အကြံကုန် ဂဠုန်ဆားချက်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၂ -
 
==ရှင်းလင်းချက်==
နည်းမျိုးစုံဖြင့် မအောင်မြင်သည့် အဆုံး ရတတ်သမျှ ဉာဏ်ထုတ်၍ ကြံဖန် လုပ်ကိုင်သည်။
 
==နောက်ခံပုံပြင်==
ရှေးသရောအခါ ရေနေ[[နဂါး]]တစ်ကောင်သည် လူအသွင်ကို ဖန်ဆင်း၍ မဟာသမုဒ္ဒရာကြီးအနီးတွင် ပျော်မွေ့စွာနေထိုင်၏။ ထိုအခါ [[ဂဠုန်]]တစ်ကောင်သည်လည်း လူ၏အသွင်ကို ဖန်ဆင်းကာ [[သမုဒ္ဒရာ]]အနီး၌ပင် လွတ်လပ်စွာဖြင့် ပျော်ပါးကာနေလေ၏။ တစ်နေ့သောအခါ နဂါးနှင့် ဂဠုန်တို့သည် မထင်မှတ်ဘဲ ရင်ဆိုင်ဆုံမိကြလျှင် ဂဠုန်သည် သူ၏အစာအဖြစ် နဂါးကို သုတ်ယူရန် လိုက်၏။ နဂါးသည်လည်း ရန်သူဖြစ်သော ဂဠုန်ကို တွေ့သည်နှင့် အန္တရာယ်ကို ကြောက်လန့်ကာ ထွက်ပြေးလေ၏။ ဂဠုန်ကလည်း နောက်က လိုက်၏။
 
နဂါးသည် ပြေးရင်းဖြင့် အလွန်မောလာလျှင် သမုဒ္ဒရာထဲသို့ ငုပ်ဆင်း၍ နဂါးတို့ပြည်သို့ ပြန်သွားလေတော့၏။ ဂဠုန်သည် နဂါးကို ရှာမတွေ့တော့ဘဲ နဂါးပျောက်သွားလျှင် မည်သို့လုပ်ရမည်ဟု မကြံတတ်တော့ပဲ သမုဒ္ဒရာအနီးရှိ ကမ်းစပ်မှာ လူအသွင်ကို ဖန်ဆင်း၍ သမုဒ္ဒရာမှ နဂါးတက်လာသည်ကို မြင်လျှင် ဖမ်းမည်ဟု စောင့်၏။ သို့သော် နဂါးက ပေါ်မလာတော့လျှင် ဂဠုန်သည် အကြံကုန်ကာ သမုဒ္ဒရာကမ်းစပ်၌ ဆားချက်နေကြသည့် လူတို့နှင့် ရောကာ ဆားချက်နေရရှာတော့သတည်း။ (ဤပုံပြင်ကို အကြောင်းပြု၍ လူတို့သည် အကြံအစည် တခုခု ပျက်ဆီးသွားလျှင် အကြံကုန် ဂဠုန်ဆားချက် စကားပုံကို ခိုင်းနှိုင်းပြောဆိုလာကြခြင်း ဖြစ်လေသည်။)
*(ဝိစိတြာလင်္ကာရ စကားပုံ ဆုံးမစာမှ) <ref>ကြည်ဦး၊ မြန်မာစကားပုံ ပုံပြင်များ၊ ၂၀၁၈၊ မတ်လ (တတိယအကြိမ်) စာ-၄၉</ref>
 
== အခြားအသုံးအနှုန်း ==
*