ကယ်လီဖိုးနီးယားပြည်နယ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၇၉ -
 
၂၀၀၁ ခုနှစ် စွမ်းအင် အကျပ်အတည်းကြောင့် မီးအလှည့်ကျ ပြတ်တောက်မှုများ၊ ဓာတ်အားခမြင့်တက်မှုများနှင့် အနီးအနားပြည်နယ်များမှ ဓာတ်အားတင်သွင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့အတွက်ကြောင့် ကယ်လီဖိုးနီးယား တောင်ပိုင်း အက်ဒီဆင် ကုမ္ပဏီနှင့် ပစိဖိတ် ဓာတ်ငွေ့နှင့် လျှပ်စစ် ကုမ္ပဏီတို့မှာ ပြင်းထန်စွာ ဝေဖန်ခံခဲ့ရသည်။<ref>Severin Borenstein, [https://www.jstor.org/stable/2696582 "The Trouble With Electricity Markets: Understanding California's Restructuring Disaster"], ''Journal of Economic Perspectives'', Winter 2002, Vol. 16 Issue 1, pp. 191–211 (in JSTOR)</ref>
 
မြို့ပြဒေသများတွင် အိမ်ဈေးမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ၁၉၆၀ ခုနှစ်တွင် ဒေါ်လာ ၂၅,၀၀၀ တန်သော အသင့်အတင့်ရှိသော မြို့ပြဒေသရှိအိမ်မှာ ၂၀၀၅ ခုနှစ်တွင် ဒေါ်လာ ၅ သိန်းနှင့် အထက် ဈေးပေါက်သည်။ လူအများအပြားမှာ ပိုမို၍ ကျေးလက်ကျသော ဒေသများတွင် နေထိုင်ခြင်းဖြင့် အိမ်ဝယ်နိုင်ကြပြီး အလုပ်သို့ အချိန်ကြာရှည်စွာ သွားလာကြကာ မြို့ပြဒေသများတွင် မြင့်မားသော လခဖြင့် အလုပ်လုပ်ကြသည်။ ဈေးကစားသူများမှာ နေထိုင်ရန် စိတ်ကူးမရှိသော်လည်း အိမ်များကို ဝယ်ယူကြပြီး လပိုင်းအတွင်းတွင် အမြတ်အစွန်း များစွာ ရှာဖွေနိုင်ကြကာ ထိုငွေကြေးကို အသုံးပြု၍ အိမ်ခြံမြေများထပ်၍ ဝယ်ယူကြသည်။ အိမ်အတွက် ငွေချေးဌားသော ကုမ္ပဏီများမှာ ဥပဒေအတိုင်း လိုက်နာကြသော်လည်း လူတိုင်းသည် အိမ်ဈေးထပ်၍ တက်မည်ဟု ယူဆကြသည်။ ၂၀၀၇-၈ ခုနှစ်တွင် အိမ်ခြံမြေပူပေါင်း ပေါက်ကွဲခဲ့ပြီး အိမ်ဈေးထိုးကျကာ အိမ်ဈေးတက်သော ကာလ ကုန်ဆုံးခဲ့သည်။ အိမ်ခြံမြေတန်ဖိုး ဘီလီယံပေါင်း ရာချီ၍ ပျောက်ကွယ်သွားခဲ့ပြီး ဘဏ်များမှ အိမ်ခြံမြေ သိမ်းဆည်းမှုများ များပြားလာခဲ့ကာ ငွေကြေးအဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံသူများမှာ အကြီးအကျယ် ထိခိုက်ခဲ့သည်။<ref>Robert M. Hardaway, ''The Great American Housing Bubble: The Road to Collapse'' (2011) p. 22</ref><ref>Stephen D. Cummings and Patrick B. Reddy, ''California after Arnold'' (2009) p. 102</ref>
 
==ပထဝီဝင်==