အနော်ရထာ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မျက်မြင် တည်းဖြတ်
အရေးမကြီး 210.14.109.2 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Aungookingofcelestials ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၅၄ -
ဗုဒ္ဓအယူဝါဒ တည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် အနော်ရထာမင်းသည် အားထုတ်တော်မူပြန်သည်။ အနော်ရထာမင်းသည် ၄၉၁ ခုနှစ်တွင် စစ်သည်ဗိုလ်ပါ အလုံးအရင်းနှင့်ချီ၍ နိုင်ငံ‌ေတာ်အနှံ့ရှိ ပိဋကတ်တော်မူ မျိုးအစုံတို့ကို ပင့်ဆောင်လေသည်။ အနုပညာသည်၊ လက်မှုပညာသည်စသည်တို့ကိုလည်း ပုဂံနေပြည်တော်သို့ ‌ေခါ်ယူ‌ေလသည်။
 
ထိုအခါမှစ၍ အနော်ရထာမင်းသည် ပုဂံပြည်ရှိ ရဟန်းများအား ဘုရားရှင်၏ ပိဋကတ်တော်အစစ်ကို သင်ကြားစေလေသည်။ သင်ကြားစေနိုင်စိမ့်သောငှာ ပိဋကတ်တော်တို့ကို သရေခေတ္တရာသုံး ဗမာအက္ခရာများနှင့် ရေးထားသည့် ‌ေရှးပိဋကတ်ကျမ်းများနှင့်လည်းကောင်း၊ သထုံမှ ရလာသည့် တလိုင်းအက္ခရာသုံး ပိဋကတ်ကျမ်းများနှင့်လည်း‌ေကာင်း ရှင်အရဟံဦးဆောင်သော ရဟန်းတော်များအား စစ်ဆေးအတည်ပြုစေပြီး ရှေးဟောင်း သရေခေတ္တရာသုံး ဗမာအက္ခရာကုိပင် ပြုပြင်ထားသော ပုဂံခေတ်သုံး ဗမာအက္ခရာဖြင့် ပေထက် တင်စေပြီးလျှင် ပုဂံမြို့တွင် ပိဋကတ်တိုက် ဆောက်၍ လှူဒါန်းလေသည်။ ထိုသို့ ပိဋကတ်တို့ကို သုဓ်သင်၍ ပေထက်တင်မှုမှာ သီဟို်ဠ်တွင် စတုတ္ထသံဃာယနာတင်သကဲ့သို့ပင် ဖြစ်လေသည်။ ထိုပိဋကတ်တိုက်သည် ယခုတိုင် ပုဂံမြို့ဟောင်း၌ ရှိလေသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံဟု လည်းကောင်း၊ မြန်မာနိုင်ငံ ယဉ်ကျေးမှုဟုလည်းကောင်း ခေါ်နိုင်သော ပုဂံပြည်နှင့် ပုဂံယဉ်ကျေးမှုတို့သည် အနော်ရထာမင်းနှင့် ရှင်အရဟံ တို့၏ ဉာဏ်ပညာ လုံ့လတို့ကြောင့် ပြည်ထောင်စုသမိုင်းတွင် ပထမဆုံး အကြိမ် ကျယ်ပြန့်၍ စည်းလုံးသော ဘဝကို ရလာလေသည်<small>။</small>ရလာလေသည်။
 
ထိုအခါက ရခိုင်ပြည်၏မြို့တော်မှာ စစ်တွေနယ်ရှိ ပဉ္စာမြို့ ဖြစ်လေသည်။ ထိုစစ်ပွဲတွင် ဗမာတို့က အနိုင်ရသဖြင့် ရခိုင်ပြည် မြောက်ပိုင်းသည် ပုဂံခေတ်တလျှောက်လုံး ဗမာ့လက်အောက်ခံနိုင်ငံတခု ဖြစ်လာခဲ့သည်။ ရခိုင်ပြည် ရာဇဝင်၌ ရခိုင်ပြည် မြောက်ပိုင်းကို အနော်ရထာစော တိုက်ခိုက်သိမ်းယူကြောင်းနှင့် ဆိုရာတွင် “ ပျူကိုးသောင်းနှင့် ပျူမင်းလာသည် ” ဟု ဖြစ်သည်။