ကယ်လီဖိုးနီးယားပြည်နယ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၈၁ -
 
မြို့ပြဒေသများတွင် အိမ်ဈေးမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ၁၉၆၀ ခုနှစ်တွင် ဒေါ်လာ ၂၅,၀၀၀ တန်သော အသင့်အတင့်ရှိသော မြို့ပြဒေသရှိအိမ်မှာ ၂၀၀၅ ခုနှစ်တွင် ဒေါ်လာ ၅ သိန်းနှင့် အထက် ဈေးပေါက်သည်။ လူအများအပြားမှာ ပိုမို၍ ကျေးလက်ကျသော ဒေသများတွင် နေထိုင်ခြင်းဖြင့် အိမ်ဝယ်နိုင်ကြပြီး အလုပ်သို့ အချိန်ကြာရှည်စွာ သွားလာကြကာ မြို့ပြဒေသများတွင် မြင့်မားသော လခဖြင့် အလုပ်လုပ်ကြသည်။ ဈေးကစားသူများမှာ နေထိုင်ရန် စိတ်ကူးမရှိသော်လည်း အိမ်များကို ဝယ်ယူကြပြီး လပိုင်းအတွင်းတွင် အမြတ်အစွန်း များစွာ ရှာဖွေနိုင်ကြကာ ထိုငွေကြေးကို အသုံးပြု၍ အိမ်ခြံမြေများထပ်၍ ဝယ်ယူကြသည်။ အိမ်အတွက် ငွေချေးဌားသော ကုမ္ပဏီများမှာ ဥပဒေအတိုင်း လိုက်နာကြသော်လည်း လူတိုင်းသည် အိမ်ဈေးထပ်၍ တက်မည်ဟု ယူဆကြသည်။ ၂၀၀၇-၈ ခုနှစ်တွင် အိမ်ခြံမြေပူပေါင်း ပေါက်ကွဲခဲ့ပြီး အိမ်ဈေးထိုးကျကာ အိမ်ဈေးတက်သော ကာလ ကုန်ဆုံးခဲ့သည်။ အိမ်ခြံမြေတန်ဖိုး ဘီလီယံပေါင်း ရာချီ၍ ပျောက်ကွယ်သွားခဲ့ပြီး ဘဏ်များမှ အိမ်ခြံမြေ သိမ်းဆည်းမှုများ များပြားလာခဲ့ကာ ငွေကြေးအဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံသူများမှာ အကြီးအကျယ် ထိခိုက်ခဲ့သည်။<ref>Robert M. Hardaway, ''The Great American Housing Bubble: The Road to Collapse'' (2011) p. 22</ref><ref>Stephen D. Cummings and Patrick B. Reddy, ''California after Arnold'' (2009) p. 102</ref>
 
၂၁ရာစုအတွင်း ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်ပွားသော မိုးခေါင်ရေရှားမှုများနှင့် မကြာခဏ တောမီးလောင်မှုများ ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည်။<ref>{{cite web |last1=Wilson |first1=Scott |title=Fires, floods and free parking: California's unending fight against climate change |url=https://www.washingtonpost.com/graphics/2019/national/climate-environment/climate-change-california/ |website=Washington Post |date=December 5, 2019 |access-date=February 8, 2021 |language=en}}</ref><ref>{{cite web |last1=Flavelle |first1=Christopher |title=How California Became Ground Zero for Climate Disasters |url=https://www.nytimes.com/2020/09/20/climate/california-climate-change-fires.html |website=The New York Times |date=September 20, 2020 |access-date=February 8, 2021}}</ref> ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အစဉ်တစိုက် ဖြစ်ပွားသော မိုးခေါင်ရေရှားမှုမှာ သမိုင်းတင်ပြီးကာလ အတွင်း အဆိုးရွားဆုံး ဖြစ်သည်။<ref>{{cite web |title=California Facing Worst Drought on Record {{!}} NOAA Climate.gov |url=https://www.climate.gov/news-features/event-tracker/california-facing-worst-drought-record |website=www.climate.gov |access-date=February 8, 2021}}</ref>၂၀၁၈ ခုနှစ် တောမီးလောင်သည့် ရာသီမှာ ပြည်နယ်အတွက် အသေအပျောက်အများဆုံးနှင့် ပျက်စီးဆုံးရှုံးမှုအများဆုံး ဖြစ်သည်။<ref>{{cite web |title=2018 California Wildfires |url=https://www.census.gov/topics/preparedness/events/wildfires/2018-ca-wildfires.html |website=The United States Census Bureau |access-date=February 8, 2021 |language=EN-US}}</ref>
 
==ပထဝီဝင်==