တားမတ် အန်ဒရူး: တည်းဖြတ်မှု မူကွဲများ

partly translated from en:Thomas Andrews (politician) and added some info abt him from a source
(ကွဲပြားမှု မရှိ)

၀၇:၃၅၊ ၈ မေ ၂၀၂၁ ရက်နေ့က မူ

တားမတ်စ် ဟိရန် အန်ဒရူးဇ် (အင်္ဂလိပ်: Thomas Hiram Andrews)[မှတ်စု ၁] သည် အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်မှ ဒီမိုကရက်တစ်ပါတီဝင်ဟောင်း တစ်ဦးဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာအခြေနေများအတွက် အထူးကိုယ်စားလှယ်လည်း ဖြစ်၏ ။[၁]

တားမတ်စ် အန်ဒရူးဇ်
Thomas Andrews
Member of the U.S. House of Representatives
from Maine's Maine's 1st congressional district district
တာဝန်သက်တမ်း
၁၉၉၁ ဇန် ၃ – ၁၉၉၅ ဇန် ၃
ယခင်လူJoseph E. Brennan
ဆက်ခံသူJames B. Longley, Jr.
Member of the Maine Senate
from the 30th district
တာဝန်သက်တမ်း
၁၉၈၅–၁၉၉၀
ယခင်လူCharles P. Pray
ဆက်ခံသူGerard Conley Jr.
Member of the Maine House of Representatives
from the 21st district
တာဝန်သက်တမ်း
၁၉၈၃–၁၉၈၅
ယခင်လူDavid Brenerman
ကိုယ်ရေး အချက်အလက်များ
မွေးဖွားတားမတ်စ် ဟိရန် အန်ဒရူးဇ်
(Thomas Hiram Andrews)

(1953-03-22) မတ် ၂၂၊ ၁၉၅၃ (အသက် ၇၁)
အမေရိကန်ပြည်ထောင်စု၊ မင်ဆာချူးဆက်ပြည်နယ်၊ ဘရာ့ခ်တန်မြို့
နိုင်ငံရေးပါတီဒီမိုကရက်တစ်ပါတီ

၁၉၇၆ တွင် ဘိုးဒင်ကောလိပ် (Bowdoin College) မှ ဘွဲ့ရရှိခဲ့ကာ အယ်လ်ဖာ ရိုး အပ်ဆိုင်းလန် (Alpha Rho Upsilon) ကျောင်း လူမှုရေးအသင်း၏ အဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်သည်။ ၁၉၈၃ မှ ၁၉၈၅ အထိ မိန်းပြည်နယ် အောက်လွှတ်တော် (Maine House of Representatives) ၊ ၁၉၈၅ မှ ၁၉၉၀ အထိ ယင်းပြည်နယ်၏ အထက်လွှတ်တော် (Senate ) တို့တွင် ဆောင်ရွက်ခဲ့၍ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်တွင် သက်တမ်းနှစ်ခုကြာ တာဝန်ထမ်းခဲ့သည်။

၁၉၉၄ တွင် အောက်လွှတ်တော်၌ ဝင်ရောက်အရွေးမခံတော့ဘဲ အထက်လွှတ်တော်တွင် ပါဝင်မည်ဟု ကြေညာခဲ့သည်။ သို့သော် ရစ်ပါဘလစ်ကန်ပါတီမှ ပြိုင်ဘက် Olympia Snowe ကို မဲအရေအတွက်သိသိသာသာဖြင့် ရှုံးနိမ့်ခဲ့၏ ။

အန်ဒရူးဇ်သည် ၂၀၀၁ ခုတွင် "အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူလူထုအတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆု လှုပ်ရှားမှု" (The Nobel Peace Laureate Campaign for Aung San Suu Kyi and the People of Burma) ၏ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ဥရောပ-မြန်မာ ကွန်ရက်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညွန့်ပေါင်းအစိုးရတို့အတွက် အတိုင်ပင်ခံအဖြစ်လည်း ဆောင်ရွက်ခဲ့ပေသည်။[၁] ထို့နောက် Win Without War ညွန့်ပေါင်းအဖွဲ့အစည်း ၏ အမျိုးသားညွှန်ကြားရေးမှူး (National Director) အဖြစ် တာဝန်ယူခဲ့သည်။[၂][၃] ထို့နောက်ဆောင်ရွက်ခဲ့သည်များမှာ Council for a Livable World အဖွဲ့၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုကော်မတီ (PeacePAC) တွင် ဥက္ကဋ္ဌ၊ အမေရိကန်နိုင်ငံခြားရေးမူဝါဒ ပြုပြင်ပြောင်းလဲရေးအုပ်စု Just Foreign Policy တွင်လည်း တာဝန်ယူခဲ့သည်။[၄]

၂၀၁၆ တွင် Unitarian Universalist Service Committee ၏ အမှူဆောင်အရာရှိချုပ် (CEO) ဖြစ်လာခဲ့သည်။[၅] အန်ဒရူးဇ်သည် အမျိုးသား ဒီမိုကရက်တစ် အဖွဲ့နှင့်အတူတွဲ၍ နိုင်ငံတကာအရေးကိစ္စများနှင့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ အယ်လ်ဂျီးရီးယား၊ ခရိုအေးရှား၊ ဆားဘီးယား၊ ယူကရိန်း၊ ယီမင် (ယဲမင်) နှင့် မြန်မာနိုင်ငံတို့အပါအဝင် နိုင်ငံအချို့ရှိ နိုင်ငံရေးပါတီများ၊ NGO များ၊ လွှတ်တော်အဖွဲ့ဝင်များနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ဖူးငည်။[၁]

မှတ်စု

  1. Thomas ကို /ˈtɒ.məs/ တော/ထောမတ်စ် ဟု အင်္ဂလိပ်တို့က အသံထွက်ရှိသော်လည်း အမေရိကန်များကမူ /ˈtɑ.məs/ တား/ထားမတ်စ် ဟူ၍သာ ထွက်ရှိကြသည်။

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ Tom Andrews။ Office of the High Commissioner , UN။ 8 May 2021 တွင် ပြန်စစ်ပြီး။
  2. Tom Andrews။ TheHuffingtonPost.com, Inc.။ 23 July 2016 တွင် ပြန်စစ်ပြီး။
  3. Coalition Urges NO Vote on Revised Defense Bill။ Win Without War (November 4, 2015)။ 23 July 2016 တွင် ပြန်စစ်ပြီး။
  4. Board - Just Foreign Policy
  5. UUSC Names Tom Andrews as New President and CEO - Unitarian Universalist Service Committee