ပြည်သူ့ကာကွယ်ရေးတပ်မတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မျက်မြင် တည်းဖြတ်
အရေးမကြီးNo edit summary
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၂ -
 
== အကျဉ်းချုပ် ==
<span lang="en">[[ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်]]ရဲ့  ရှေ့ပြေးအဖြစ် [[ပြည်သူ့ကာကွယ်ရေးတပ်မတော်]] ကို ကာကွယ်ရေးဆိုင်ရာ မူဝါဒနှင့်အညီ ၂၀၂၁ ခုနှစ်၊ မေလ ၅ ၌  တရားဝင် ဖွဲ့စည်းထူထောင်ခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်၏ အမိန့်ဖြင့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။</span><ref>[https://www.rfa.org/burmese/news/nug-formation-people-defence-force-05052021034424.html ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းကြောင်းထုတ်ပြန်။] 5 မေ 2021 </ref>
 
ယင်းထုတ်ပြန်ချက်၌ [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ|စစ်ကောင်စီ]]သည် တရားဝင် ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာကို အဓမ္မလုယက်ပြီး အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားရုံသာမက၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ပြည်သူများကိုလည်း အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ [[ဖက်ဒရယ်ဒီမိုကရေစီ]]အရေး ကြိုးပမ်းနေသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအပေါ် လေကြောင်းစစ်ဆင်မှု အပါအဝင် အင်အားအလွန်အကျွံအသုံးပြုကာ တိုက်ခိုက်ခြင်းကဲ့သို့သော [[စစ်ရာဇဝတ်မှု]]များကို ကျူးလွန်နေသည်ဟု ဆိုကာ ဖွဲ့စည်းရခြင်း၏ အခြားအကြောင်းအရင်းများကိုလည်း ဖော်ပြထားသည်။