ဩဂတ်စတက်ဆီဇာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃၀ -
 
== အာဏာရရန် စွမ်းဆောင်ခြင်း ==
ဆီဇာကွယ်လွန်လေသော် အော့တေး ဗီးယပ်သည် ရောမမြို့သို့ပြန်လာ၍ ဂီယာ့စ် ဂျူးလီယပ် ဆီဇာ အော်တေးဗီးယန်းဟူသော အမည်ကို ခံယူလေသည်။ ဆီဇာ ကွယ်လွန်ပြီးနောက် ရောမနိုင်ငံရေး အခြေအနေမှာ ရှုပ်ထွေး လျက်ရှိသည်။ ဆီဇာ၏လက်ရုံးဖြစ်သော မတ်အန်တိုနီကလည်း ရောမမြို့ကို အုပ်ချုပ်လျက်ရှိသည်။ ဆီဇာကိုလုပ်ကြံသတ်ဖြတ်ခဲ့ ကြသော သမ္မတဂိုဏ်းသားတို့လည်း ရောမနိုင်ငံ အရှေ့ပိုင်းတွင် မင်းမူလျက်ရှိကြသည်။ အော်တေးဗီးယန်း တစ်ယောက်လည်း ထိုစစ်ပွဲများ၊ အာဏာလုပွဲများတွင် ပါဝင်ခဲ့သည်။ လူငယ်ဖြစ်သည့်အပြင် ဂျုးလိယက်ဆီဇာ၏ မွေးစားသားဖြစ်သည် ဆိုသည့်ဂုဏ်လောက်သာရှိသဖြင့် အများကပင် ဂရုတစိုက်မရှိခဲ့ကြပေ။ သို့သော် အဖိုး၏ပညာအမွေကိုဦးလေး၏ပညာအမွေကို ကောင်းစွာဆက်ခံခဲ့သည့် အောက်တာဗီယံသည် ထိုအချက်ကိုပင် ပါးနပ်စွာအသုံးချပြီး [[ဂျူးလိယက်ဆီဇာ]]၏ သူရဲကောင်း ၃၀၀၀ ဖြင့် ဖွဲ့စည်းခဲ့သည့် မြင်းတပ် (လီဂျင်းစ်-Legions) ၏ ထောက်ခံမှုကို အလျင်ရယူသည်။ ထိုနောက် ပြိုင်ဖက်များကို ဖယ်ရှားပြီး ထိပ်ဆုံးရောက်သည်အထိ တက်လှမ်းခဲ့သည်။ သို့သော် အများစုဖြစ်သည့် ကျန်တပ်ဖွဲ့များက အော်တေးဗီးယန်း၏ မိတ်ဆွေရင်းဖြစ်သူ [[မက်ခ် အန်တိုနီ]] (Mark Antony) ကို ထောက်ခံခဲ့ကြသဖြင့် စစ်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီးနောက် စစ်ခဏနားချိန် ဘီစီ ၃၆ တွင် [[ရောမ]]၏နယ်ပယ်ကြီးမှာ အရှေ့နှင့်အနောက်ဟု ထင်ထင်ရှားရှားပင် နှစ်ခြမ်းကွဲတော့သည်။ အရှေ့ဖက်ခြမ်းကို မက်ခ် အန်တိုနီက အုပ်ချုပ်ပြီး အနောက်ခြမ်းကို အောက်တာဗီယံက အုပ်ချုပ်သည်။
 
ထိုစစ်နားချိန်များအတွင်း အန်တိုနီမှာ အီဂျစ်ဘုရင်မ [[ကလီယို ပတ်ထရာ|ကလီယို ပက်ထရာ]]၏ မာယာစက်ကွင်းတွင် နှစ်မြောကာ နိုင်ငံရေးရာများတွင် လှစ်ဟင်းနေသော်ငြား အော်တေးဗီးယန်းအနေဖြင့် မိမိ၏အနေအထားကို ခိုင်မာသထက် ခိုင်မာစေရန် ကြိုးပမ်းအားထုတ်နေခဲ့သည်။ သို့ဖြင့် ဘီစီ ၃၂ စစ်ပြန်စချိန်တွင် အော်တေးဗီယန်း ဦးဆောင်သည့် တပ်များ ထင်ထင်ရှားရှားပင် အသာရသည်။ ဘီစီ ၃၁ တွင် ဖြစ်ပွားသည့် အက်တီယမ် (Actium) စစ်ပွဲအပြီး နောက်တစ်နှစ်တွင် အော်တေးဗီးယန်း အပြတ်အသတ်နိုင်ပြီး နောက်နှစ်တွင် စစ်ရှုံးသည့် အန်တိုနီနှင့် ကလိုယိုပက်ထရာတို့ အဆိပ်သောက်ကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြသဖြင့် စစ်ပွဲအဆုံးသတ်ပြီး အော်တေးဗီးယန်း အနေဖြင့် ယခင် ၁၄ နှစ်က အဖိုးဖြစ်သူရရှိခဲ့သည့် ဩဇာအာဏာကို တန်းတူရရှိခဲ့သည်။