လှည်းကူးမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး CS1 ရက်စွဲအမှားပြင်ဆင်ခြင်း
အရေးမကြီးNo edit summary
စာကြောင်း ၂၅ -
}}
 
'''လှည်းကူးမြို့'''သည် အင်းစိန်ခရိုင်၊ [[လှည်းကူးမြို့နယ်]] ၏ ရုံးစိုက်မြို့ဖြစ်သည်။ ခရိုင်၏ အရှေ့မြောက်ဘက် ရန်ကုန်-ပဲခူး မော်တော်ကားလမ်းကြီးပေါ်တွင်မော်တော်ကားလမ်းကြီး (လမ်းဟောင်း)ပေါ်တွင် တည်ရှိသည်။ မြို့နယ်တည်နေရာသည် အချက်အခြာကျသဖြင့် ကျေးလက်ပြုပြင်ရေးသမားများ ၏ စံပြဌာနတစ်ခုဖြစ်ခဲ့သည်။ မြို့ပေါ်တွင် မြို့ပိုင်ရုံး၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်း၊ စိုက်ပျိုးရေးရုံး၊ ဆောက်လုပ်ရေးဌာနရုံး၊ သမဝါယမမြို့အုပ်ရုံးနှင့် အစိုးရ
ရန်ကုန်မြို့နှင့် (၂၇)မိုင် ဝေးသည်။ မြို့နယ်တည်နေရာသည် အချက်အခြာကျသဖြင့် ကျေးလက်ပြုပြင်ရေးသမားများ ၏ စံပြဌာနတစ်ခုဖြစ်ခဲ့သည်။ မြို့ပေါ်တွင် မြို့ပိုင်ရုံး၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်း၊ စိုက်ပျိုးရေးရုံး၊ ဆောက်လုပ်ရေးဌာနရုံး၊ သမဝါယမမြို့အုပ်ရုံးနှင့် အစိုးရ ဆေးပေးရုံတို့အပြင် အစိုးရအထက်တန်းကျောင်းလည်းရှိသည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လှည်းကူးမြို့နယ်တွင် လူဦးရေ ၆၇၇၈ ယောက်ရှိသည်။ လှည်းကူးမြို့နယ်သည် အင်းစိန်ခရိုင်ခွဲတွင်ပါဝင်၍ ၅၉၆ စတုရန်းမိုင် ကျယ်ဝန်းသည်။ သူကြီးပိုင်နယ်ပေါင်း ၆၆ နယ်ပါဝင်၏။ လူဦးရေမှာ ၁၉၇၁ ခုနှစ် ခန့်မှန်းသန်းခေါင်စာရင်းအရ ၁၁၆ဝဝဝ ခန့် ရှိသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
 
== သမိုင်းကြောင်း ==
လှည်းကူးသည် ၁၈၅၃ ခုနှစ် အင်္ဂလိပ်လက်အောက်သို့ ကျရောက်စက ဟံသာဝတီခရိုင်၊ ဘောင်းလင်းစီရင်စု *(ပေါင်းလင်မြို့နယ်)<ref>မှတ်တမ်းသမိုင်း ဒဂုံ ဧရာ တနင်္သာတိုင်း၊ လွင်မောင် ရေး၊ ၁၉၇၈၊ သြဂုတ်လ၊ စာ - ၁၈၀</ref> အတွင်းမှ ကျေးရွာကြီး တရွာ ဖြစ်သည်။ လှည်းကူးရွာသည် ယခု ရွာမပိုင်း နေရာ ဖြစ်သည်။ ယင်းရွာနှင့် ဘောင်းလင်းမြို့(ယခု မြို့ကြီးကုန်း)တို့ကို လမ်းမကြီးဖြင့် ဆက်သွယ်ထားပြီး ကုန်စည်ကူးသန်း ရောင်းဝယ် သွားလာသည်။ ကုန်သည်ခရီးသွားများသည် ဇီးပင်ဆိပ် (ယခု လှည်းကူးဈေးနှင့် သောင်ခုံပိုင်းအကြား)တွင် တထောက်နားခိုပြီး ထိုမှတဆင့် ငမိုးရိပ်ချောင်းအတိုင်း ဒဂုန်၊ ဥက္ကလာပတို့သို့ ခရီးဆက်ကြသည်။ သို့ဖြင့် ဇီးပင်ဆိပ်မှာ တစတစ စည်ကားလာသည်။ ရွာမပိုင်းနှင့် ဘောင်းလင်းလမ်းမကို ရိုးချောင်းငယ်ကလေးတခု ခြားထားရာ၊ နွားလှည်းများ ရိုးချောင်းကို ကူးသန်း သွားလာသည်။ နောက်တွင် ဇီးပင်ဆိပ်ကို လှည်းကူးဆိပ်ဟု ပြောင်းလဲ ခေါ်သည်။ ဗြိတိသျှခေတ် မြေစာရင်း မြေပုံတွင် လှည်းကူးဆိပ်ကွင်းဟု ဖော်ပြထားသည်။
 
၁၈၈၄ တွင် လှည်းကူးသည် ပဲခူးခရိုင်အတွင်း ရုံးစိုက်ရာ ကျေးရွာကြီး ဖြစ်လာသည်။ ၁၉၀၁ တွင် လှည်းကူးရွာ၌ လူဦးရေ ၁၆၆၆ ဦး နေသည်။ ဗြိတိသျှဘုရင်ခံ၏ ၁၅ ဖေဖော်ဝါရီ ၁၉၀၄ ရက်စွဲပါ သိမ်သမုတ်ရန် မြေပေးအမိန့်တွင် ပဲခူးစီရင်စု၊ လှည်းကူးမြို့နယ်ဟု ဖော်ပြထားရာ ၁၉၀၄ မတိုင်မီကပင် လှည်းကူးသည် မြို့နယ်အဆင့် ဖြစ်လာကာ ကိုလိုနီခေတ်တလျှောက် စည်ကားသည်။