ဦးပုည: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၃ -
[[မင်းတုန်းမင်း]]တရားကြီး ရတနာပုံ [[မန္တလေးမြို့]]၌ စိုးစံတော်မူသောအခါတွင် စလေဆရာကြီး ဦးပုညအား စာဆိုတော်အရာ `မင်းလှသင်္ခယာ´ဟူသောဘွဲ့ဖြင့် ရွာစည်ရွာကို ပေးသနားတော်မူသည်။ လစာတော်ငွေ တစ်နှစ်လျှင် ဒေါင်းဒင်္ဂါး ၆၀၀-ကျပ်နှင့် ဝင်း၊ မြေ၊ နေအိမ် ဆောက်လုပ်သနားတော်မူခြင်းလည်း ခံရသည်။
===ပုံပန်းသဏ္ဍာန်===
အရပ်မနိမ့်လွန်း၊ မမြင့်လွန်း၊ ခပ်ပြတ်ပြတ်၊ အသားလတ်လတ် ရှိလေသည်။ တနည်း အသားညိုညို၊ အရပ်မြင့်မြင့် နှာတံစင်းစင်း၊ နဖူးထင်ရင်း ကျယ်ကျယ် ရှိသည်ဟုလည်း ဆိုကြသည်။ ညာဘက်လက်ကောက်ဝတ်မှ လက်သန်းဖျားအထိ သိမ်၍ လက်သန်းနှင့် လက်သူကြွယ်မှာ အောက်သို့ ခတ်ကောက်ကောက် ရှိ၏။ ရေးရာသားရာတို့၌ ပုရပိုက်ကို ထောင်လိုက်ထား၍ ဘယ်လက်နှင့် ရေးတတ်မှတ်တတ်လေသည်။ သို့ဖြင့်လင့်ကစား လက်ရေးလှသည်။ လက်ရေးလည်း မြန်ဆန်လေသည်။ ၎င်းအပြင် ဆေးလိပ်အလွန်ကြိုက်တတ်သည်။
 
== ဘဝနိဂုံး ==