ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂၈ -
ဖဆပလအဖွဲ့ကြီးသည် တော်လှန်ရေးလုပ်ငန်းများကို လုပ်ကိုင်ရန် [[အိန္ဒိယနိုင်ငံ]]ဘက်သို့ တိတ်တဆိတ်ထွက်ခွာသွားနှင့်ပြီဖြစ်သော ရဲဘော် ၇၀ ကျော်မှတဆင့် မဟာမိတ်စစ်ဖက်ဆိုင်ရာ အာဏာပိုင်များနှင့် အဆက်အသွယ်ပြုသည်။ မဟာမိတ်တို့က လက်နက်ခဲယမ်းမီးကျောက်၊ အဝတ်အစား အသုံးအဆောင်များဖြင့် အကူအညီပေး၍ ဖဆပလအဖွဲ့ချုပ်ကြီးကလည်း ဖက်ဆစ်ဂျပန်များအား မြန်မာနိုင်ငံအတွင်းမှ မောင်းထုတ်ရာတွင် မဟာမိတ်တပ်အား အစွမ်းကုန် အကူအညီပေးမှုကြောင့် ဖက်ဆစ်တိုက်ဖျက်ရေး လုပ်ငန်းသည် မျှော်လင့်သည်ထက် ထူးကဲစွာ အောင်မြင်ခဲ့သည်။
 
အရှေ့တောင်အာရှအတွက် မဟာမိတ် စစ်သေနာပတိ [[မောင့်ဗက်တင်၊ လူဝီ|ဗိုလ်ချုပ် လော့မောင့် ဗက်တန်]]ကပင် ဖဆပလအဖွဲ့ကြီးသည် ဂျပန်ကို တော်လှန်သော အင်အားစုမျှသာမက အမျိုးသားတပ်ဦးကြီးတစ်ခုအဖြစ် တည်ရှိနေကြောင်း ယင်းအဖွဲ့ခေါင်းဆောင်များသည် မျိုးချစ်စိတ်ထက်သန်၍ ထထကြွကြွဆောင်ရွက်နိုင်သူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရသစ် ဖွဲ့စည်းသည့်အခါ ဖဆပလမှ ကိုယ်စားလှယ်များကိုလည်း ထည့်သွင်းသင့်ကြောင်း [[လန်ဒန်မြို့]]ရှိ မဟာမိတ်စစ်ဦးစီးအဖွဲ့သို့ အကြံပေးခဲ့သည်အထိ ဖဆပလ၏ ဂုဏ်သတင်းသည် ပျံ့သင်းကျော်စောခဲ့သည်။