ပိုနေမြဲ ကျားနေမြဲ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
'''ဗိုနေမြဲ ကျားနေမြဲ''' ဟူသည် မြန်မာစကားပုံတစ်ခု ဖြစ်သည်။
 
==ရှင်းလင်းချက်==
မောင်ပိုနှင့် ကျားသည် မူလနေမြဲ အတိုင်း ဖြစ်သွားကြ သကဲ့သို့ မူလ အနေအထားကို မပြောင်းလဲဘဲ နဂိုနေမြဲ အတိုင်း ရှိနေသည်။
 
==နောက်ခံပုံပြင်==
ရှေးသရောအခါ တောအုပ်တစ်ခုအနီးတွင် အဘိုးအိုနှင့် အဘွားအို လင်မယားနှစ်ယောက်တို့သည် တဲကလေးထိုးကာနေထိုင်ကြသည်။ တနေ့တွင် အဘိုးအိုသည် ဟင်းရွက်ရှာသွားရင်းနှင့် မွေးကာစ [[ကျား|ကျားကလေး]] တစ်ကောင်ကို တွေ့ရသောကြောင့် သနားချစ်ခင်စွာဖြင့် တဲသို့ ပြန်ယူလာကာ သားသမီးအမှတ် မွေးမြူထားလေသည်။ ထိုကျားကလေး အနည်းငယ်ကြီးလာသောအခါ တောစပ်အနီးတွင် သံလှောင်ချိုင့် တစ်ခုထဲသို့ သွင်း၍ အစာရေစာ ကျွေးကာ စောင့်ရှောက်ခဲ့၏။ ထို သံလှောင်ချိုင့်အနီးတွင် ယာခင်းတစ်ခုရှိသည်ဖြစ်ရာ မောင်ဗိုဟု အမည်ရှိသော လူတစ်ယောက်သည် ယာခင်း၏ အလုပ်များကို လုပ်ကိုင်ရင်းဖြင့် ကျားကလေးနှင့် ရင်းနှီးလာလေ၏။ ကျားကလေးသည် လူတို့နှင့် ယဉ်ပါးနေသည် ဖြစ်ရာ လူတို့၏ အပြုအမူနှင့် လူတို့၏ စကားကိုလည်း အနည်းငယ်နားလည်၍ ပြောတတ်ဆိုတတ်သည်လည်း ရှိလေသည်။