မဟာဘာရတ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁ -
[[File:Kurukshetra.jpg|thumb|300px|ကုရုခေတြစစ်ပွဲ သရုပ်ဖော်ပုံ]]
==မဟာဘာရတ==
မဟာဘာရတသည် [[ဟိန္ဒူဘာသာ]]ဝင်တို့၏ ဘာသာရေး ကျမ်းတစ်စောင်ဖြစ်သည်။ ရှေးခေတ် [[ဂရိ]]စာပေတွင် "ဣလယက်"နှင့် "ဩဒက်ဆီ" အမည်ရှိ သူရသတ္တိကို ဖော်ပြသော မှတ်တမ်းတင် လင်္ကာရှည်ကြီး နှစ်စောင် ထင်ရှားသကဲ့သို့ ရှေးခေတ် အိန္ဒိယစာပေတွင်လည်း မဟာဘာရတ နှင့် [[ရာမာယဏ|ရာမယန]] မည်သော လင်္ကာရှည်ကြီးနှစ်စောင် ထင်ရှားကျော်ကြားခဲ့သည်။
 
မဟာဘာရတသည် [[ဟိန္ဒူဘာသာ]]ဝင်တို့၏ ဘာသာရေး ကျမ်းတစ်စောင်ဖြစ်သည်။ ရှေးခေတ် [[ဂရိ]]စာပေတွင် "ဣလယက်"နှင့် "[[အောဒဆီ|ဩဒက်ဆီ]]" အမည်ရှိ သူရသတ္တိကို ဖော်ပြသော မှတ်တမ်းတင် လင်္ကာရှည်ကြီး နှစ်စောင် ထင်ရှားသကဲ့သို့ ရှေးခေတ် အိန္ဒိယစာပေတွင်လည်း မဟာဘာရတ နှင့် [[ရာမာယဏ|ရာမယန]] မည်သော လင်္ကာရှည်ကြီးနှစ်စောင် ထင်ရှားကျော်ကြားခဲ့သည်။
==လင်္ကာရှည်ကြီး==
မဟာဘာရတသည် ဘာရတမင်း၏ အနွယ်များဖြစ်ကြသည့် ပဏ္ဍဝမင်းသားတို့နှင့် ကောရဗျမင်းသားတို့ တဖက်နှင့်တဖက် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြသည့် စစ်ပွဲကြီးအကြောင်းကို သက္ကတဘာသာဖြင့် ပြဆိုရာ လင်္ကာရှည်ကြီးဖြစ်သည်။
 
==စာပေပုံစံ==
မဟာဘာရတသည် ဘာရတမင်း၏ အနွယ်များဖြစ်ကြသည့် ပဏ္ဍဝမင်းသားတို့နှင့် ကောရဗျမင်းသားတို့ တဖက်နှင့်တဖက် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြသည့် စစ်ပွဲကြီးအကြောင်းကို သက္ကတဘာသာဖြင့် ရေးဖွဲ့၍ လင်္ကာရှည်ပုံစံဖြစ်သည်။ သက္ကတစာပေတွင် လင်္ကာရှည်ကြီးများကို ဣတိဟာသ၊ အက္ခာန သို့မဟုတ် ပုရာဏ ဟူသော အမည်တို့ဖြင့် ရှိသည့် လင်္ကာစုများနှင့် ကာဗျဟူသော အမည်ဖြင့်ရှိသည့် လင်္ကာစုများဟူ၍ နှစ်မျိုးနှစ်စား ပိုင်းခြားနိုင်လေရာ မဟာဘာရတသည် ပထမအမျိုးအစားတွင် ပါဝင်သည်။ စင်စစ်သော် မဟာဘာရတသည် ပထမ အမျိုးအစားတွင် ရှေးအကျဆုံးနှင့် အထင်ရှားဆုံးသော လင်္ကာကြီးဖြစ်သည်။
 
မဟာဘာရတကို မူရင်းစီကုံးဖွဲ့နွဲ့သူမှာ [[ဝါလ်မီကိရသေ့ကြီး|ဗျာသရသေ့ကြီး]]ဟူ၍ ယူဆကြသည်။ သို့သော်လက်ရှိ မဟာဘာရတသည် ထိုရသေ့ကြီးတစ်ဦးတည်း၏ လက်ရာမဟုတ် မဟာဘာရတတွင် နှောင်းစာဆိုတို့၏ လက်ရာများလည်း ပါဝင်ရာ လင်္ကာတစ်စောင်လုံးကို ဘီစီ ၂ ရာစုမှ အေဒီ ၂ ရာစုအတွင်း စီကုံးခဲ့ခြင်း ဖြစ်မည်ဟု ပညာရှင်တချို့က ယူဆကြသည်။ အချို့ကမူ ဘီစီ ၄ ရာစုမှ အေဒီ ၄ ရာစုအတွင်းဟူ၍ ခန့်မှန်းကြသည်။
 
မဟာဘာရတ ထွန်းကားရာ အရပ်သော်ကားအရပ်သည် [[အိန္ဒိယနိုင်ငံ]] အနောက်မြောက်ပိုင်း ဖြစ်သည်။ဖြစ်၏ ။ မဟာဘာရတတွင် အသုံးပြုသော မတြာမှာ ရှေးဟောင်း သက္ကတလင်္ကာတို့တွင် အသုံးပြုလေ့ရှိသည့် သိလောကမတြာမျိုးပင် ဖြစ်သည်။ သို့သော် ဥပဇာတိနှင့် ဝံသဋ္ဌမတြာမျိုးဖြင့် ရှိသည့် ပေါရာဏပဒများ သာမက ရှေးက စကားပြေဖြင့် ရှိခဲ့သည့် ပုံဝတ္ထုများလည်း ပါဝင်သည်။ အဓိကအားဖြင့် မဟာဘာရတသည် ဇာတ်ကြောင်းနှင့် အဆိုအမိန့်များ တွဲဖက်လျက် ရှိသည်။ ထို့ကြောင့် မဟာဘာရတသည် တသွင်တည်း စီကာစဉ်ကာ ဖော်ပြရာမရောက်ပဲ လင်္ကာပုံဝတ္ထုများကို စုပေါင်းထားသည်သို့ ရှိလေသည်။ ထိုလင်္ကာစု၊ ပုံဝတ္ထုတို့ တစ်ခုနှင့်တစ်ခု ဆက်စပ်မှု ရှိနေခြင်းကြောင့်သာ မဟာဘာရတသည် လင်္ကာရှည် တစောင်တဖွဲ့အနေဖြင့် စည်းစည်းလုံးလုံး တည်ရှိနေခြင်း ဖြစ်သည်။ ဇာတ်ကြောင်းမှာ လင်္ကာတစောင်လုံး၏ ၅ ပုံ ၁ ပုံခန့် ရှိ၍ ဩဝါဒကထာများနှင့် ရောပြွမ်းကြီးထွားလာခဲ့ခြင်း ဖြစ်သောကြောင့် လက်ရှိအသွင်မှာ မဟာဘာရတသည် ဇာတ်ကြောင်းဖော်ပြရာ လင်္ကာရှည်နှင့်မတူ နီတိစွယ်စုံကျမ်းနှင့် ပိုတူနေတော့သည်ဟု ပညာရှင် မက္ကဒေါ်နယ်က ဆိုသည်။
 
ထို့ကြောင့် မဟာဘာရတသည် တသွင်တည်း စီကာစဉ်ကာ ဖော်ပြရာမရောက်ပဲ လင်္ကာပုံဝတ္ထုများကို စုပေါင်းထားသည်သို့ ရှိလေသည်။ ထိုလင်္ကာစု၊ ပုံဝတ္ထုတို့ တစ်ခုနှင့်တစ်ခု ဆက်စပ်မှု ရှိနေခြင်းကြောင့်သာ မဟာဘာရတသည် လင်္ကာရှည် တစောင်တဖွဲ့အနေဖြင့် စည်းစည်းလုံးလုံး တည်ရှိနေခြင်း ဖြစ်သည်။ ဇာတ်ကြောင်းမှာ လင်္ကာတစောင်လုံး၏ ၅ ပုံ ၁ ပုံခန့် ရှိ၍ ဩဝါဒကထာများနှင့် ရောပြွမ်းကြီးထွားလာခဲ့ခြင်း ဖြစ်သောကြောင့် လက်ရှိအသွင်မှာ မဟာဘာရတသည် ဇာတ်ကြောင်းဖော်ပြရာ လင်္ကာရှည်နှင့်မတူ နီတိစွယ်စုံကျမ်းနှင့် ပိုတူနေတော့သည်ဟု ပညာရှင် မက္ကဒေါ်နယ်က ဆိုသည်။
 
လက်ရှိအသွင်အားဖြင့် မဟာဘာရတသည် သိလောကပေါင်း တသိန်းကျော်မျှ ပါဝင်လေရာ အစ်လယက်နှင့် အော့ဒီဆီ ဂရိလင်္ကာရှည် နှစ်ရပ်ပေါင်းသည်ထက်ပင် ၈ ဆမျှ ရှည်လျားလေသည်။ ကမ္ဘာ့စာပေ သမိုင်းတွင် ယခုသိရသမျှ အရှည်လျားဆုံးသော ဇာတ်လင်္ကာကြီးပင် ဖြစ်သည်။ ဤဇာတ်လင်္ကာကြီးကို ပဗ္ဗခေါ် အတွဲအားဖြင့် ၁၈ တွဲခွဲထားသည်။ ၁၉ ခုမြောက် အတွဲသော်ကား ဟရိဝံသခေါ် နောက်ဆက်တွဲမျှ ဖြစ်သည်။ တတွဲနှင့်တတွဲလည်း ပမာဏခြင်းမတူ လွန်စွာခြားနားလေသည်။ အရှည်ဆုံးဖြစ်သည့် ဒွါဒသမတွဲတွင် သိလောကပေါင်း ၁၄၀၀၀ ခုပါဝင်၍ အတိုဆုံးဖြစ်သည့် သတ္တမတွဲတွင် သိလောကပေါင်း ၃၁၂ ခု ပါဝင်လေသည်။ ထို ၁၈ တွဲတွင်လည်း အဋ္ဌမတွဲနှင့် နောက်ဆုံး ၃ တွဲမှအပ ကျန်အတွဲအားလုံးကို တတွဲလျှင် အက္ခာနခေါ် အခန်းများ ထပ်မံပိုင်းခြားထားပြန်သည်။