မက္ခရာမင်းသားကြီး: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
|||
စာကြောင်း ၁ -
== မက္ခရာမင်းသားကြီး ==
ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်မှာ ပြောလျှင် ဘိုးတော်ဘုရား(ဗဒုံမင်း) ၏ သားတော် မက္ခရာမင်းသားကြီး ဖြစ်သည်။ မက္ခရာမင်းသားကြီးသည်
သူသည် ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပါဋ္ဌိသက္ကတဘာသာရပ်ကျမ်း (၂၃၄)ကျမ်းခန့် စုဆောင်းကာ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ နောက်ပိုင်း အနောက်တိုင်းသားများ နန်းတွင်းသို့ဝင်ထွက်လာကြသောအခါ ထိုသူတို့နှင့် တွေ့ဆုံနှီးနှောပြီး အင်္ဂလိပ်စာသင်ယူရာမှတဆင့် သိပ္ပံပညာကို စိတ်ဝင်စားလာသည်။ သင်္ချာဘာသာရပ်ကိုကား အထူးဝါသနာပါသည်။ ထိုခေတ်က မြန်မာတို့သည် အနောက်တိုင်းဝိဇ္ဇာ၊သိပ္ပံပညာရပ်များကို မတတ်မြောက်ကြသေး၊ ခေတ်မမီကြသေးပေ။▼
▲မက္ခရာမင်းသားကြီးသည် ငယ်စဉ်ကတည်းကသွက်ချာပါဒလေငန်းရောဂါရှိသူဖြစ်ပြီး အခြားမင်းသားများကဲ့သို့ နန်းတွင်းရေးကို စိတ်မဝင်စားခဲ့ဘဲ နိုင်ငံနှင့်လူမျိုးအတွက် နှလုံးရည်နှင့်အလုပ်အကျွေးပြုရန် ပညာရေးနယ်ပယ်တွင် သူ့ဘဝကို မြုပ်နှံခဲ့သူဖြစ်ပါသည်။
▲နောက်ပိုင်း အနောက်တိုင်းသားများ နန်းတွင်းသို့ဝင်ထွက်လာကြသောအခါ ထိုသူတို့နှင့် တွေ့ဆုံနှီးနှောပြီး အင်္ဂလိပ်စာသင်ယူရာမှတဆင့် သိပ္ပံပညာကို စိတ်ဝင်စားလာသည်။ သင်္ချာဘာသာရပ်ကိုကား အထူးဝါသနာပါသည်။
ထို့ကြောင့် မင်းသားကြီးသည် မြန်မာများခေတ်မီစေရေးအတွက် မျှော်တွေးကာ အစွမ်းကုန်ကြိုးပမ်းရန် စိတ်ပိုင်းဖြတ်ခဲ့ဟန်တူပါသည်။ ထို့နောက်သူသည် အင်္ဂလိပ်ကုန်သည် ချားလိန်းထံမှ (Ree's Encyclopedia) စွယ်စုံကျမ်းကြီးကို ဝယ်ယူရရှိခဲ့ရာ အထူးတလည်လေ့လာဆည်းပူးခဲ့သည်။
Line ၄၃ ⟶ ၃၈:
==မက္ခရာမင်းသားကြီး(မြန်မာ ၁၁၅၃ - ၁၂၁ဝ)==
မက္ခရာမင်းသားကြီးသည် ဘကြီးတော်ဘုရား၏ဦးလေးလည်းဖြစ်သည်။ ယောက္ခမလည်းဖြစ်သည်။ ကုန်းဘောင်ခေတ် မင်းညီမင်းသားများအနက် ခေတ်မီ၍ ဉာဏ်အမြော်အမြင်ဖြင့် ပြည့်စုံကာ ထူးခြားသောပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းဖြင့် ဘကြီးတော်ဘုရားလက်ထက် အရှေ့အိန္ဒိယကုမ္ပဏီ၏ ကိုယ်စားလှယ်အဖြစ် ရောက်ရှိလာသော ကက်ပတိန်(နောင်သော် မေဂျာ) ဗားနေး (မယ်စယ်ဘော်ရနီ) က မှတ်တမ်းတင်ခဲ့ပေသည်။ တစ်ဖန် ဘကြီးတော်ဘုရားလက်ထက်တွင် ရောက်ရှိလာသော အမေရိကန် သာသနာပြုဂျပ်ဆန် (ဆရာ ယုဒသန်) ကလည်း မက္ခရာမင်းသားကြီးသည် ဗုဒ္ဓအယူဝါဒကို ကောင်းစွာတတ်မြောက် ကျွမ်းကျင်သည်ဟု မှတ်ချက်ချပေသည်။ ဤသို့ဖြင့် နိုင်ငံခြားသားတို့၏ လေးစားမှုကိုခံရသော ပုဂ္ဂိုလ်ကြီးဖြစ်သည်။
မက္ခရာမင်းသားကြီးကား အမရပူရ ပထမမြို့တည် နန်းတည် ဗဒုံမင်းတရား (ဘိုးတော်ဘုရား)နှင့် ဒုတိယမြောက် နန်းမိဖုရား သီရိမဟာ ရတနာ ဒေဝီတို့မှ သက္ကရာဇ် ၁၁၅၃-ခုနှစ်တွင် ဖွားမြင်တော်မူသော သားတော်ဖြစ်၍ ငယ်မည်မှာ မောင်ပျိုး၊ ဘွဲ့တော် မင်းရဲကျော်စွာ တည်း။ မက္ခရာ ဇန့်ကျီတိုက်များကို ကံကျွေးခံရသည်။ ခမည်းတော် ဗဒုံ မင်းတရားလက်ထက်ကပင် တိုင်းရေးပြည်မှုအစုစုတို့တွင် ပါဝင်ထမ်းရွက်သဖြင့် အဆင့်ဆင့် ချီးမြှင့်မြှောက်စားတော်မူခြင်း ခံရ၏။ တူတော်များဖြစ်သော ဘကြီးတော်နှင့် သာယာဝတီမင်း (ရွှေဘိုမင်း)တို့ လက်ထက်များတွင်လည်း ရာထူးဌာနန္တရနှင့် လေးစားခြင်း ခံရသည်။ သို့သော် နန်းတွင်းရေး၌ ပါဝင်နိုင်သော်လည်း မပါဝင်ပေ။ နိုင်ငံရေး အာဏာလုမှု၌ စိတ်ဝင်စားခြင်း မရှိဘဲ ပြည်သူတို့အကျိုးကို ရှေးရှူလျက် အနောက်နိုင်ငံများတွင် တိုးတက် ထွန်းကားနေကြောင်း သိမြင်သည်နှင့်အညီ မြန်မာတို့လည်း ခေတ်မီတိုးတက် မျက်စိပွင့်လာအောင် နှလုံးရည်ဖြင့် စွမ်းဆောင်သူဖြစ်၏။
|