ဝူကျဲရှန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Wu Zetian မှ ဝူကျဲရှန် သို့ စာမျက်နှာကို ပြန်ညွှန်းချန်မထားဘဲ Dr Lotus Black က ရွှေ့ခဲ့သည်
No edit summary
စာကြောင်း ၁ -
ဧကရီ ဝူကျယ်ထျန်း သည် ထန် ဧကရာဇ်နှစ်ပါး ဖြစ်သော ထိုက်ကျုံး နှင့် ကောင်းကျုံ တို့၏ ကြင်ယာတော်ဖြစ် သည်။ ထိုက်ကျုံး ဧကရာဇ် ၏ ရာထူးနိမ့်သော ကိုယ်လုပ်တော် ဘဝ မှ ကောင်းကျုံ ၏ မိဖုရားကြီး ဖြစ်လာပြီး အရည်အချင်း ညံဖျင်းသော သားတော်များ ကို နန်းမှ ဖယ်ရှားကာ မိမိကိုယ်တိုင် တရုတ်ပြည်၏ ပတမဦးဆုံး အမျိုးသမီးဧကရာဇ် အဖြစ် ထီးနန်းတက်ခဲ့သည်။ ဝူကျယ်ထျန်း ၏ ကိုယ်ပိုင်အမည်အရင်း ကို မည်သူမှ အတိအကျမသိပေ။ အချို့ သမိုင်း ပညာရှင်များက ဝူမဲ ဟု ယူဆသော်လည်း အချို့က ဒုတိယကျိုးမင်းဆက် ကိုတည်ထောင်သောကြောင့် ဝူကျိုး သည် နာမည်အရင်း ဖြစ်လိမ့်မည် ဟုမှတ်ချက်ပေးကြသည်။ သို့သော်လည်း သူမ အား ကွယ်လွန်ပြီးမှ သူကောင်းပြုခံ သော သော 'ကျယ်ထျန်း' နှင့်တွဲ၍ ဝူကျယ်ထျန်း မှ သမုတ်ကြသည်။ သူမ ကို ရင်မြို့စား ဝူရှစ်ယွဲ့ နှင့် မြို့စားကတော် ယန် တို့မှ အေဒီ ၆၂၄ တွင် မွေးဖွားခဲ့သည်။ မိခင် ၏ မျိုးရိုးမှာ [[စွေမင်းဆက်]] တော်ဝင် မိသားစု ၏ အနွယ်ဖြစ်သောကြောင့် တော်ဝင်သွေး နှောသည် ဆိုလျှင် လည်း မမှား နိုင်ပေ။ သူမမွေးဖွားချိန် တွင် တရုတ်တပြည်လုံး ၌ နေကြတ် သွားသည် ဟု အဆိုရှိသည်။
 
 
 
{{Lifetime|၆၂‌၄|၇၀၅}}
[[ကဏ္ဍ:ဗုဒ္ဓဘာသာနှင့် အမျိုးသမီးများ]]
[[ကဏ္ဍ:တရုတ် အင်ပါယာသခင်များ]]