သိန်းညွန့် (နိုင်ငံရေးသမား): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
add some
စာကြောင်း ၃၉ -
 
== နိုင်ငံရေး ==
ဦးသိန်းညွန့်သည် [[အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၉၀|၁၉၉၀ အထွေထွေရွေးကောက်ပွဲ]]တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ သင်္ဃန်းကျွန်းမြို့နယ်တွင် ယှဉ်ပြိုင်အနိုင်ရခဲ့သည်။<ref name="eleven"/> သို့သော် ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်၍ ယှဉ်ပြိုင်ခြင်းမပြုသောကြောင့် ပါတီမှနှုတ်ထွက်ခဲ့သည်။ ထို့နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထွက်ရှိလာခဲ့သူများဖြစ်သော ဦး[[ခင်မောင်ဆွေ]]၊ ဒေါက်တာ[[သန်းငြိမ်း]] တို့နှင့်အတူ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကို တည်ထောင်ခဲ့သည်။<ref name="mynow">{{cite news|title=စစ်ကောင်စီဝင် ဦးသိန်းညွန့်၏ သားအရင်းနှင့် ချွေးမဖြစ်သူ ဖမ်းဆီးခံရ |url=https://www.myanmar-now.org/mm/news/6756|work=[[Myanmar Now]]|date=12 May 2021}}</ref>
 
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ [[အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၀|၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ]]တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားခဲ့သော်လည်း ပါတီတွင်းရန်ပုံငွေ ပြဿနာများကြောင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ထုတ်ပယ်ခံခဲ့ရသည်။<ref name="bbc"/><ref name="rfa"/> ၂၀၁၀ ရွေးကောက်ပွဲတွင် [[ရန်ကုန်တိုင်းဒေသကြီး]]၊ [[သင်္ဃန်းကျွန်းမြို့နယ်]] ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် တစ်သီးပုဂ္ဂလအနေဖြင့် ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ ထို့နောက် [[အမျိုးသားဒီမိုကရေစီပါတီသစ်]] (NNDP) ကို ၂၀၁၁ အောက်တိုဘာတွင် တည်ထောင်ပြီး<ref name="bbc">{{cite web |title=ဦးသိန်းညွန့် ပါတီသစ်ထောင် |url=https://www.bbc.com/burmese/burma/2011/07/110704_utheinnyunt_newparty |website=BBC News မြန်မာ |access-date=၃ ဖေဖော်ဝါရီ ၂၀၂၁ |language=my |date=4 ဇူလိုင် 2011}}</ref> [[အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅|၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ]]တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။<ref name="eleven">{{cite web |first1=ဉာဏ်လင်းထွန်း |title=အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်မည် |url=https://news-eleven.com/article/185205 |website=Eleven Media Group Co., Ltd |access-date=၃ ဖေဖော်ဝါရီ ၂၀၂၁ |language=my}}</ref><ref name="rfa"/>
 
အမျိုးသားဒီမိုကရေစီ ပါတီသစ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ [[အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၂၀|၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ]]မတိုင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သော နိုင်ငံရေးပါတီတွေများတွင် အမျိုးသားဒီမိုကရေစီ ပါတီသစ်လည်း ပါဝင်ခဲ့သည်။<ref name="rfa"/>
 
ဦးသိန်းညွန့်သည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီး [[ပြည်သူ့လွှတ်တော်|ပထမအကြိမ်လွှတ်တော်]]သက်တမ်းတွင် ကလေးသူငယ်မုဒိန်း မှုကျူးလွန်သူများကို သေဒဏ်ပေးရေးလှုပ်ရှားမှု၊ အဂတိလိုက်စားမှုတားမြစ်ရေး ဥပဒေမူကြမ်း တင်သွင်းခြင်း၊ အလုပ်သမားအရေး၊ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် အဆို၊ မေးခွန်းတင်သွင်းခြင်းများ ဆောင်ရွက်ခဲ့သည်။<ref name="eleven"/>
 
အမျိုးသားဒီမိုကရေစီ ပါတီသစ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ [[အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၂၀|၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ]]မတိုင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သော နိုင်ငံရေးပါတီတွေများတွင် အမျိုးသားဒီမိုကရေစီ ပါတီသစ်လည်း ပါဝင်ခဲ့သည်။<ref name="rfa"/> ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ယှဉ်ပြိုင်ရာတွင်လည်း ထပ်မံရှုံးနိမ့်ခဲ့ပြန်သည်။<ref name="mynow"/>
 
== နိုင်ငံတော် ကောင်စီဝင်အဖြစ် တာဝန်ပေးခံရခြင်း ==
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ [[၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း|အာဏာသိမ်းယူမှု]] ဖြစ်ပွားခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သော [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ]]တွင် အဖွဲ့ဝင်အဖြစ် [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်]] ဗိုလ်ချုပ်မှူးကြီး [[မင်းအောင်လှိုင်]]က ခန့်အပ်ခဲ့သည်။<ref name="rfa">{{cite web |title=မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကို တပ်မတော်နေရာပေး |url=https://www.rfa.org/burmese/news/military-coup-myanmar-new-government-02022021114403.html |website=Radio Free Asia |access-date=၂ ဖေဖော်ဝါရီ ၂၀၂၁ |language=en}}</ref> စစ်ကောင်စီဝင်ဖြစ်လာပြီးနောက် မေလ ၃ နှင့် ၅ တွင် ၎င်း၏သားဖြစ်သူပိုင်ဆိုင်သည်ဟု အငြင်းပွားဖွယ်နေအိမ်၌ ပါတီရုံးပြန်ဖွင့်ရန် ကြိုးပမ်းခဲ့သဖြင့် သားဖြစ်သူနှင့် အငြင်းပွားမှုတစ်ခုရှိခဲ့သည့်အပြင် အစောပိုင်းကာလ မတ် ၂၇ ရက် တွင် သားဖြစ်သူကို ဖမ်းဝရမ်းထုတ်ထားကြောင်း ဦးသိန်းညွန့်ကိုယ်တိုင်က ဖုန်းဆက်ခြိမ်းခြောက်ခဲ့သည်ဟု သတင်းတစ်ခုတွင် ၎င်း၏သားဖြစ်သူက ပြောဆိုထားမှုလည်းရှိသည်။ မေလ ၁၂ ၌ ထိုသားဖြစ်သူနှင့် ဇနီးကို စစ်ကောင်စီကဖမ်းဆီးခဲ့၏ ။<ref name="mynow"/>
 
== ကိုးကား ==