အဝေးကြည့်မှန်ပြောင်း: တည်းဖြတ်မှု မူကွဲများ

→‎အဝေးကြည့်မှန်ပြောင်း: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎Optical telescope: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၃၄ -
== အဝေးကြည့်မှန်ပြောင်း အမျိုးအစားများ ==
ရှေးအခါက လူတို့သည် နက္ခတ်တာရာများကို သာမန် မျက်စိများဖြင့်သာလျှင် ကြည့်ကြရသဖြင့် မြင်ရသော နက္ခတ်တာရာ အရေအတွက်မှာ အလွန်ပင် နည်းလေသည်။ ထိုမြင်ရသမျှ နက္ခတ်တာရာတို့၏ သဘာဝကိုလည်း ကွဲကွဲပြားပြား မသိရပေ။ အဝေးကြည့်မှန်ပြောင်း (တယ်လီစကုပ်)များ ပေါ်လာသောအခါမှ နက္ခတ်တာရာအမြောက်အမြားကို တိုး၍မြင်လာကြပြီးလျှင် ထိုနက္ခတ်တာရာများ၏ အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာနိုင်လာကြသည်။ အဝေးကြည်မှန်ပြောင်းများသာ ပေါ်ပေါက်လာခြင်းမရှိက ကောင်းကင်လောကအကြောင်းကို လွန်ခဲ့သောအနှစ် ၃ဝဝ လောက်က လူများ သိရှိသမျှထက်ပို၍ ကျွန်ုပ်တို့လည်းယခုအခါ သိရှိကြဦးမည် မဟုတ်ချေ။
=== အလင်းနှင့်ဆိုင်​သော အ​ဝေးကြည့်မှန်​ပြောင်း ===
=== Optical telescope ===
အလင်းကို အသုံးပြုထားသော အဝေးကြည့်မှန်ပြောင်းများကို ပြုလုပ်ထားပုံမှာ အရင်းခံအားဖြင့် အကြောင်းနှစ်ရပ်ရှိသည်။ ထိုအကြောင်းနှစ်ရပ်မှာ ကြည့်လိုသော အရာဝတ္ထုမှ အလင်းတို့ကို ဆုံချက်တွင် ကျရောက်စေ၍ ပုံရိပ် ထင်စေရန်နှင့် ထိုပုံရိပ်ကို အကြီးချဲ့၍ မျက်စိဖြင့်မြင်နိုင်စေရန် တို့ ဖြစ်သည်။ ထိုအတွက် အလင်းလုံသောပြောင်းရှည်၏ ထိပ် တစ်ဖက်တွင် ပုံဖမ်းမှန်ဘီလူးခေါ် မှန်ဘီလူးခုံး၊ သို့မဟုတ် အလင်းပြန်မှန်ဘီလူးခေါ် မှန်ဘီလူးခွက်တစ်ခုခုကို တပ်ထား၍ ကြည့်လိုသော အရာဝတ္ထုမှ အလင်းတန်းတို့ကို ဆုံချက်၌ ကျရောက်စေကာ ထင်ရှားသောပုံရိပ်ကို ထင်စေသည်။ မှန်ဘီလူးခုံးကို အသုံးပြုသော အဝေးကြည့်မှန်ပြောင်းဖြစ်လျှင် အလင်းယိုင် (အဝေးကြည့်) မှန်ပြောင်းဟုခေါ်၍ အလင်းပြန်မှန်ခွက်ကို အသုံးပြုသော အဝေးကြည့်မှန်ပြောင်းကိုမူ အလင်းပြန် (အဝေးကြည့်) မှန်ပြောင်းဟု ခေါ်သည်။ ထိုနောက် ထင်လာသော ပုံရိပ်ကို အကြီးချဲ့၍ မျက်စိဖြင့် မြင်နိုင်စေရန်အတွက် မှန်ပြောင်း၏ ကျန်ထိပ်တစ်ဖက်တွင် မှန်ဘီလူးတစ်ခု တပ်ထားပြန်သည်။ ထိုမှန်ဘီဘူးကို ကြည့်မှန်ဘီလူးဟု ခေါ်၏။ အဝေးကြည့်မှန်ပြောင်း နှစ်မျိုးအနက် အလင်းယိုင်မှန်ပြောင်းက အလျင် ပေါ်ခဲ့ လေသည်။
 
စာကြောင်း ၅၈ -
တစ်ခါက ကမ္ဘာတွင် အကြီးဆုံးဖြစ်ခဲ့သော အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားနယ်ရှိ မောင့်ဝီ လဆန် နက္ခတ်မျှော်စင်မှ တာရာကြည့် အဝေးကြည့် မှန်ပြောင်းကြီးမှာ အလင်းပြန် မှန်ပြောင်းဖြစ်၏။ လေးတန်ခွဲခန့်လေး၍ အချင်း လက်မ ၁ဝဝ ရှိသည်။ သို့ရာတွင် ယခုအခါ ကာလီဖိုးနီးယား နယ်မှာပင် ၁၉၄၈ ခုနှစ်က ဆောက်လုပ်ပြီးစီးသွားခဲ့သော မောင့်ပါလိုမာ နက္ခတ်တာရာမျှော်စင်ရှိ အဝေးကြည့်မှန်ပြောင်းကြီးက မောင့်ဝီလဆန်အဝေးကြည့်မှန်ပြောင်းထက် ကြီးမားပြီးလျှင် ကမ္ဘာ၌ အကြီးဆုံးဖြစ်လာခဲ့သည်။ ထိုအဝေး ကြည့်မှန်ပြောင်း၌ တန်ချိန် ၂ဝ ခန့်လေး၍၊ အချင်းလက်မ ၂ဝဝ ရှိသော အလင်းပြန်မှန်ခွက်ကြီးကို တပ်ဆင်ထား၍ မောင့်ဝီလဆန် အဝေးကြည့်မှန်ပြောင်းထက် အလင်းရောင်စုသည့်အား လေးဆမျှ ပိုသည်ဟု ဆို၏။ အောက်ခံခုံနှင့်တကွ အဝေးကြည့်မှန်ပြောင်းကြီးတစ်ခုလုံး၏ အလေးချိန်မှာ တန်ချိန် ၄၅ဝ ကျော်၍ အဝေးကြည့်မှန်ပြောင်းကြီးအတွက် ဒေါ်လာငွေ ၆,၅၅ဝ,ဝဝဝ အကုန်အကျခံကာ အနှစ် ၂ဝ မျှ စီစဉ် ဆောက်လုပ်ခဲ့ရလေသည်။ ထိုအဝေးကြည့်မှန်ပြောင်းကြီးမှ အလင်းပြန် မှန်ခွက်ကြီးများကို အရောင်တင်ရာ၌ အလုပ်သမားများသည် အထူးပင်ပန်းစွာ ဆောင်ရွက်ကြရ၏။ အရောင်တင်ရာ၌ မှန်ကို ပြဒါးသုတ်၍ အချိန် ကြာမြင့်သည်ထက် ပြဒါးသုတ်ပြီးမှန်ကို အအေးခံခြင်း၊ ညီမညီစမ်းသပ်ခြင်း စသည့်အလုပ်တို့က အချိန်ပို၍ ကြာမြင့်ပေသေးသည်။ ထိုအဝေးကြည့်မှန်ပြောင်းကြီးများကို အနှေးအမြန်လိုသလို လှုပ်ရှားရန်အတွက် အထူး စီမံထားသော လျှပ်စစ်ခလုတ်များကိုလည်း တပ်ဆင်ထားလေသည်။ ထိုနက္ခတ်မျှော်စင်များကို တောင်များပေါ်၌ တည်ဆောက်ထားလေ့ရှိခြင်းမှာ နက္ခတ်တာရာများကို ပို၍ ထင်ရှားကြည်လင်စွာ မြင်နိုင်ရန်အတွက်ဖြစ်၏။ မြေပြင်ထက်မြင့်သော နေရာတွင် လေသည် ဖုန်နှင့်မီးခိုးတို့မှ ကင်းစင်သည်။ ထိုပြင် အလင်းရောင်ခြည်များအဖို့ လေထုအထပ်ထပ်ကို လျှော့၍ ဖြတ်သန်းလာရခြင်း၊ နိမ့်စွာ ရွေ့ရှားနေသော မိုးရိပ်များမှ ကင်းလွတ်ခြင်းတို့ကြောင့် နက္ခတ်တာရာများကို ပို၍ ကြည်လင်ပြတ်သားစွာ စူးစမ်းလေ့လာနိုင်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
 
== ကိုးကား ==
{{Reflist}}