ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၉ -
စစ်ပြီးခေတ် [[မြန်မာနိုင်ငံ]]၏ အမျိုးသား နိုင်ငံရေးတပ်ဦးကြီးသဖွယ် နိုင်ငံတွင်းသာမဟုတ် ကမ္ဘာတလွှား၌ပင် ထင်ရှားခဲ့သော အဖွဲ့ချုပ်ကြီးမှာ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ခေါ် ဖဆပလ ဖြစ်သည်။
 
[[ဒုတိယ ကမ္ဘာစစ်]]အတွင်း [[ဂျပန်ခေတ်မြန်မာပြည်|မြန်မာနိုင်ငံကို သိမ်းပိုက်ထားသောသိမ်းပိုက်ထား]]သော ဖက်ဆစ်ဂျပန်တို့၏ ဖိနှိပ်ရက်စက်မှုမှ တွန်းလှန်လိုသူတစ်စုသည် ဖဆပလအဖွဲ့ချုပ်ကြီးကို ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် [[ဗိုလ်ချုပ်အောင်ဆန်း]]အား ဥက္ကဋ္ဌ၊ သခင်သန်းထွန်းအား အတွင်းရေးမှူး တင်မြှောက်၍ လျှို့ဝှက်စွာ ဖွဲ့စည်းခဲ့ကြသည်။
 
အဖွဲ့ကြီး၏ အဓိက ရည်ရွယ်ချက်မှာ [[ဖက်ဆစ်ဝါဒ]]ကို မြန်မာနိုင်ငံ၌သာမက ဖက်ဆစ်၏ မူရင်းဒေသများ၌ပါ အမြစ်ပြုတ်အောင် တိုက်ဖျက်ရန်နှင့် ပြည်သူလူထုက မျှော်မှန်းတမ်းတခဲ့ကြသည့် လွတ်လပ်ရေးကို ရရှိအောင် မနားမနေကြိုးပမ်းရန် တို့ဖြစ်သည်။ ယင်းကို အကြောင်းပြု၍ ထိုအဖွဲ့ကို ပထမတွင် [[ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်]]ဟု ခေါ်တွင်သည်။ အတိုကောက်အားဖြင့် ဖတပလဟု ဖြစ်သည်။ စစ်ပြီးနောက်တွင်မှ တိုက်ဖျက်ရေးလုပ်ငန်း ကုန်ဆုံး၍ ဆန့်ကျင်ရေး လုပ်ငန်းကိုသာ ရှေးရှုလုပ်ကိုင်ရန် ဆုံးဖြတ်ကာ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဝါ) ဖဆပလ အဖွဲ့ချုပ်ဟု ပြောင်းလဲ မှည့်ခေါ်ခဲ့သည်။