ဆင်ဖြူတော်ဝင်မယ့်ကိန်း ချည်တစ်ခင်နှင့် ကျိန်းကျေ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဆင်ဖြူတော်ဝင်မယ့်ကိန်း ချည်တစ်ခင်နှင့် ကျိန်းကြေ စာမျက်နှာကို ဆင်ဖြူတော်ဝင်မယ့်ကိန်း ချည်တစ်ခင်နှင့် ကျိန်းကျေ သို့ Aungookingofcelestialsက ရွှေ့ခဲ့သည်: Fix (ကျိန်းကြေ > ကျိန်းကျေ)
fix
စာကြောင်း ၁ -
'''ဆင်ဖြူတော်ဝင်မယ့်ကိန်း ချည်တစ်ခင်နှင့် ကျိန်းကြေ''' ဟူသည် မြန်မာစကားပုံတစ်ခု ဖြစ်သည်။ ဆင်ဖြူတော်ဝင်မှာ ချည်တစ်ဝင်နှင့် ကျိန်းကျေ ဆိုသည့်စကားပုံသည်လည်း အတူတူပင်ဖြစ်သည်။ ချည်ဝင်ဆိုသည်မှာ ချည်ငင်ပြီး၍ ဝင်ရိုးမှ ချွတ်ထားသော ချည်လုံးကလေးဟု အနက်ရရှိသည်။
 
==ရှင်းလင်းချက်==
ဆင်ဖြူတော် ဝင်ကိန်း ရှိရာတွင် ချည်ဝင်တစ်လုံး (သို့) ချည်တစ်ခင် ဝင်လာသည်နှင့် ကျိန်းကျေသွား သကဲ့သို့ ပစ္စည်းဥစ္စာ အစုလိုက် အပုံလိုက် ဝင်ကိန်း ရှိရာတွင် မဖြစ်လောက်သည့် ပစ္စည်းတစ်ခု ဝင်လာသည်နှင့် ကျိန်းကျေသွားသည်။
 
==နောက်ခံပုံပြင်==
ရှေးသရောအခါ [[ဘုရင်]]ဖြစ်မည့် လူတစ်ယောက်နှင့် နန်းတွင်း [[ပုရောဟိတ်]]ဖြစ်လာမည့် လူတစ်ယောက်တို့သည် မွေးဖွားလာကြသည့် အချိန်ကလည်း တစ်ချိန်တည်း ဖြစ်ကာ အရွယ်ရောက်လာကြသည့်အခါ အလွန်ချစ်ခင်ကြသည့် မိတ်ဆွေနှစ်ယောက် ဖြစ်လာကြသည်။ တစ်ဦးက ဘုရင်ဖြစ်လာ၏။ တစ်ဦးက ထိုဘုရင်၏ ပုရောဟိတ်ဖြစ်လာကြသည်။ တစ်နေ့တွင် ဘုရင်ဖြစ်သူက သူ၏ [[ဇာတာ]]ကို စစ်ဆေးပေးပါဟု ပုရောဟိတ်ကို ပြောလေသည်။ ပုရောဟိတ်က စစ်ဆေးကြည့်လျှင် ယနေ့မှ စ၍ (၇)ရက်အတွင်း ဆင်ဖြူရတနာတစ်စီး လာရောက် ဆက်သခြင်းကို ခံရလိမ့်မည်ဟု တွေ့ရလေသည်။
 
Line ၈ ⟶ ၁၁:
 
 
(၇)ရက်မြောက်လာလျှင် ဟောကိန်းမှာ မြင်ထားသည့်အတိုင်း ဘုရင့်ထံသို့ ဆင်ဖြူတော်ငယ် တစ်စီး တောထဲမှ ရလာသည်ဟု လာရောက် ဆက်သကြလေသည်။ ထိုအချိန်၌ပင် မုဆိုးတစ်ယောက်သည်လည်း ချည်ဖြူတစ်ခင်ကို လာရောက်ပေးလေ၏။ ထိုအခါ ပုရောဟိတ် ညဉ်းတွားမိသည်မှာ “ ဪ ဘုရင်မင်းမြတ်မှာတော့ ဟောကိန်းရှိထားတဲ့အတိုင်း ဆင်ဖြူတော်အမှန်ပဲ ဝင်လာပေတယ်။ ငါ့မှာတော့ ဆင်ဖြူတော် ဝင်လာမယ့်ကိန်း ရှိပေမယ့် ချည်ဖြူတစ်ခင်နဲ့ပဲ ကျိန်းကြေရတော့မည်။ကျိန်းကျေရတော့မည်။ “ ဟု ရေရွတ်လိုက်လေသတည်း။
 
*(ဝိစိတြာလင်္ကာရ စကားပုံ ဆုံးမစာမှ) <ref>ကြည်ဦး၊ မြန်မာစကားပုံ ပုံပြင်များ၊ ၂၀၁၈၊ မတ်လ (တတိယအကြိမ်) စာ-၆၉</ref>