အနာကြီးရောဂါ: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: ရောဂါတကာ့ ရောဂါထဲတွင် အနာကြီးရောဂါသည် လူဖြစ်ရှုံးသော ကူ...
 
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၂၀ -
မြန်မာနိုင်ငံတွင် အနာကြီးရောဂါ တိုက်ဖျက်ရေးလုပ်ငန်းကို ၁၉၅၂-ခုနှစ်မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ကျေးရွာများအရောက် ကွင်းဆင်း၍ လူနာများရှာဖွေကာ Dapsone (ဒက်ပဆုံး)ဆေးများ တိုက်ကျွေးခဲ့သည်။ ကမာ္ဘကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက် MDT ကုထုံးကို ၁၉၈၆-ခုနှစ်မှ စတင်အသုံးပြုခဲ့သည်။ ၁၉၈၈-ခုနှစ်တွင် အနာကြီးရောဂါ အဖြစ်များသည့် [[စစ်ကိုင်းတိုင်း]]အောက်ပိုင်း၊ [[မန္တလေးတိုင်း]]၊ [[မကွေးတိုင်း]]၊ [[ပဲခူးတိုင်း]]၊ [[ရန်ကုန်တိုင်း]]နှင့် [[ဧရာဝတီတိုင်း]]များတွင် တစ်ပြည်လုံး၏ ၈၅%သော လူနာများကို MDT ဆေးတိုက်ကျွေးနိုင်ခဲ့သည်။ ၁၉၈၈-ခုနှစ်မှ ၂၀၀၇-ခုနှစ်အထိ မြန်မာနိုင်ငံတွင် MDT ဆေးကျွေးကုသမှုဖြင့် ပျောက်ကင်းသူဦးရေ နှစ်သိန်းခုနှစ်သောင်းကျော်အထိ ရှိခဲ့သည်။ ၂၀၀၃-ခုနှစ်၊ ဇန်နဝါရီလကုန်တွင် မြန်မာတစ်နိုင်ငံလုံးတွင် အနာကြီးရောဂါ ကင်းဝေးသော အခြေအနေသို့ ရောက်ရှိခဲ့သည်။
 
၂၀၀၃-ခုနှစ်၊ ဖေဖော်ဝါရီလက ကျင်းပခဲ့သော တတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ အနာကြီးရောဂါ ကင်းဝေးရေး ညီလာခံ၌ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဝင်နိုင်ငံများနှင့် စေတနာရှင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ရှေ့မှောက်တွင် မြန်မာနိုင်ငံသည် အနာကြီးရောဂါကင်းဝေးကြောင်း ကြေငြာနိုင်ခဲ့ပေသည်။ ထို့ကြောင့် နှစ်စဥ်နှစ်စဉ် ဖေဖော်ဝါရီလ (၆)ရက်နေ့ကို မြန်မာနိုင်ငံ၏ '''[[အနာကြီးရောဂါ ကင်းဝေးရေးအထိမ်းအမှတ်နေ့]]''' ဟု သတ်မှတ်ခဲ့သည်။ <ref>ဦးရဲဝေ(မြန်မာစာ)၏ အောင်ပွဲဝင် စာစီစာကုံးများ</ref>
 
==ကိုးကား==