အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်: တည်းဖြတ်မှု မူကွဲများ

→‎ထင်ရှားသောကျောင်းသားဟောင်းများ: ချစ်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)
ဓူဝံ (စာရေးဆရာ) ပညာရှိ အရေးပိုင် ဦးကျော်ထွန်း
စာကြောင်း ၂၂ -
}}
 
'''အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်''' (အ.ထ.က(၉) မော်လမြိုင်) သည် [[မော်လမြိုင်မြို့]]၊ ပန်းဘဲတန်းလမ်းတွင် တည်ရှိသောကျောင်းဖြစ်သည်။ ခရစ်နှစ် ၁၈၉၉ ခုနှစ်တွင်စတင် တည်ထောင်ခဲ့သည်။ ကိုလိုနီခေတ်က [[မဟာဗုဒ္ဓဃောသ၊ ရှင်|ရှင်မဟာ ဗုဒ္ဓဃောသ]] အမျိုးသားအထက်တန်းကျောင်း (Shin Maha Buddhaghosa National School) ဟု လူသိများသည်။<ref name="Alin">{{cite web | url=http://www.burmalibrary.org/NLM/archives/1999-11/msg00019.html | title=The New Light of Myanmar ( Sunday, 21 November 1999) | publisher=The New Light of Myanmar | date=21 November 1999 | accessdate=November 17, 2011}}</ref> ယင်းကျောင်းမှာ ကိုလိုနီခေတ်က ဗုဒ္ဓဘာသာ မြန်မာလူငယ်များ အတွက် တည်ထောင်ခဲ့သော ကျောင်းဖြစ်သည်။ အမျိုးသားကျောင်းများ မပေါ်ပေါက်မီ နှစ်ပေါင်း အတော်ကြာကပင် ပေါ်ပေါက်ခဲ့သော ကျောင်းဖြစ်သည်။ ကိုလိုနီခေတ် မြန်မာပြည်၌ ဗုဒ္ဓဘာသာကျောင်းများ အနက် အဦးဆုံး ပေါ်ပေါက်ခဲ့သော ကျောင်းလည်း ဖြစ်သည်။
 
== ပညာရေးအဆင့် ==
စာကြောင်း ၃၁ -
 
== သမိုင်းကြောင်း ==
[[ဂျီစီဘီအေ]] မြန်မာအသင်းချုပ်ကြီး၏ ဥက္ကဋ္ဌ [[ချစ်လှိုင်|ဦးချစ်လှိုင်၏]] ဖခင် မော်လမြိုင်မြို့သစ်ကုန်သည် သူဌေး ဦးသာညှင်းက ကျောင်းဆောက်လုပ်ရေးအတွက် ငွေကြေး မ တည် လှူဒါန်းခဲ့သည်။ ကျောင်းကို စတင် တည်ထောင်သူများတွင် ပညာရှိ အရေးပိုင် [[ကျော်ထွန်း၊ ဦး (အရေးပိုင်)|ဦးကျော်ထွန်း]] (ကျက်သရေဆောင် ရွှေစလွယ်ရ အရေးပိုင်မင်း)သည် တဦး အပါအဝင် ဖြစ်သည်။ ဦးကျော်ထွန်းသည် ထိုရှင်မဟာဗုဒ္ဓဃောသကျောင်း စတင် ဖွင့်လှစ်သောနေ့တွင် ဖတ်ကြားရန် အတွက် ရတုကိုပင် ရေးသားစီကုံး ပေးခဲ့သည်ဟု ဆိုသည်။
 
ဝိုင်အမ်ဘီအေ (YMBA) ခေါ် [[ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း]] ကို စတင်တည်ထောင်သူ [[မေအောင်၊ ဦး (စွယ်စုံပညာရှင်)|ဦးမေအောင်]] (၁၈၈၀ - ၁၉၂၆)က ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်း ကျောင်းအုပ် အဖြစ် ၁၈၉၉ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည်။ ကျောင်းသုံး မြန်မာ ရာဇဝင် ရေးသော [[ဘသန်း၊ ဦး (ရာဇဝင်ဆရာ)|ရာဇဝင်ဆရာ ဦးဘသန်း]] သည် ရှင်မဟာဗုဒ္ဓဃောသ ကျောင်းအုပ်ဆရာကြီး အဖြစ် လုပ်ကိုင်စဉ် ''ဘီအေ မောင်ဘလွင်'' ဝတ္ထုကို ရေးခဲ့ပြီး ၁၉၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည်ဟု ဆိုသည်။
စာကြောင်း ၃၇ -
၁၉၂၉ ခုနှစ်တွင် အိန္ဒိယ၏ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမ [[ဂန္ဓီ၊ မဟတ္တမ|ဂန္ဒီ]] သည် [[ခွဲရေးတွဲရေး]] (ထိုစဉ်က မြန်မာပြည်သည် ဗြိတိသျှအိန္ဒိယပြည်၏ ပြည်နယ်တခုသာ ဖြစ်ခဲ့သည်) ကိစ္စအတွက် ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်းတွင် ကျင်းပသော ညီလာခံ၌ မြန်မာလူထုနှင့် တွေ့ဆုံခဲ့သည်။<ref>N. R. Phatak (1968). ''Source Material for a History of the Freedom Movement in India: pt. 1. Mahatma Gandhi (1915-1922)''. Government Central Press, India. p. 423.</ref>
 
[[ဘသန်း (ရှင်မဟာဗုဒ္ဓဃောသ)|ရှင်မဟာဗုဒ္ဓဃောသ ဦးဘသန်းဟုဦးဘသန်း]]ဟု လူသိများသော [[ဝဏ္ဏကျော်ထင်ဘွဲ့]]ရ သတင်းစာဆရာ၊ စာရေးဆရာ [[ဘသန်း၊ ဦး (ရှင်မဟာဗုဒ္ဓဃောသ)|ဦးဘသန်း]](၁၈၉၇- ၁၉၈၄) သည် ရှင်မဟာဗုဒ္ဓဃောသ အထက်တန်းကျောင်း၌ ပါဠိနှင့် မြန်မာစာဆရာအဖြစ် (၂၄)နှစ်တိုင်တိုင် အမှုထမ်းခဲ့သည်။
 
== ထင်ရှားသောကျောင်းသားဟောင်းများ ==
စာကြောင်း ၄၄ -
* [[သီရိပျံချီ]] [[စိန်ဝင်း၊ ဗိုလ်ချုပ်၊ ဝန်ကြီးချုပ်ဟောင်း|ဦးစိန်ဝင်း]] - မြန်မာနိုင်ငံတော်၏ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်)
*[[ကုသ၊ စာရေးဆရာ|စာရေးဆရာ ကုသ]] - ခေတ်စမ်းစာပေလှုပ်ရှားသူ နှင့် မော်လမြိုင် ဥပစာ ကောလိပ် ကျောင်းအုပ်ကြီး (၁၉၅၃ - ၁၉၆၃)
*[[ဓူဝံ (စာရေးဆရာ)|စာရေးဆရာ ဓူဝံ]] - ညွှန်ကြားရေးဝန်၊ သတင်းစာဆရာ၊ မြန်မာ့အလင်းသတင်းစာအယ်ဒီတာချုပ် (၁၉၄၆)
*သီရိပျံချီ ဦး[[ထွန်းမြင့် (လင်းခေး)]] - ၁၉၄၇ ခုနှစ် သမိုင်းဝင် [[ပင်လုံစာချုပ်]] လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သူ<ref>ရွှေတောင်ကျောင်းတိုက်သမိုင်း(မော်လမြိုင်သမိုင်း). p. 114</ref>
*ဒုတိယဗိုလ်ချုပ်ကြီး [[ချစ်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)|ချစ်ဆွေ]] (စာရေးဆရာနောင်စစ်သည်)- လယ်ယာနှင့် သစ်တောရေးရာဝန်ကြီး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး၊ သမဝါယမဝန်ကြီး