် ဝိရုဠကနတ်မင်းကြီးပင်ဖြစ်ပါပေ၏။ ထိုနတ်မင်းကြီး ကိုးဆယ့်တစ်ယောက်သော သားတော်များသည် သစ္စာလေးပါးကို သိတော်မူသော၊ နေမင်း၏ အဆွေအနွယ်တော်လည်းဖြစ်သော၊ ကြောက်ရွံ့ခြင်းကင်းတော်မူပြီး မြင့်မြတ်သောမူသော မြတ်စွာဘုရားကို (လမ်းခရီး၌)မြင်လောက်သော နေရာ၌ မြင်လျှင်ပင် ယောကျာ်းအာဇာနည်ဖြစ်တော်မူသည့် မြတ်စွာဘုရားအား ရှိခိုးပါ၏။ အရှင်ဘုရားသည် သဗ္ဗေညုတဉာဏ်တော်ဖြင်် သတ္တဝါအားလုံးကို ရှုကြည့်တော်မူတတ်ပေ၏ ဟု ဆိုပြီး ရှိခိုးကြပါ၏။

“သင်တို့သည် မာရ်ငါးပါးကိုအောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုးကုန်သလော” ဟူသော (ဝိရုဠကနတ်မင်းကြီးက သားတော်၉၁ပါးအား သတိပေးမေးမြန်းသည့်)အမေးစကားကို အမြဲကြားရပါ၏။

ထိုအခါ (၉၁ပါးသောနတ်သားများက) “ငါတို့သည် မာရ်ငါးပါးကိုအောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုးကြပါ၏” ဟူ၍ပြန်ဖြေကြလေ၏ ။

ယခုအခါအကျွန်ုပ်တို့သည်လည်း(ဝေဿဝဏ္ဏအမှူးပြုသောနတ်အပေါင်း) အသိဉာဏ်ထူး၊အကျင့်မြတ်ထူးတို့အား ပိုင်ဆိုင်တော်မူသော၊ သစ္စာလေးပါးကို သိမြင်ပြီးတော်မူသော ဂေါတမမြတ်စွာဘုရားအား ရှိခိုးပါကုန်၏။

အနောက်အရပ်အား အစိုးရသည့် ဝိရုပက္ခနတ်မင်းကြီးနှင့်သားတော်များအကြောင်း

အကြင်အရပ်သို့ အလွန်ထွန်းတောက်ပသောအရောင်အဆင်းနှင့်ပြည့်စုံသည့် ကြီးမားသောမျက်နှာပြင်ဝန်းရှိသော သူရိယနေမင်းသည်ရောက်ပြီး ရောင်ခြယ်ကွယ်ပျောက်သွားလေသော် (အမှောင်အမိုက်အထီးကျန်ခြင်း သဘောဆောင်သည့်) ညအခါသည် ဖြစ်ပေါ်ပြီး နေ့အချိန်သည် ကုန်ဆုံးလေ၏၊ ထိုနေမင်းကြီး၏ အရောင်အဝါပျောက်ကွယ်သော အချိန်ကို ညအခါဟူ၍ သတ်မှတ်အပ်၏။

ထိုနေဝင်ရာအနောက်အရပ်၌ တည်ရှိသည့် မြစ်ကြီး၊ မြစ်ငယ် အသွယ်သွယ်တို့၏ ရေများစီးဝင်ပေါင်းဆုံမှုကြောင့် ဖြစ်ပေါ်လာသော ရေထုအနက်ကြီးအား သမုဒ္ဒရာဟူ၍ လူအပေါင်းတို့သိကြပါကုန်၏။

ဤနေရာမှ တိုင်းတာပါက ထိုအရပ်နေရာသည် အနောက်ဘက်ဖြစ်၏။ ထို့အပြင် လူအများကလည်း ထိုနေရာအား အနောက်အရပ်မျက်နှာဟု သတ်မှတ်ခေါ်ဝေါ်ကြပါကုန်၏။

ထို အနောက်အရပ်အား နဂါးနတ်တို့အား အစိုးရသူ အရှင်သခင်ဖြစ်သော များသောအခြံအရံအားပိုင်ဆိုင်ထားသော ဝိရုပက္ခနတ်မင်းကြီးသည် စောင့်ကြပ်ထိန်းသိမ်း၏။ ဝိရုပက္ခနတ်မင်းကြီးသည် နဂါးအပေါင်းတို့ဖြင့် ခြံရံလျက် ကခုန်သီဆိုပွဲကို ကြည့်ရှုရခြင်းအား နှစ်သက်သဘောကျ၏။ ခွန်အားနှင့်ပြည့်စုံပြီး ဣန္ဒအမည်ရှိသည့် ကိုးဆယ့်တစ်ယောက်သော နတ်သားများ၏ ဖခင်သည် ဝိရုပက္ခနတ်မင်းကြီးပင်ဖြစ်ပါပေ၏။

ထိုနတ်မင်းကြီး ကိုးဆယ့်တစ်ယောက်သော သားတော်များသည် သစ္စာလေးပါးကို သိတော်မူသော၊ နေမင်း၏ အဆွေအနွယ်တော်လည်းဖြစ်သော၊ ကြောက်ရွံ့ခြင်းကင်းတော်မူပြီး မြင့်မြတ်သောမူသော မြတ်စွာဘုရားကို (လမ်းခရီး၌)မြင်လောက်သော နေရာ၌ မြင်လျှင်ပင် ယောကျာ်းအာဇာနည်ဖြစ်တော်မူသည့် မြတ်စွာဘုရားအား ရှိခိုးပါ၏။ အရှင်ဘုရားသည် သဗ္ဗေညုတဉာဏ်တော်ဖြင်် သတ္တဝါအားလုံးကို ရှုကြည့်တော်မူတတ်ပေ၏ ဟု ဆိုပြီး ရှိခိုးကြပါ၏။

“သင်တို့သည် မာရ်ငါးပါးကိုအောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုးကုန်သလော” ဟူသော (ဝိရုပက္ခနတ်မင်းကြီးက သားတော်၉၁ပါးအား သတိပေးမေးမြန်းသည့်)အမေးစကားကို အမြဲကြားရပါ၏။

မြောက်အရပ်အား အစိုးရသည့် ဝေဿဝဏ္ဏ ကုဝေရနတ်မင်းကြီးနှင့်သားတော်များ၏ အကြောင်း

မြောက်ကျွန်း၏အကြောင်း

မြင့်မိုရ်တောင်၏ ရွှေရောင်တောက်ပသောဘက်အခြမ်းရှိ ထိုအရပ်တွင် ဥတ္တရကုရုဟူသော မြောက်ကျွန်းတည်ရှိ၏။ ထိုကျွန်းသူ၊ကျွန်းသားတို့သည် ငါ၏ဥစ္စာဟူ၍လည်းကောင်း၊ ငါ၏သားမယားဟူ၍လည်းကောင်း စွဲလမ်းမှတ်ယူကာ အတင်းသိမ်းပိုက်တတ်ခြင်းမရှိ။

ထိုမြောက်ကျွန်းသူ၊ ကျွန်သားတို့သည် သစ်ပင်မျိုးစေ့များ စိုက်ပျိုးခြင်းမရှိ၊ လယ်မထွန်ခြင်းမရှိ။ ထို လယ်မထွန်၊ မျိုးစေ့ချမစိုက်သည့် လယ်ပြင်မှ အလိုလိုပေါက်သည့်သလေးဆန်ကိုသာစားကုန်၏။

ကျိုးပဲ့ခြင်းမရှိ စင်ကြယ်ကောင်းမွန်၍ အနံ့သင်းသည့် သလေးဆန်တစ်မျိုးတည်းကိုသာ ထမင်းအိုးတွင် ချက်ပြီး စားကြကုန်၏။

မြောက်ကျွန်းရှိ ဝေဿဝဏ္ဏနတ်မင်းအခြွေအရံများ၏ အကြောင်း

ထိုမြောက်ကျွန်း၌ ဝေဿဝဏ္ဏနတ်မင်း၏အခြေံအရံတို့သည် နွားကို မြင်းကိုစီးနင်းယာဉ်ပြုသကဲ့သို့ ပြုပြီး စီးခြင်းဖြင့်လည်းကောင်း၊ နွားအပြင် အခြား သတ္တဝါများအားလည်း မြင်းကို စီးနင်းယာဉ်ပြုသကဲ့သို့ ပြုပြီး စီးခြင်းဖြင့်လည်းကောင်း၊ မိန်းမ၊ယောကျာ်း၊အပျို၊လူပျိုတို့ကိုလည်း စီးတော်ယာဉ်အဖြစ် စီးနင်း၍လည်းကောင်း အရပ်မျက်နှာများအလီလီသို့ လှည့်လည်သွားလာကြကုန်၏။

ဝေဿဝဏ္ဏနတ်မင်းကြီး၏ ယာဉ်များနှင့် မြို့တော်များ အကြောင်း

များစွာသောအခြံအရံအား အစိုးရသည့် ဝေဿဝဏ္ဏနတ်မင်းထံတွင် ဆင်ယာဉ်၊မြင်းယာဉ်၊ နတ်တန်ခိုးကြောင့်ဖြစ်ပေါ်သောယာဉ်နှင့် ပြာဿဒ်ကဲ့သို့မြင့်မားသည့် ထမ်းစင်ယာဉ်များသည်လည်း ရှိကုန်၏။

ထိုဝေဿဝဏ္ဏနတ်မင်းကြီးသည် အာဋာနာဋမြို့၊ကုသိနာဋမြို့၊ပရကုသိနာဋမြို့၊ နာဋသူရိယမြို့၊ ပရကုသိဋနာဋမြို့တည်းဟူသော အကောင်းဆုံးသောဖန်တီးမှုဖြင့် ဖန်တီးထားသော ကောင်းကင်နတ်မြို့တော်ကြီးများအား ပိုင်တော်မူ၏။

ထိုမြို့ကြီးများ၏ မြောက်ဘက်၌ ကသိဝန္တမြို့၊ဇနောဃမြို့၊ နဝနဝုတိယမြို့ နှင့် အမ္ဗရ အမ္ဗရဝတိယမြို့တည်းဟူသော မြို့များတည်ရှိ၏။ အာဠကမန္ဒာမည်သော နတ်မြို့တော်ကြီးသည်ကား ဝေဿဝဏ္ဏနတ်မင်းကြီး၏ အဓိကမင်းနေပြည်မြို့တော်ကြီးဖြစ်ပေ၏။

ဝေဿဝဏ္ဏနတ်မင်းကြီးဟု အမည်တွင် ရခြင်း၏အကြောင်း

အရှင်ဘုရား။(ကုဝေရနတ်မင်းကြီးအား ဝေဿဝဏ္ဏနတ်မင်းကြီးဟု အမည်တွင်ခေါ်ဆိုရခြင်း၏အကြောင်းအရင်းမှာ) ဝိဿဝဏာဟူသော နတ်မင်းနေပြည်အား ပိုင်စံအစိုးရသောနတ်မင်းကြီးဖြစ်သောကြောင့် ဝေဿဝဏ္ဏနတ်မင်းကြီး ဟုခေါ်ဆိုသုံးအပ်ပါ၏။

တတောလာ၊တတ္တလာ၊တတောတလာ၊ဩဇာသိ၊တေဇသိ၊တတောဇသိ၊သူရ၊ရာဇာ၊အရိဋ္ဌ၊နေမိ တည်းဟူသော ဘီလူးများသည် ဝေဿဝဏ္ဏနတ်မင်းကြီးထံသို့ သတင်းစကားအမျိုးမျိုး ရှာဇွေစုဆောင်း၍ တင်ပြပြောကြားရသော ဘီလူးများဖြစ်ကြပါ၏။

ထို နတ်မြို့တော်၊ နတ်မင်းနေပြည်မြို့တော်များ၏ တည်ရှိရာမြောက်အရပ်၌ ဓရဏီမည်သော လေးထောင့်သဏ္ဍာန် မိုးရေလှောင်ကန်ကြီးသည်လည်း တည်ရှိပါ၏။ အကြင် လေးထောင့်ကန်ကြီးမှ (ထွက်သောရေငွေ့များသည်) မိုးအဖြစ် လေးထောင့်ကန်ကြီးထဲသို့ ပြန်လည်ရွာကျပါ၏။ ထိုအခါ ကန်ကြီးမှ မိုး ရေဟောင်းတို့ လျှံထွက်ကာ မိုးရေသစ်တို့ဖြင့် ပြည့်စုံနေပါ၏။

ထို လေးထောင့် မိုးရေလှောင်ကန်ကြီး၏ အနီး၌ သာလဝတီအမည်ရှိသည့် ရတနာမဏ္ဍပ်သည်လည်းရှိပါ၏။ ဘီလူးများသည်လည်း ထိုရတနာမဏ္ဍပ်၌ အမြဲတစေ စည်ဝေးလေ့ရှိပါ၏။ ထို(ကန်ကြီးနဘေး၌) အမြဲတမ်း သီးတတ်ပွင့်တတ်လေ့ရှိသော သစ်ပင်ကြီးများရှိကြပါ၏။ (ထိုသစ်ပင်ကြီးတစ်ဝိုက်၌) များလှသော ငှက်အမျိုးမျိုးအုပ်တို့ပြည့်ကျပ်စွာ ပျံသန်းသွားလာနေကြ၏။ အသံသာသော ဥဒေါင်း၊ကြိုးကြာနှင့် ဥဩစသောငှက်မျိုးတို့သည်လည်း မြည်တွန် ကြွေးကြော်အော်ဟစ်၍ နေကြပါပေ၏။

ဤလေးထောင့်သဏ္ဍာန်ရေကန်ကြီးတစ်ဝိုက်၌ “အသက်ရှည်ပါစေ”ဟူသည့်စကားအား အမြဲသီဆိုတတ်သော ဇီဝဇိုးငှက်သံများ၊ “ဥဋ္ဌေဟိ စိတ္တ”ဟူသောစကားသံအားလည်း အမြဲသီဆိုနေတတ်သောငှက်သံများ ဖြင့် တင့်တယ်သာယာနေပါ၏။ ထိုရေကန်ကြီးတစ်ဝိုက်၌ တောကြက်၊ရွှေရောင်အဆင်းရှိသည့် ပုစွန်လုံးတို့သည်လည်း ရှိနေပါပေ၏။ ထိုရေကန်ကြီးတစ်ဝိုက်၏ ကြာတော၌ ပေါက္ခရသာတကအမည်ရှိသည့် ငှက်တို့သည်လည်း ရှိနေပါပေ၏။

ဤလေးထောင့်သဏ္ဍာန်ရေကန်ကြီးတစ်ဝိုက်၌ ကျေးသာလိကာငှက်တို့၏အသံတို့ဖြင့် သာယာနေပါပေ၏။ လူ့မျက်နှာကဲ့သို့သော မျက်နှာရှိသည့် တုတ်ထောက်ငှက်တို့သည် ရှိပါကုန်၏။ ဤသို့ဖြင့် ကုဝေရနတ်မင်းကြီး၏ ဓရဏီမည်သော ကြာပဒုမ္မာ မိုးရေလှောင်ကန်ကြီးသည် အမြဲတင့်တယ်သာယာပါပေ၏။

ဤနေရာမှ တိုင်းတာပါက ထိုအရပ်နေရာသည် မြောက်ဘက်ဖြစ်၏။ ထို့အပြင် လူအများကလည်း ထိုနေရာအား မြောက်အရပ်မျက်နှာဟု သတ်မှတ်ခေါ်ဝေါ်ကြပါကုန်၏။

ထို မြောက်အရပ်အား ဘီလူးနတ်တို့အား အစိုးရသူ အရှင်သခင်ဖြစ်သော များသောအခြံအရံအားပိုင်ဆိုင်ထားသော ကုဝေရနတ်မင်းကြီးသည် စောင့်ကြပ်ထိန်းသိမ်း၏။ ကုဝေရနတ်မင်းကြီးသည် ဘီလူးအပေါင်းတို့ဖြင့် ခြံရံလျက် ကခုန်သီဆိုပွဲကို ကြည့်ရှုရခြင်းအား နှစ်သက်သဘောကျ၏။ ခွန်အားနှင့်ပြည့်စုံပြီး ဣန္ဒအမည်ရှိသည့် ကိုးဆယ့်တစ်ယောက်သော နတ်သားများ၏ ဖခင်သည် ဝေဿဝဏ္ဏကုဝေရနတ်မင်းကြီးပင်ဖြစ်ပါပေ၏။

“သင်တို့သည် မာရ်ငါးပါးကိုအောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုးကုန်သလော” ဟူသော (ဝေဿဝဏ္ဏကုဝေရနတ်မင်းကြီးက သားတော်၉၁ပါးအား သတိပေးမေးမြန်းသည့်)အမေးစကားကို အမြဲကြားရပါ၏။

ယခုအခါအကျွန်ုပ်တို့သည်လည်း(ဝေဿဝဏ္ဏအမှူးပြုသောနတ်အပေါင်း) အသိဉာဏ်ထူး၊အကျင့်မြတ်ထူးတို့အား ပိုင်ဆိုင်တော်မူသော၊ သစ္စာလေးပါးကို သိမြင်ပြီးတော်မူသော ဂေါတမမြတ်စွာဘုရားအား ရှိခိုးပါကုန်၏။ ”ဟူ၍ လျှောက်ထားပြီးနောက်

ဝေဿဝဏ္ဏနတ်မင်း၏ ဥပဒေကဲ့သို့ အာဏာတည်သော ပရိတ်အရံအတားဖြစ်စေသည့် အမိန့်

ဤအာဋာနာဋိယ ပရိတ်အရံအတားအား ကောင်းစွာသင်ယူတတ်မြောက်ပြီး၍ အဖန်ဖန်အထပ်ထပ် လေ့လာ ထားသော ရဟန်းယောကျာ်း၊ရဟန်းမိန်းမ၊ ဥပါသကာ ယောကျာ်း၊ ဥပါသိကာမိန်းမ တို့ သွားသောအခါ၌ အတူတူလိုက်ခြင်း၊ ထိုင်သောအခါ၌အတူတူကပ်၍ထိုင်ခြင်း၊ အိပ်နေစဉ် အတူတူကပ်၍အိပ်ခြင်းတို့ကို လူမဟုတ်သည့် ဘီလူး၊ဘီလူးမ၊ဘီလူးကလေး၊ဘီလူးမကလေး၊ဘီလူးအမတ်၊ အခြံအရံအဆင့်ဘီလူး၊ အလုပ်အကျွေးအဆင့်ဘီလူး၊ ဂန္ဓဗ္ဗနတ်၊ ဂန္ဓဗ္ဗနတ်သမီး၊ ဂန္ဓဗ္ဗကလေး၊ ဂန္ဓဗ္ဗမကလေး၊ ဂန္ဓဗ္ဗအမတ်၊ အခြံအရံဂန္ဓဗ္ဗနတ်သီချင်းသည်၊ အလုပ်အကျွေးဂန္ဓဗ္ဗနတ်သီချင်းသည်၊ ကုမ္ဘဏ်၊ ကုမ္ဘဏ်မ၊ ကုမ္ဘဏ်ကလေး၊ ကုဗ္ဘဏ်မကလေး၊ကုဗ္ဘဏ်အမတ်၊ အခြံအရံအဆင့်ကုမ္ဘဏ်၊ အလုပ်အကျွေးအဆင့် ကုမ္ဘဏ်၊ နဂါး၊ နဂါးမ၊ နဂါးကလေး၊ နဂါးမကလေး၊ နဂါးအမတ်၊ အခြံအရံအဆင့်နဂါး ၊ အလုပ်အကျွေးအဆင့်နဂါး တည်းဟူသော သူများသည် ဖျက်ဆီးပင်ပန်းလိုစိတ်ဖြင့် ပြုလုပ်သည်ရှိသော်

ရွာ၊နယ် တို့မှ အရိုအသေအလေးအမြတ်ပြုပူဇော်ခြင်းကို မရစေရ။ အာဠကမန္ဒာမည်သော မင်းနေပြည်ရှိ ဗိမာန်နှင့်အိမ်ရာတို့၌ လာမနေရ။ ထိုသူများသည် တစ်စုံတစ်ခုသော အစည်းအဝေးကြီးများသို့လည်း တက်ခွင့်မရှိ။ ထိုသူများအား အခြားသူများက မိမိတို့၏ သမီးဖြင့်စေ့စပ်လက်ထပ်ပေးခြင်း မပြုရ။ ထိုသူများ၏ ကိုယ်လက်အင်္ဂါရုပ်ဝတ္ထုအစိတ်အပိုင်းနှင့် ပတ်သက်သည့် သရော်လှောင်ပြောင်ဆဲခြင်းဆိုခြင်းအမျိုးမျိုးတို့ကို ထိုသူတို့အား အခြားသူများက ဆဲရင်လည်း ခံရမည်။ ထိုသူများ၏ဦးခေါင်းပေါ်တို့ကို အခြားသူများက သံခွက်အလွတ်ဖြင့် မှောက်ထားပြီး စနောက်ရင်လည်း ခံရမည်။ ထိုသူများကို အခြားသူများက ဦးခေါင်းခုနှစ်စိတ်ခွဲရင်လည်း ခံရမည်။

အရှင်ဘုရား။ ဥပမာအားဖြင့် မာဂဓတိုင်းကို အစိုးရသူ မင်းကြီး၏ နိုင်ငံတော်အတွင်း ခိုးသူကြီးတို့သည် ရှိနေပါ၏။ ထိုခိုးသူကြီးတို့သည် မာဂဓတိုင်းကို အစိုးရကုန်သော မင်းကြီးနှင့် မင်းကြီး၏ စစ်သူကြီးများ၏စကား အမိန့်ကို မနာခံလေလျှင် ထိုမင်းကြီးနှင့် စစ်သူကြီးတို့က မိမိဆန့်ကျင်ဘက်ရန်သူဟု သတ်မှတ်သကဲ့သို့ အမျက်ဒေါသကြီးပြီး နှောင့်ယှက်တတ်နှိပ်စက်တတ်သော ဘီလူးကြီးများသည် ဤလောက၌ ရှိပါ၏။ ထိုဘီလူးကြီးတို့သည် အကျွန်ုပ်အမှူးပြုသည့်နတ်မင်းကြီးများ၊ နတ်မင်းကြီးများ၏ နတ်စစ်သူကြီးများ ၏ (ယခုအမိန့်)စကားကို မနာခံပါလျှင် အကျွန်ုပ်တို့၏ ဆန့်ကျင်ဘက်ရန်သူဟု သတ်မှတ်ခေါ်ဆိုနိုင်ပါ၏။

အရှင်ဘုရား။ လူမဟုတ်သည့် ဘီလူး၊ဘီလူးမ၊ဘီလူးကလေး၊ဘီလူးမကလေး၊ဘီလူးအမတ်၊ အခြံအရံအဆင့်ဘီလူး၊ အလုပ်အကျွေးအဆင့်ဘီလူး၊ ဂန္ဓဗ္ဗနတ်၊ ဂန္ဓဗ္ဗနတ်သမီး၊ ဂန္ဓဗ္ဗကလေး၊ ဂန္ဓဗ္ဗမကလေး၊ ဂန္ဓဗ္ဗအမတ်၊ အခြံအရံဂန္ဓဗ္ဗနတ်သီချင်းသည်၊ အလုပ်အကျွေးဂန္ဓဗ္ဗနတ်သီချင်းသည်၊ ကုမ္ဘဏ်၊ ကုမ္ဘဏ်မ၊ ကုမ္ဘဏ်ကလေး၊ ကုဗ္ဘဏ်မကလေး၊ကုဗ္ဘဏ်အမတ်၊ အခြံအရံအဆင့်ကုမ္ဘဏ်၊ အလုပ်အကျွေးအဆင့် ကုမ္ဘဏ်၊ နဂါး၊ နဂါးမ၊ နဂါးကလေး၊ နဂါးမကလေး၊ နဂါးအမတ်၊ အခြံအရံအဆင့်နဂါး ၊ အလုပ်အကျွေးအဆင့်နဂါးများအနက် တစ်စုံတစ်ဦးသောသူသည် ရဟန်းယောကျာ်း၊ရဟန်းမိန်းမ၊ ဥပါသကာ ယောကျာ်း၊ ဥပါသိကာမိန်းမ တို့ သွားသောအခါ၌ အတူတူလိုက်ခြင်း၊ ထိုင်သောအခါ၌အတူတူကပ်၍ထိုင်ခြင်း၊ အိပ်နေစဉ် အတူတူကပ်၍အိပ်ခြင်းကို ပြုလေလျှင် ‘ဣန္ဒ,သောမ,ဝရုဏ, ဘာရဒွါဇ,ပဇာပတိ,စန္ဒန,ကာမသေဋ္ဌ, ကိန္နဃဏ္ဍု,နိဃဏ္ဍ, ပနာဒ, ဩပမည, နတ်တို့၏တမန်တော် မာတလိ, ဂန္ဓဗ္ဗတောင်၌နေကုန်သော စိတ္တသေန,နဠောရာဇာ,ဇနေသဘနတ်များ, သာတာဂီရ,ဟေမဝတ,ပုဏ္ဏက,ကရတိယ,ဂုဠ,သီဝက,မုစလိန္ဒ, ဝေဿာမိတ္တ, ယုဂန္ဓရ, ဂေါပါလ’သုပ္ပရောဓ,ဟိရိ, နေတ္တိ,မန္ဒိယ,ပဉ္စလစဏ္ဍ,အာဠဝက,ပဇ္ဇန္န, သုမန,သုမုခ,ဒဓိမုခ,မဏိ,မာဏိဝရ,ဒီဃဟူသောဘီလူးများနှင့်,သေရီသကနတ်’တို့တည်းဟူသော နတ်များ၊ဘီလူးများ,နတ်ကြီးများ,ဘီလူးကြီးများ, နတ်စစ်သူကြီး,နတ်စစ်မဟာသေနာပတိဦးစီးချုပ်များအား သိစေရန်အတွက် ဤသို့သောသူသည် ဤသူအားဖမ်းစားပူးဝင်နှိပ်စက်ညှဉ်းဆဲ၍ပင်ပန်းစေပြီး မိမိလက်မှမလွှတ်ဘဲ နှိပ်စက်ခြင်းအား ပြု၏ဟူ၍ တိုင်တန်းပြောကြားအပ်၏။

အရှင်ဘုရား။ ဤအာဋာနာဋိယ ပရိတ်အရံအတားသည် ရဟန်းယောကျာ်း၊ ရဟန်းမိန်းမ၊ ဥပါသကာယောကျာ်း၊ ဥပါသိကာ မိန်းမ တို့ အတွက် ပင်ပန်းဆင်းရဲခြင်းမဖြစ်စေဘဲ ချမ်းသာစေတတ်သော အကာကွယ်အစောင့်ရှောက်ကောင်းပင်ဖြစ်ပါပေ၏ဘုရား။” ဟူ၍ လျှောက်ထားပြီးနောက်

နတ်များ မိမိ၏နေရပ်များသို့ ပြန်ကြခြင်း

ဝေဿဝဏ္ဏနတ်မင်းကြီးက- “အရှင်ဘုရား။ အကျွန်ုပ်တို့ ပြန်ပါကုန်အံ့။ အကျွန်ုပ်တို့သည် ပြုဖွယ်ကိစ္စများလှပါ၏” ဟု ပြန်ခွင့်တောင်း၏။

ထိုအခါ မြတ်စွာဘုရားက-“နတ်မင်းကြီးတို့ အလိုတိုင်းပင်ဖြစ်၏။”ဟု မိန့်တော်မူ၏။

နတ်မင်းကြီးလေးယောက်တို့သည် မြတ်စွာဘုရားရှင်ခွင့်ပြုသည်ကို သိရှိလေသဖြင့် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုး၍ ထိုမတ်တပ်ရပ်သောနေရာ၌ပင် ပျောက်ကွယ်ကုန်၏။

(ထိုနတ်မင်းလေးယောက်တို့၏ အခြွေအရံအစေအပါးလက်ထောက်ဖြစ်သော နတ်တို့မှ) အချို့သောနတ်များသည် ရှိခိုးပြီး ပျောက်ကွယ်ကြ၏။ အချို့သောနတ်များသည် မြတ်စွာဘုရားနှင့် ဝမ်းမြောက်ခင်မင်ဖွယ်သောစကားများအပြန်အလှန်နှုတ်ဆက်ပြောဆိုပြီး ပျောက်ကွယ်ကြ၏။

အချို့သောနတ်များသည် မြတ်စွာဘုရားအား လက်အုပ်ချီလျက် ပျောက်ကွယ်ကြ၏။

အချို့သောနတ်များသည် မိမိတို့၏အမည်နှင့်မျိုးနွယ်များကို မြတ်စွာဘုရားသိစေရန်အလို့ငှာ ပြောကြားပြီးနောက် ပျောက်ကွယ်ကြ၏။

အချို့သောနတ်များသည် တစ်နေရာ၌ တည်ငြိမ်တိတ်ဆိတ်စွာထိုင်နေရာမှ ပျောက်ကွယ်ကြ၏။

အာဋာနာဋိယသုတ်၏ ပထမအပိုင်းပြီး၏။

အာဋာနာဋိယသုတ်၏ ဒုတိယအပိုင်း

မြတ်စွာဘုရားရှင် ရဟန်းတို့အား ပြန်လည်ပြောကြားခြင်း

ညကာလကုန်ဆုံး၍ မနက်အခါရောက်သောအခါ မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား (စည်းဝေးစေ၍)ဤသို့မိန့်တော်မူ၏။

မြတ်စွာဘုရား- “ရဟန်းတို့။ ဤညအခါ၌ (ဓတရဋ္ဌ၊ဝိရုဠက၊ဝိရုပက္ခ၊ကုဝေရမည်သော) နတ်မင်းကြီးလေးယောက်တို့သည် မြို့တံခါးအတွင်းဘက်လေးမျက်နှာ၌ ဘီလူး ဂန္ဓဗ္ဗ၊ကုမ္ဘဏ်၊နဂါးတို့ဖြင့် ဖွဲ့စည်းထားအပ်သော မိမိတို့၏ ကိုယ်ရံတော်စစ်သည်တပ်များကို နေစေ၍လည်းကောင်း၊ မြို့တံခါးအနီးအရပ်တွင်လည်း ဘီလူး ဂန္ဓဗ္ဗ၊ကုမ္ဘဏ်၊နဂါးတို့ဖြင့် ဖွဲ့စည်းထားအပ်သော တပ်ပေါင်းစု စတုမဟာရာဇ်နတ်မြို့တော်စောင့်တပ်များကို နေစေ၍လည်းကောင်း၊ မြို့တံခါး၏အပြင်ဘက်အရပ်လေးမျက်နှာတွင် ဘီလူး ဂန္ဓဗ္ဗ၊ကုမ္ဘဏ်၊နဂါးတို့ဖြင့် ဖွဲ့စည်းထားအပ်သောကင်းထောက်တပ်ကိုနေစေ၍လည်းကောင်း အစောင့်အဖြစ်ခေတ္တခန့်ထားချပြီးနောက်

ဂိဇ္ဈကုဋ်တောင်တစ်တောင်လုံးအား ထွန်းလင်းသွားလောက်သည် နှစ်သက်ဖွယ်အဆင်းအလင်းတို့ဖြင့် လင်းထိန်စေလျက် ငါ့ထံသို့ ချဉ်းကပ်ဝန်းရံကာ ငါ့အား ရိုသေစွာရှိခိုးပြီးနောက် တစ်ခုသောနေရာ၌ ထိုင်ကြကုန်၏။

(ထိုနတ်မင်းလေးယောက်တို့၏ အခြွေအရံအစေအပါးလက်ထောက်ဖြစ်သော နတ်တို့မှ) အချို့သောနတ်များသည် ရှိခိုးပြီး တစ်နေရာ၌ထိုင်ကြ၏။ အချို့သောနတ်များသည် ငါနှင့် ဝမ်းမြောက်ခင်မင်ဖွယ်သောစကားများအပြန်အလှန်နှုတ်ဆက်ပြောဆိုပြီး တစ်နေရာ၌ထိုင်နေကြ၏။

အချို့သောနတ်များသည် ငါ့အား လက်အုပ်ချီလျက် တစ်နေရာ၌ထိုင်နေကြ၏။

အချို့သောနတ်များသည် မိမိတို့၏အမည်နှင့်မျိုးနွယ်များကို ငါသိစေရန်အလို့ငှာ ပြောကြားပြီးနောက် တစ်နေရာ၌ထိုင်နေကြ၏။

အချို့သောနတ်များသည် တစ်နေရာ၌ တည်ငြိမ်တိတ်ဆိတ်စွာထိုင်နေ၏။

ဝေဿဝဏ္ဏနတ်မင်းကြီးက မြတ်စွာဘုရားအား ပရိတ်အရံအတားခွင့်ပြုရန် လျှောက်ထားခြင်း

ထိုင်နေသောနတ်မင်းကြီးလေးပါးများအနက် ဝေသာဝဏ္ဏမည်သော ကုဝေရနတ်မင်းကြီးသည်-

“အရှင်ဘုရား။ မြတ်စွာဘုရားအား မကြည်ညိုသော တန်ခိုးကြီးဘီလူးတို့သည်လည်းကောင်း၊တန်ခိုးအလတ်ရှိသောဘီလူးတို့သည်လည်းကောင်း၊ အနည်းအငယ်သောတန်ခိုးသာရှိသည့်ဘီလူးတို့သည်လည်းကောင်း ထိုဘီလူးဆိုးတို့သည် ဤလောက၌ရှိပါ၏။

ထို့အပြင်လည်း မြတ်စွာဘုရားအား ကြည်ညိုသော တန်ခိုးကြီးဘီလူးတို့သည်လည်းကောင်း၊ တန်ခိုးအလတ်ရှိသောဘီလူးတို့သည်လည်းကောင်း၊ အနည်းအငယ်သောတန်ခိုးသာရှိသည့် ဘီလူးတို့သည်လည်းကောင်း ထိုဘီလူးကောင်းတို့သည်လည်း ဤလောက၌ရှိပါ၏။

သို့သော်လည်း ဘီလူးအနည်းစုသည်သာ မြတ်စွာဘုရားအားကြည်ညိုကြပြီး ဘီလူးအများစုမှာမူ အရှင်ဘုရားအား သဘောမကျမကြည်ညိုကြပါကုန်။

အဘယ်ကြောင့်ဆိုသော် မြတ်စွာဘုရားသည် သူတစ်ပါးအသက်သတ်ခြင်း၊မပေးသောဥစ္စာကိုခိုးယူခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ပြုလုပ်ခြင်း၊ မဟုတ်မှန်သောစကားကိုပြောဆိုခြင်း၊ မူးယစ်မေ့လျော့စေတတ်သော သေအရက်ကိုသောက်ခြင်းတည်းဟူသော မှားသောလုပ်ရပ်ငါးမျိုးကို သတ္တဝါမပြုလုပ်ဘဲ ရှောင်ကြဉ်စေရန်အတွက် တရားတော်များအားဟောကြားတော်မူ၏။ ထိုတရားတော်ကို သူတစ်ပါးအသက်ကိုအမြဲသတ်တတ်သော၊မပေးသောဥစ္စာကိုခိုးယူတတ်သော၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ပြုလုပ်တတ်သော၊ မဟုတ်မှန်သောစကားကိုပြောဆိုတတ်သော၊ မူးယစ်မေ့လျော့စေတတ်သော သေအရက်ကိုသောက်တတ်သော ဘီလူးအများစုက လုံးဝမနှစ်သက်သဘောမကျပေ။

အရှင်ဘုရား။ မြတ်စွာဘုရား၏တပည့်တို့သည် အသံနည်းပါးသော၊ ဆူညံ့လှသည့် မြို့ရွာအသံတို့မရှိသော၊ လူတို့၏အရိပ်အယောင်အငွေ့အသက်မရှိသော၊ လူအများစုတို့၏ မကောင်းမှုပြုရန် အကောင်းဆုံးနေရာဖြစ်သည့် မြို့ရွာနှင့်ဝေးသော တောများအားကျောင်းအဖြစ်သတ်မှတ်ကာ မှီဝဲနေထိုင်ကြပါ၏။ ထိုတောများ၌ နေထိုင်သော ဘီလူးအများစုသည် မြတ်စွာဘုရား၏အဆုံးအမလမ်းပြမှုအား မနှစ်သက်မကြည်ညိုပါကုန်။ ထို့ကြောင့် မြတ်စွာဘုရားသည် ထိုဘီလူးတို့ကို မြတ်စွာဘုရားအားကြည်ညိုလာစေရန်အတွက်လည်းကောင်း၊ ရဟန်းယောကျာ်း၊ရဟန်းမိန်းမ၊ ဥပါသကာယောကျာ်း၊ ဥပါသိကာမိန်းမတို့အား အစောင့်အရှောက်အကာအကွယ်ဖြစ်စေရန်အတွက်လည်းကောင်း ရည်ရွယ်၍ ဤ အာဋာနာဋိယအမည်ရှိသည့် ပရိတ်အရံအတားကို မြတ်စွာဘုရား၏တပည့်သာဝကတို့အား သင်ပြဟောကြားတော်မူပါလော့။”ဟူ၍ ငါ့အား လျှောက်၏။

ထိုအခါ ငါသည် တိတ်ဆိတ်စွာနေသောအမူအရာနည်းဖြင့် ဝေဿဝဏ္ဏနတ်မင်း၏လျှောက်တင်မှုအား လက်ခံတော်မူ၏။

ငါလက်ခံတော်မူခြင်းကို သိမိရိပ်မိသော ဝေဿဝဏ္ဏနတ်မင်းသည် ငါ့အား ဤသို့လျှောက်ထားလေ၏။

ဘုရားခုနှစ်ဆူအားရှိခိုးခြင်းကဏ္ဍ

ဝေဿဝဏ္ဏနတ်မင်း- စက္ခုအမြင်ငါးပါးကိုပိုင်ဆိုင်တော်မူပြီး ဘုန်းတော်ကျက်သရေအပေါင်းတို့နှင့် ပြည့်စုံတော်မူသော ဝိပဿီမြတ်စွာဘုရားအား အကျွန်ုပ်ရှိခိုးပါ၏။ သတ္တဝါအားလုံးအား သနားတော်မူတတ်သော သိခီမြတ်စွာဘုရားအား အကျွန်ုပ်ရှိခိုးပါ၏။ ကိလေသာစင်ကြယ်ပြီး ခြိုးခြံချွေတာတတ်သော အကျင့်ရှိသည့် ဝေဿဘူမြတ်စွာဘုရားအား အကျွန်ုပ်ရှိခိုးပါ၏။ မာရ်စစ်သည်ကို ကောင်းမွန်စွာအောင်မြင်နိုင်သော ကကုသန်မြတ်စွာဘုရားအား အကျွန်ုပ်ရှိခိုးပါ၏။ မကောင်းမှုအပေါင်းမှ လွတ်မြောက်ပြီး၍ မဂ္ဂဗြာဟ္မစရိယနှင့်ပြည့်စုံတော်မူသော ကောဏာဂမန မြတ်စွာဘုရားအား အကျွန်ုပ်ရှိခိုးပါ၏။ ဝိမုတ္တိငါးပါး၏အစွမ်းတန်ခိုးတော်ဖြင့် ကိလေသာအပေါင်းမှ အမြဲကင်းတော်မူသော ကဿပမြတ်စွာဘုရားအား အကျွန်ုပ်ရှိခိုးပါ၏။ သာကီဝင်မင်းမျိုးနွယ်လည်းဖြစ်တော်မူသော၊ကိုယ်တော်မှလည်းရောင်ခြည်ထွက်တတ်ပြီး ဘုန်းကျက်သရေနှင့်ပြည့်စုံတော်မူသော ဆင်းရဲခပ်သိမ်းကို ပယ်ဖျောက်တတ်သော သဘောရှိသည့် ဤအာဋာနာဋိယပရိတ်တရားတော်ကိုဟောတော်မူသော ဂေါတမမြတ်စွာဘုရားအား အကျွန်ုပ်ရှိခိုးပါ၏။

လောက၏ဘုရားရှင်များဖြစ်ကြပြီး ကိလေသာမရှိသော ဝိပဿီ၊သိခီ၊ဝေဿဘူ၊ကကုသန္ဓ၊ကောဏာဂမန၊ကဿပ၊ ဂေါတမတည်းဟူသော ဘုရားရှင်ခုနှစ်ဆူတို့သည် အလုံးစုံသောတရားအပေါင်းကို အမှန်တကယ် သိမြင်တော်မူကြ၏။ သွေးထိုးစကားကို ပြောဆိုခြင်းမရှိ။ ကြီးမြတ်တော်မူသည့်အပြင် ကြောက်ရွံ့တတ်ခြင်းမရှိ။

နတ်၊လူတို့၏အကျိုးချမ်းသာကို ပေးတတ်သော ဉာဏ်ပညာနှင့်အကျင့် တို့ဖြင့် ပြည့်စုံတော်မူသော၊ မြင့်မြတ်၍အကြောက်တရားရှိတော်မမူသော ဂေါတမမြတ်စွာဘုရားအား နတ်လူအပေါင်းတို့သည် အမြဲတစေ ရှိခိုးတတ်ကြကုန်၏။ အကျွန်ုပ်သည်လည်း ဂေါတမမြတ်စွာဘုရားအမှူးပြုသော ဘုရားမြတ်ခုနှစ်ဆူအား ရှိခိုးပါ၏။

အရှေ့အရပ်အား အစိုးရသော ဓတရဋ္ဌနတ်မင်းကြီး နှင့် ဓတရဋ္ဌနတ်မင်း၏သားတော်များအကြောင်း

အကြင်အရပ်မှ အလွန်ထွန်းတောက်ပသောအရောင်အဆင်းနှင့်ပြည့်စုံသည့် ကြီးမားသောမျက်နှာပြင်ဝန်းရှိသော သူရိယနေမင်း၏ရောင်ခြည် ထွက်ပေါ်လာလေသော် (အမှောင်အမိုက်အထီးကျန်ခြင်း သဘောဆောင်သည့်) ညအခါသည် ကွယ်ပျောက်လေ၏၊ ထိုနေမင်းကြီး၏ အရောင်အဝါလွှမ်းမိုးသော အချိန်ကို နေ့အခါဟူ၍ သတ်မှတ်အပ်၏။

ထိုနေထွက်ရာအရှေ့အရပ်၌ တည်ရှိသည့် မြစ်ကြီး၊ မြစ်ငယ် အသွယ်သွယ်တို့၏ ရေများစီးဝင်ပေါင်းဆုံမှုကြောင့် ဖြစ်ပေါ်လာသော ရေထုအနက်ကြီးအား သမုဒ္ဒရာဟူ၍ လူအပေါင်းတို့သိကြပါကုန်၏။

ဤနေရာမှ တိုင်းတာပါက ထိုအရပ်နေရာသည် အရှေ့ဘက်ဖြစ်၏။ ထို့အပြင် လူအများကလည်း ထိုနေရာအား အရှေ့အရပ်မျက်နှာဟု သတ်မှတ်ခေါ်ဝေါ်ကြပါကုန်၏။ ထို အရှေ့အရပ်အား ဂန္ဓဗ္ဗတို့အား အစိုးရသူ အရှင်သခင်ဖြစ်သော များသောအခြံအရံအားပိုင်ဆိုင်ထားသော ဓတရဋ္ဌနတ်မင်းကြီးသည် စောင့်ကြပ်ထိန်းသိမ်း၏။ ဓတရဋ္ဌနတ်မင်းကြီးသည် ဂန္ဓဗ္ဗနတ်အပေါင်းတို့ဖြင့် ခြံရံလျက် ကခုန်သီဆိုပွဲကို ကြည့်ရှုရခြင်းအား နှစ်သက်သဘောကျ၏။ ခွန်အားနှင့်ပြည့်စုံပြီး ဣန္ဒအမည်ရှိသည့် ကိုးဆယ့်တစ်ယောက်သော နတ်သားများ၏ ဖခင်သည် ဓတရဋ္ဌနတ်မင်းကြီးပင်ဖြစ်ပါပေ၏။ ထိုနတ်မင်းကြီး ကိုးဆယ့်တစ်ယောက်သော သားတော်များသည် သစ္စာလေးပါးကို သိတော်မူသော၊ နေမင်း၏ အဆွေအနွယ်တော်လည်းဖြစ်သော၊ ကြောက်ရွံ့ခြင်းကင်းတော်မူပြီး မြင့်မြတ်သောမူသော မြတ်စွာဘုရားကို (လမ်းခရီး၌)မြင်လောက်သော နေရာ၌ မြင်လျှင်ပင် ယောကျာ်းအာဇာနည်ဖြစ်တော်မူသည့် မြတ်စွာဘုရားအား ရှိခိုးပါ၏။ အရှင်ဘုရားသည် သဗ္ဗေညုတဉာဏ်တော်ဖြင်် သတ္တဝါအားလုံးကို ရှုကြည့်တော်မူတတ်ပေ၏ ဟု ဆိုပြီး ရှိခိုးကြပါ၏။

“သင်တို့သည် မာရ်ငါးပါးကိုအောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုးကုန်သလော” ဟူသော (ဓတရဋ္ဌနတ်မင်းကြီးက သားတော်၉၁ပါးအား သတိပေးမေးမြန်းသည့်)အမေးစကားကို အမြဲကြားရပါ၏။ ထိုအခါ (၉၁ပါးသောနတ်သားများက) “ငါတို့သည် မာရ်ငါးပါးကိုအောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုးကြပါ၏” ဟူ၍ပြန်ဖြေကြလေ၏ ။ ယခုအခါ အကျွန်ုပ်တို့သည်လည်း(ဝေဿဝဏ္ဏအမှူးပြုသောနတ်အပေါင်း) အသိဉာဏ်ထူး၊အကျင့်မြတ်ထူးတို့အား ပိုင်ဆိုင်တော်မူသော၊ သစ္စာလေးပါးကို သိမြင်ပြီးတော်မူသော ဂေါတမမြတ်စွာဘုရားအား ရှိခိုးပါကုန်၏။

တောင်အရပ်ရှိ ဝိရုဠကနတ်မင်းကြီးနှင့် သားတော်များ၏ အကြောင်း

လူအများစုသည် သေဆုံးပြီးသောလူသေအလောင်းများ၊ သွေးထိုးစကားဆိုတတ်သောသူများ၊ လာဘ်စားတတ်သောသူများ၊ သူတစ်ပါးကိုသတ်တတ်သောသူများ၊ အလိုရမ္မက်ကြီးသူများ၊ သူခိုးများ၊ ကြမ်းတမ်းယုတ်မာသောအမှုများအား ပြုသူများ ဟူသော လူခုနှစ်မျိုးတို့အား ထိုအရပ်မျက်နှာသို့ နှင်ထုတ်ပြီး အပြစ်ပေးကြပါလော့ဟူ၍ အမြဲသတ်မှတ်ပြောဆိုကြ၏။

ဤနေရာမှ တိုင်းတာပါက ထိုအရပ်နေရာသည် တောင်ဘက်ဖြစ်၏။ ထို့အပြင် လူအများကလည်း ထိုနေရာအား တောင်အရပ်မျက်နှာဟု သတ်မှတ်ခေါ်ဝေါ်ကြပါကုန်၏။ ထို တောင်အရပ်အား ကုမ္ဘဏ်နတ်တို့အား အစိုးရသူ အရှင်သခင်ဖြစ်သော များသောအခြံအရံအားပိုင်ဆိုင်ထားသော ဝိရုဠကနတ်မင်းကြီးသည် စောင့်ကြပ်ထိန်းသိမ်း၏။ ဝိရုဠကနတ်မင်းကြီးသည် ကုမ္ဘဏ်နတ်အပေါင်းတို့ဖြင့် ခြံရံလျက် ကခုန်သီဆိုပွဲကို ကြည့်ရှုရခြင်းအား နှစ်သက်သဘောကျ၏။ ခွန်အားနှင့်ပြည့်စုံပြီး ဣန္ဒအမည်ရှိသည့် ကိုးဆယ့်တစ်ယောက်သော နတ်သားများ၏ ဖခင်သည် ဝိရုဠကနတ်မင်းကြီးပင်ဖြစ်ပါပေ၏။ ထိုနတ်မင်းကြီး ကိုးဆယ့်တစ်ယောက်သော သားတော်များသည် သစ္စာလေးပါးကို သိတော်မူသော၊ နေမင်း၏ အဆွေအနွယ်တော်လည်းဖြစ်သော၊ ကြောက်ရွံ့ခြင်းကင်းတော်မူပြီး မြင့်မြတ်သောမူသော မြတ်စွာဘုရားကို (လမ်းခရီး၌)မြင်လောက်သော နေရာ၌ မြင်လျှင်ပင် ယောကျာ်းအာဇာနည်ဖြစ်တော်မူသည့် မြတ်စွာဘုရားအား ရှိခိုးပါ၏။ အရှင်ဘုရားသည် သဗ္ဗေညုတဉာဏ်တော်ဖြင်် သတ္တဝါအားလုံးကို ရှုကြည့်တော်မူတတ်ပေ၏ ဟု ဆိုပြီး ရှိခိုးကြပါ၏။

“သင်တို့သည် မာရ်ငါးပါးကိုအောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုးကုန်သလော” ဟူသော (ဝိရုဠကနတ်မင်းကြီးက သားတော်၉၁ပါးအား သတိပေးမေးမြန်းသည့်)အမေးစကားကို အမြဲကြားရပါ၏။

ထိုအခါ (၉၁ပါးသောနတ်သားများက) “ငါတို့သည် မာရ်ငါးပါးကိုအောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုးကြပါ၏” ဟူ၍ပြန်ဖြေကြလေ၏ ။

ယခုအခါအကျွန်ုပ်တို့သည်လည်း(ဝေဿဝဏ္ဏအမှူးပြုသောနတ်အပေါင်း) အသိဉာဏ်ထူး၊အကျင့်မြတ်ထူးတို့အား ပိုင်ဆိုင်တော်မူသော၊ သစ္စာလေးပါးကို သိမြင်ပြီးတော်မူသော ဂေါတမမြတ်စွာဘုရားအား ရှိခိုးပါကုန်၏။

အနောက်အရပ်အား အစိုးရသည့် ဝိရုပက္ခနတ်မင်းကြီးနှင့်သားတော်များအကြောင်း

အကြင်အရပ်သို့ အလွန်ထွန်းတောက်ပသောအရောင်အဆင်းနှင့်ပြည့်စုံသည့် ကြီးမားသောမျက်နှာပြင်ဝန်းရှိသော သူရိယနေမင်းသည်ရောက်ပြီး ရောင်ခြယ်ကွယ်ပျောက်သွားလေသော် (အမှောင်အမိုက်အထီးကျန်ခြင်း သဘောဆောင်သည့်) ညအခါသည် ဖြစ်ပေါ်ပြီး နေ့အချိန်သည် ကုန်ဆုံးလေ၏၊ ထိုနေမင်းကြီး၏ အရောင်အဝါပျောက်ကွယ်သော အချိန်ကို ညအခါဟူ၍ သတ်မှတ်အပ်၏။

ထိုနေဝင်ရာအနောက်အရပ်၌ တည်ရှိသည့် မြစ်ကြီး၊ မြစ်ငယ် အသွယ်သွယ်တို့၏ ရေများစီးဝင်ပေါင်းဆုံမှုကြောင့် ဖြစ်ပေါ်လာသော ရေထုအနက်ကြီးအား သမုဒ္ဒရာဟူ၍ လူအပေါင်းတို့သိကြပါကုန်၏။

ဤနေရာမှ တိုင်းတာပါက ထိုအရပ်နေရာသည် အနောက်ဘက်ဖြစ်၏။ ထို့အပြင် လူအများကလည်း ထိုနေရာအား အနောက်အရပ်မျက်နှာဟု သတ်မှတ်ခေါ်ဝေါ်ကြပါကုန်၏။

ထို အနောက်အရပ်အား နဂါးနတ်တို့အား အစိုးရသူ အရှင်သခင်ဖြစ်သော များသောအခြံအရံအားပိုင်ဆိုင်ထားသော ဝိရုပက္ခနတ်မင်းကြီးသည် စောင့်ကြပ်ထိန်းသိမ်း၏။ ဝိရုပက္ခနတ်မင်းကြီးသည် နဂါးအပေါင်းတို့ဖြင့် ခြံရံလျက် ကခုန်သီဆိုပွဲကို ကြည့်ရှုရခြင်းအား နှစ်သက်သဘောကျ၏။ ခွန်အားနှင့်ပြည့်စုံပြီး ဣန္ဒအမည်ရှိသည့် ကိုးဆယ့်တစ်ယောက်သော နတ်သားများ၏ ဖခင်သည် ဝိရုပက္ခနတ်မင်းကြီးပင်ဖြစ်ပါပေ၏။

ထိုနတ်မင်းကြီး ကိုးဆယ့်တစ်ယောက်သော သားတော်များသည် သစ္စာလေးပါးကို သိတော်မူသော၊ နေမင်း၏ အဆွေအနွယ်တော်လည်းဖြစ်သော၊ ကြောက်ရွံ့ခြင်းကင်းတော်မူပြီး မြင့်မြတ်သောမူသော မြတ်စွာဘုရားကို (လမ်းခရီး၌)မြင်လောက်သော နေရာ၌ မြင်လျှင်ပင် ယောကျာ်းအာဇာနည်ဖြစ်တော်မူသည့် မြတ်စွာဘုရားအား ရှိခိုးပါ၏။ အရှင်ဘုရားသည် သဗ္ဗေညုတဉာဏ်တော်ဖြင်် သတ္တဝါအားလုံးကို ရှုကြည့်တော်မူတတ်ပေ၏ ဟု ဆိုပြီး ရှိခိုးကြပါ၏။

“သင်တို့သည် မာရ်ငါးပါးကိုအောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုးကုန်သလော” ဟူသော (ဝိရုပက္ခနတ်မင်းကြီးက သားတော်၉၁ပါးအား သတိပေးမေးမြန်းသည့်)အမေးစကားကို အမြဲကြားရပါ၏။

ထိုအခါ (၉၁ပါးသောနတ်သားများက) “ငါတို့သည် မာရ်ငါးပါးကိုအောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုးကြပါ၏” ဟူ၍ပြန်ဖြေကြလေ၏ ။

ယခုအခါအကျွန်ုပ်တို့သည်လည်း(ဝေဿဝဏ္ဏအမှူးပြုသောနတ်အပေါင်း) အသိဉာဏ်ထူး၊အကျင့်မြတ်ထူးတို့အား ပိုင်ဆိုင်တော်မူသော၊ သစ္စာလေးပါးကို သိမြင်ပြီးတော်မူသော ဂေါတမမြတ်စွာဘုရားအား ရှိခိုးပါကုန်၏။

မြောက်အရပ်အား အစိုးရသည့် ဝေဿဝဏ္ဏ ကုဝေရနတ်မင်းကြီးနှင့်သားတော်များ၏ အကြောင်း

မြောက်ကျွန်း၏အကြောင်း

မြင့်မိုရ်တောင်၏ ရွှေရောင်တောက်ပသောဘက်အခြမ်းရှိ ထိုအရပ်တွင် ဥတ္တရကုရုဟူသော မြောက်ကျွန်းတည်ရှိ၏။ ထိုကျွန်းသူ၊ကျွန်းသားတို့သည် ငါ၏ဥစ္စာဟူ၍လည်းကောင်း၊ ငါ၏သားမယားဟူ၍လည်းကောင်း စွဲလမ်းမှတ်ယူကာ အတင်းသိမ်းပိုက်တတ်ခြင်းမရှိ။

ထိုမြောက်ကျွန်းသူ၊ ကျွန်သားတို့သည် သစ်ပင်မျိုးစေ့များ စိုက်ပျိုးခြင်းမရှိ၊ လယ်မထွန်ခြင်းမရှိ။ ထို လယ်မထွန်၊ မျိုးစေ့ချမစိုက်သည့် လယ်ပြင်မှ အလိုလိုပေါက်သည့်သလေးဆန်ကိုသာစားကုန်၏။

ကျိုးပဲ့ခြင်းမရှိ စင်ကြယ်ကောင်းမွန်၍ အနံ့သင်းသည့် သလေးဆန်တစ်မျိုးတည်းကိုသာ ထမင်းအိုးတွင် ချက်ပြီး စားကြကုန်၏။

မြောက်ကျွန်းရှိ ဝေဿဝဏ္ဏနတ်မင်းအခြွေအရံများ၏ အကြောင်း

ထိုမြောက်ကျွန်း၌ ဝေဿဝဏ္ဏနတ်မင်း၏အခြေံအရံတို့သည် နွားကို မြင်းကိုစီးနင်းယာဉ်ပြုသကဲ့သို့ ပြုပြီး စီးခြင်းဖြင့်လည်းကောင်း၊ နွားအပြင် အခြား သတ္တဝါများအားလည်း မြင်းကို စီးနင်းယာဉ်ပြုသကဲ့သို့ ပြုပြီး စီးခြင်းဖြင့်လည်းကောင်း၊ မိန်းမ၊ယောကျာ်း၊အပျို၊လူပျိုတို့ကိုလည်း စီးတော်ယာဉ်အဖြစ် စီးနင်း၍လည်းကောင်း အရပ်မျက်နှာများအလီလီသို့ လှည့်လည်သွားလာကြကုန်၏။

ဝေဿဝဏ္ဏနတ်မင်းကြီး၏ ယာဉ်များနှင့် မြို့တော်များ အကြောင်း

များစွာသောအခြံအရံအား အစိုးရသည့် ဝေဿဝဏ္ဏနတ်မင်းထံတွင် ဆင်ယာဉ်၊မြင်းယာဉ်၊ နတ်တန်ခိုးကြောင့်ဖြစ်ပေါ်သောယာဉ်နှင့် ပြာဿဒ်ကဲ့သို့မြင့်မားသည့် ထမ်းစင်ယာဉ်များသည်လည်း ရှိကုန်၏။

ထိုဝေဿဝဏ္ဏနတ်မင်းကြီးသည် အာဋာနာဋမြို့၊ကုသိနာဋမြို့၊ပရကုသိနာဋမြို့၊ နာဋသူရိယမြို့၊ ပရကုသိဋနာဋမြို့တည်းဟူသော အကောင်းဆုံးသောဖန်တီးမှုဖြင့် ဖန်တီးထားသော ကောင်းကင်နတ်မြို့တော်ကြီးများအား ပိုင်တော်မူ၏။

ထိုမြို့ကြီးများ၏ မြောက်ဘက်၌ ကသိဝန္တမြို့၊ဇနောဃမြို့၊ နဝနဝုတိယမြို့ နှင့် အမ္ဗရ အမ္ဗရဝတိယမြို့တည်းဟူသော မြို့များတည်ရှိ၏။ အာဠကမန္ဒာမည်သော နတ်မြို့တော်ကြီးသည်ကား ဝေဿဝဏ္ဏနတ်မင်းကြီး၏ အဓိကမင်းနေပြည်မြို့တော်ကြီးဖြစ်ပေ၏။

ဝေဿဝဏ္ဏနတ်မင်းကြီးဟု အမည်တွင် ရခြင်း၏အကြောင်း

အရှင်ဘုရား။(ကုဝေရနတ်မင်းကြီးအား ဝေဿဝဏ္ဏနတ်မင်းကြီးဟု အမည်တွင်ခေါ်ဆိုရခြင်း၏အကြောင်းအရင်းမှာ) ဝိဿဝဏာဟူသော နတ်မင်းနေပြည်အား ပိုင်စံအစိုးရသောနတ်မင်းကြီးဖြစ်သောကြောင့် ဝေဿဝဏ္ဏနတ်မင်းကြီး ဟုခေါ်ဆိုသုံးအပ်ပါ၏။

တတောလာ၊တတ္တလာ၊တတောတလာ၊ဩဇာသိ၊တေဇသိ၊တတောဇသိ၊သူရ၊ရာဇာ၊အရိဋ္ဌ၊နေမိ တည်းဟူသော ဘီလူးများသည် ဝေဿဝဏ္ဏနတ်မင်းကြီးထံသို့ သတင်းစကားအမျိုးမျိုး ရှာဇွေစုဆောင်း၍ တင်ပြပြောကြားရသော ဘီလူးများဖြစ်ကြပါ၏။

ထို နတ်မြို့တော်၊ နတ်မင်းနေပြည်မြို့တော်များ၏ တည်ရှိရာမြောက်အရပ်၌ ဓရဏီမည်သော လေးထောင့်သဏ္ဍာန် မိုးရေလှောင်ကန်ကြီးသည်လည်း တည်ရှိပါ၏။ အကြင် လေးထောင့်ကန်ကြီးမှ (ထွက်သောရေငွေ့များသည်) မိုးအဖြစ် လေးထောင့်ကန်ကြီးထဲသို့ ပြန်လည်ရွာကျပါ၏။ ထိုအခါ ကန်ကြီးမှ မိုး ရေဟောင်းတို့ လျှံထွက်ကာ မိုးရေသစ်တို့ဖြင့် ပြည့်စုံနေပါ၏။

ထို လေးထောင့် မိုးရေလှောင်ကန်ကြီး၏ အနီး၌ သာလဝတီအမည်ရှိသည့် ရတနာမဏ္ဍပ်သည်လည်းရှိပါ၏။ ဘီလူးများသည်လည်း ထိုရတနာမဏ္ဍပ်၌ အမြဲတစေ စည်ဝေးလေ့ရှိပါ၏။ ထို(ကန်ကြီးနဘေး၌) အမြဲတမ်း သီးတတ်ပွင့်တတ်လေ့ရှိသော သစ်ပင်ကြီးများရှိကြပါ၏။ (ထိုသစ်ပင်ကြီးတစ်ဝိုက်၌) များလှသော ငှက်အမျိုးမျိုးအုပ်တို့ပြည့်ကျပ်စွာ ပျံသန်းသွားလာနေကြ၏။ အသံသာသော ဥဒေါင်း၊ကြိုးကြာနှင့် ဥဩစသောငှက်မျိုးတို့သည်လည်း မြည်တွန် ကြွေးကြော်အော်ဟစ်၍ နေကြပါပေ၏။

ဤလေးထောင့်သဏ္ဍာန်ရေကန်ကြီးတစ်ဝိုက်၌ “အသက်ရှည်ပါစေ”ဟူသည့်စကားအား အမြဲသီဆိုတတ်သော ဇီဝဇိုးငှက်သံများ၊ “ဥဋ္ဌေဟိ စိတ္တ”ဟူသောစကားသံအားလည်း အမြဲသီဆိုနေတတ်သောငှက်သံများ ဖြင့် တင့်တယ်သာယာနေပါ၏။ ထိုရေကန်ကြီးတစ်ဝိုက်၌ တောကြက်၊ရွှေရောင်အဆင်းရှိသည့် ပုစွန်လုံးတို့သည်လည်း ရှိနေပါပေ၏။ ထိုရေကန်ကြီးတစ်ဝိုက်၏ ကြာတော၌ ပေါက္ခရသာတကအမည်ရှိသည့် ငှက်တို့သည်လည်း ရှိနေပါပေ၏။

ဤလေးထောင့်သဏ္ဍာန်ရေကန်ကြီးတစ်ဝိုက်၌ ကျေးသာလိကာငှက်တို့၏အသံတို့ဖြင့် သာယာနေပါပေ၏။ လူ့မျက်နှာကဲ့သို့သော မျက်နှာရှိသည့် တုတ်ထောက်ငှက်တို့သည် ရှိပါကုန်၏။ ဤသို့ဖြင့် ကုဝေရနတ်မင်းကြီး၏ ဓရဏီမည်သော ကြာပဒုမ္မာ မိုးရေလှောင်ကန်ကြီးသည် အမြဲတင့်တယ်သာယာပါပေ၏။

ဤနေရာမှ တိုင်းတာပါက ထိုအရပ်နေရာသည် မြောက်ဘက်ဖြစ်၏။ ထို့အပြင် လူအများကလည်း ထိုနေရာအား မြောက်အရပ်မျက်နှာဟု သတ်မှတ်ခေါ်ဝေါ်ကြပါကုန်၏။

ထို မြောက်အရပ်အား ဘီလူးနတ်တို့အား အစိုးရသူ အရှင်သခင်ဖြစ်သော များသောအခြံအရံအားပိုင်ဆိုင်ထားသော ကုဝေရနတ်မင်းကြီးသည် စောင့်ကြပ်ထိန်းသိမ်း၏။ ကုဝေရနတ်မင်းကြီးသည် ဘီလူးအပေါင်းတို့ဖြင့် ခြံရံလျက် ကခုန်သီဆိုပွဲကို ကြည့်ရှုရခြင်းအား နှစ်သက်သဘောကျ၏။ ခွန်အားနှင့်ပြည့်စုံပြီး ဣန္ဒအမည်ရှိသည့် ကိုးဆယ့်တစ်ယောက်သော နတ်သားများ၏ ဖခင်သည် ဝေဿဝဏ္ဏကုဝေရနတ်မင်းကြီးပင်ဖြစ်ပါပေ၏။

ထိုနတ်မင်းကြီး ကိုးဆယ့်တစ်ယောက်သော သားတော်များသည် သစ္စာလေးပါးကို သိတော်မူသော၊ နေမင်း၏ အဆွေအနွယ်တော်လည်းဖြစ်သော၊ ကြောက်ရွံ့ခြင်းကင်းတော်မူပြီး မြင့်မြတ်သောမူသော မြတ်စွာဘုရားကို (လမ်းခရီး၌)မြင်လောက်သော နေရာ၌ မြင်လျှင်ပင် ယောကျာ်းအာဇာနည်ဖြစ်တော်မူသည့် မြတ်စွာဘုရားအား ရှိခိုးပါ၏။ အရှင်ဘုရားသည် သဗ္ဗေညုတဉာဏ်တော်ဖြင်် သတ္တဝါအားလုံးကို ရှုကြည့်တော်မူတတ်ပေ၏ ဟု ဆိုပြီး ရှိခိုးကြပါ၏။

“သင်တို့သည် မာရ်ငါးပါးကိုအောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုးကုန်သလော” ဟူသော (ဝေဿဝဏ္ဏကုဝေရနတ်မင်းကြီးက သားတော်၉၁ပါးအား သတိပေးမေးမြန်းသည့်)အမေးစကားကို အမြဲကြားရပါ၏။

ထိုအခါ (၉၁ပါးသောနတ်သားများက) “ငါတို့သည် မာရ်ငါးပါးကိုအောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုးကြပါ၏” ဟူ၍ပြန်ဖြေကြလေ၏ ။

ယခုအခါအကျွန်ုပ်တို့သည်လည်း(ဝေဿဝဏ္ဏအမှူးပြုသောနတ်အပေါင်း) အသိဉာဏ်ထူး၊အကျင့်မြတ်ထူးတို့အား ပိုင်ဆိုင်တော်မူသော၊ သစ္စာလေးပါးကို သိမြင်ပြီးတော်မူသော ဂေါတမမြတ်စွာဘုရားအား ရှိခိုးပါကုန်၏။ ”ဟူ၍ ငါ့အားလျှောက်ထားပြီးနောက်

အာဋာနာဋိယပရိတ်တော်၏အကျိုး

“အရှင်ဘုရား။ ဤအာဋာနာဋိယ ပရိတ်အရံအတားသည် ရဟန်းယောကျာ်း၊ ရဟန်းမိန်းမ၊ ဥပါသကာယောကျာ်း၊ ဥပါသိကာ မိန်းမ တို့ အတွက် ပင်ပန်းဆင်းရဲခြင်းမဖြစ်စေသော အကာကွယ်အစောင့်ရှောက်ကောင်းပင်ဖြစ်ပါပေ၏ဘုရား။

ဝေဿဝဏ္ဏနတ်မင်း၏ ဥပဒေကဲ့သို့ အာဏာတည်သော ပရိတ်အရံအတားဖြစ်စေသည့် အမိန့်

ဤအာဋာနာဋိယ ပရိတ်အရံအတားအား ကောင်းစွာသင်ယူတတ်မြောက်ပြီး၍ အဖန်ဖန်အထပ်ထပ် လေ့လာ ထားသော ရဟန်းယောကျာ်း၊ရဟန်းမိန်းမ၊ ဥပါသကာ ယောကျာ်း၊ ဥပါသိကာမိန်းမ တို့ သွားသောအခါ၌ အတူတူလိုက်ခြင်း၊ ထိုင်သောအခါ၌အတူတူကပ်၍ထိုင်ခြင်း၊ အိပ်နေစဉ် အတူတူကပ်၍အိပ်ခြင်းတို့ကို လူမဟုတ်သည့် ဘီလူး၊ဘီလူးမ၊ဘီလူးကလေး၊ဘီလူးမကလေး၊ဘီလူးအမတ်၊ အခြံအရံအဆင့်ဘီလူး၊ အလုပ်အကျွေးအဆင့်ဘီလူး၊ ဂန္ဓဗ္ဗနတ်၊ ဂန္ဓဗ္ဗနတ်သမီး၊ ဂန္ဓဗ္ဗကလေး၊ ဂန္ဓဗ္ဗမကလေး၊ ဂန္ဓဗ္ဗအမတ်၊ အခြံအရံဂန္ဓဗ္ဗနတ်သီချင်းသည်၊ အလုပ်အကျွေးဂန္ဓဗ္ဗနတ်သီချင်းသည်၊ ကုမ္ဘဏ်၊ ကုမ္ဘဏ်မ၊ ကုမ္ဘဏ်ကလေး၊ ကုဗ္ဘဏ်မကလေး၊ကုဗ္ဘဏ်အမတ်၊ အခြံအရံအဆင့်ကုမ္ဘဏ်၊ အလုပ်အကျွေးအဆင့် ကုမ္ဘဏ်၊ နဂါး၊ နဂါးမ၊ နဂါးကလေး၊ နဂါးမကလေး၊ နဂါးအမတ်၊ အခြံအရံအဆင့်နဂါး ၊ အလုပ်အကျွေးအဆင့်နဂါး တည်းဟူသော သူများသည် ဖျက်ဆီးပင်ပန်းလိုစိတ်ဖြင့် ပြုလုပ်သည်ရှိသော်

ရွာ၊နယ် တို့မှ အရိုအသေအလေးအမြတ်ပြုပူဇော်ခြင်းကို မရစေရ။ အာဠကမန္ဒာမည်သော မင်းနေပြည်ရှိ ဗိမာန်နှင့်အိမ်ရာတို့၌ လာမနေရ။ ထိုသူများသည် တစ်စုံတစ်ခုသော အစည်းအဝေးကြီးများသို့လည်း တက်ခွင့်မရှိ။ ထိုသူများအား အခြားသူများက မိမိတို့၏ သမီးဖြင့်စေ့စပ်လက်ထပ်ပေးခြင်း မပြုရ။ ထိုသူများ၏ ကိုယ်လက်အင်္ဂါရုပ်ဝတ္ထုအစိတ်အပိုင်းနှင့် ပတ်သက်သည့် သရော်လှောင်ပြောင်ဆဲခြင်းဆိုခြင်းအမျိုးမျိုးတို့ကို ထိုသူတို့အား အခြားသူများက ဆဲရင်လည်း ခံရမည်။ ထိုသူများ၏ဦးခေါင်းပေါ်တို့ကို အခြားသူများက သံခွက်အလွတ်ဖြင့် မှောက်ထားပြီး စနောက်ရင်လည်း ခံရမည်။ ထိုသူများကို အခြားသူများက ဦးခေါင်းခုနှစ်စိတ်ခွဲရင်လည်း ခံရမည်။

အရှင်ဘုရား။ ဥပမာအားဖြင့် မာဂဓတိုင်းကို အစိုးရသူ မင်းကြီး၏ နိုင်ငံတော်အတွင်း ခိုးသူကြီးတို့သည် ရှိနေပါ၏။ ထိုခိုးသူကြီးတို့သည် မာဂဓတိုင်းကို အစိုးရကုန်သော မင်းကြီးနှင့် မင်းကြီး၏ စစ်သူကြီးများ၏စကား အမိန့်ကို မနာခံလေလျှင် ထိုမင်းကြီးနှင့် စစ်သူကြီးတို့က မိမိဆန့်ကျင်ဘက်ရန်သူဟု သတ်မှတ်သကဲ့သို့ အမျက်ဒေါသကြီးပြီး နှောင့်ယှက်တတ်နှိပ်စက်တတ်သော ဘီလူးကြီးများသည် ဤလောက၌ ရှိပါ၏။ ထိုဘီလူးကြီးတို့သည် အကျွန်ုပ်အမှူးပြုသည့်နတ်မင်းကြီးများ၊ နတ်မင်းကြီးများ၏ နတ်စစ်သူကြီးများ ၏ (ယခုအမိန့်)စကားကို မနာခံပါလျှင် အကျွန်ုပ်တို့၏ ဆန့်ကျင်ဘက်ရန်သူဟု သတ်မှတ်ခေါ်ဆိုနိုင်ပါ၏။

အရှင်ဘုရား။ လူမဟုတ်သည့် ဘီလူး၊ဘီလူးမ၊ဘီလူးကလေး၊ဘီလူးမကလေး၊ဘီလူးအမတ်၊ အခြံအရံအဆင့်ဘီလူး၊ အလုပ်အကျွေးအဆင့်ဘီလူး၊ ဂန္ဓဗ္ဗနတ်၊ ဂန္ဓဗ္ဗနတ်သမီး၊ ဂန္ဓဗ္ဗကလေး၊ ဂန္ဓဗ္ဗမကလေး၊ ဂန္ဓဗ္ဗအမတ်၊ အခြံအရံဂန္ဓဗ္ဗနတ်သီချင်းသည်၊ အလုပ်အကျွေးဂန္ဓဗ္ဗနတ်သီချင်းသည်၊ ကုမ္ဘဏ်၊ ကုမ္ဘဏ်မ၊ ကုမ္ဘဏ်ကလေး၊ ကုဗ္ဘဏ်မကလေး၊ကုဗ္ဘဏ်အမတ်၊ အခြံအရံအဆင့်ကုမ္ဘဏ်၊ အလုပ်အကျွေးအဆင့် ကုမ္ဘဏ်၊ နဂါး၊ နဂါးမ၊ နဂါးကလေး၊ နဂါးမကလေး၊ နဂါးအမတ်၊ အခြံအရံအဆင့်နဂါး ၊ အလုပ်အကျွေးအဆင့်နဂါးများအနက် တစ်စုံတစ်ဦးသောသူသည် ရဟန်းယောကျာ်း၊ရဟန်းမိန်းမ၊ ဥပါသကာ ယောကျာ်း၊ ဥပါသိကာမိန်းမ တို့ သွားသောအခါ၌ အတူတူလိုက်ခြင်း၊ ထိုင်သောအခါ၌အတူတူကပ်၍ထိုင်ခြင်း၊ အိပ်နေစဉ် အတူတူကပ်၍အိပ်ခြင်းကို ပြုလေလျှင် ‘ဣန္ဒ,သောမ,ဝရုဏ, ဘာရဒွါဇ,ပဇာပတိ,စန္ဒန,ကာမသေဋ္ဌ, ကိန္နဃဏ္ဍု,နိဃဏ္ဍ, ပနာဒ, ဩပမည, နတ်တို့၏တမန်တော် မာတလိ, ဂန္ဓဗ္ဗတောင်၌နေကုန်သော စိတ္တသေန,နဠောရာဇာ,ဇနေသဘနတ်များ, သာတာဂီရ,ဟေမဝတ,ပုဏ္ဏက,ကရတိယ,ဂုဠ,သီဝက,မုစလိန္ဒ, ဝေဿာမိတ္တ, ယုဂန္ဓရ, ဂေါပါလ’သုပ္ပရောဓ,ဟိရိ, နေတ္တိ,မန္ဒိယ,ပဉ္စလစဏ္ဍ,အာဠဝက,ပဇ္ဇန္န, သုမန,သုမုခ,ဒဓိမုခ,မဏိ,မာဏိဝရ,ဒီဃဟူသောဘီလူးများနှင့်,သေရီသကနတ်’တို့တည်းဟူသော နတ်များ၊ဘီလူးများ,နတ်ကြီးများ,ဘီလူးကြီးများ, နတ်စစ်သူကြီး,နတ်စစ်မဟာသေနာပတိဦးစီးချုပ်များအား သိစေရန်အတွက် ဤသို့သောသူသည် ဤသူအားဖမ်းစားပူးဝင်နှိပ်စက်ညှဉ်းဆဲ၍ပင်ပန်းစေပြီး မိမိလက်မှမလွှတ်ဘဲ နှိပ်စက်ခြင်းအား ပြု၏ဟူ၍ တိုင်တန်းပြောကြားအပ်၏။

အရှင်ဘုရား။ ဤအာဋာနာဋိယ ပရိတ်အရံအတားသည် ရဟန်းယောကျာ်း၊ ရဟန်းမိန်းမ၊ ဥပါသကာယောကျာ်း၊ ဥပါသိကာ မိန်းမ တို့ အတွက် ပင်ပန်းဆင်းရဲခြင်းမဖြစ်စေဘဲ ချမ်းသာစေတတ်သော အကာကွယ်အစောင့်ရှောက်ကောင်းပင်ဖြစ်ပါပေ၏ဘုရား။” ဟူ၍ ငါ့အား လျှောက်ထားပြီးနောက်

နတ်များ မိမိ၏နေရပ်များသို့ ပြန်ကြခြင်း

ဝေဿဝဏ္ဏနတ်မင်းကြီးက- “အရှင်ဘုရား။ အကျွန်ုပ်တို့ ပြန်ပါကုန်အံ့။ အကျွန်ုပ်တို့သည် ပြုဖွယ်ကိစ္စများလှပါ၏” ဟု ငါ့အား ပြန်ခွင့်တောင်း၏။

ထိုအခါ ငါက-“နတ်မင်းကြီးတို့ အလိုတိုင်းပင်ဖြစ်၏။”ဟု ငါမိန့်တော်မူခဲ့၏။

နတ်မင်းကြီးလေးယောက်တို့သည် ငါခွင့်ပြုသည်ကို သိရှိလေသဖြင့် နေရာမှထကာ ငါ့အား ရှိခိုး၍ ထိုမတ်တပ်ရပ်သောနေရာ၌ပင် ပျောက်ကွယ်ကုန်၏။

(ထိုနတ်မင်းလေးယောက်တို့၏ အခြွေအရံအစေအပါးလက်ထောက်ဖြစ်သော နတ်တို့မှ) အချို့သောနတ်များသည် ငါ့အားရှိခိုးပြီး ပျောက်ကွယ်ကြ၏။ အချို့သောနတ်များသည် ငါနှင့် ဝမ်းမြောက်ခင်မင်ဖွယ်သောစကားများအပြန်အလှန်နှုတ်ဆက်ပြောဆိုပြီး ပျောက်ကွယ်ကြ၏။

အချို့သောနတ်များသည် ငါ့အား လက်အုပ်ချီလျက် ပျောက်ကွယ်ကြ၏။

အချို့သောနတ်များသည် မိမိတို့၏အမည်နှင့်မျိုးနွယ်များကို ငါသိစေရန်အလို့ငှာ ပြောကြားပြီးနောက် ပျောက်ကွယ်ကြ၏။

အချို့သောနတ်များသည် တစ်နေရာ၌ တည်ငြိမ်တိတ်ဆိတ်စွာထိုင်နေရာမှ ပျောက်ကွယ်ကြ၏။” ဟူ၍ ပြန်လည်မိန့်တော်မူပြီးနောက် ရဟန်းတို့အား

မြတ်စွာဘုရားရှင်၏ တိုက်တွန်းချက်

မြတ်စွာဘုရား- “ရဟန်းတို့ အာဋာနာဋိယမည်သော ဤပရိတ်အရံအတားကို သင်ယူမှတ်သားပြီး အဖန်ဖန်အထပ်ထပ် လေ့လာ၍ ဆောင်ကြကုန်လော့။ ဤအာဋာနာဋိယပရိတ်အရံအတားသည် အကျိုးစီးပွားနှင့် သင့်တော်ဆက်စပ်၏။ ဤအာဋာနာဋိယမည်သော ပရိတ်အရံအတားသည် ပင်ပန်းဆင်းရဲခြင်းမဖြစ်စေဘဲ ချမ်းသာစေတတ်သော အကာကွယ်အစောင့်ရှောက်ကောင်းပင်ဖြစ်ပါပေသတည်း” ဟူ၍ မိန့်တော်မူ၏။

သင်္ဂါယနာမှတ်တမ်း

အရှင်အာနန္ဒာ-“ဤသို့ ဣမံ ဘိက္ခဝေ, ရတ္တိံ စတ္တာရော မဟာရာဇမ မဟတိယာအစချီသော ပရိတ်အရံအတားတရားတော်ကို မြတ်စွာဘုရားရှင်သည် (ရဟန်းများအား) ဟောကြားတော်မူခဲ့၏။ မြတ်စွာဘုရားဟောကြားသည့် ဤတရားတော်ကို ရဟန်းများသည်လည်း နှစ်သက်သဘောကျသည်ဖြစ်၍ ဝမ်းမြောက်စွာ လက်ခံမှတ်သားကြကုန်လေသတည်း။”

အာဋာနာဋိယသုတ်၏ ဒုတိယအပိုင်းသည်ပြီး၏။

သုတ္တန်ပိဋကတ်တော်၏ဒီဃနိကာယ် ပါထိကဝဂ်အပိုင်းအလာ ကိုးခုမြောက် အာဋာနာဋိယသုတ်တော်အား စကားပြေအဖြစ်ပြန်လည်ရေးသားချက်သည် ဤတွင်ပြီး၏။