ဝေလနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

Commons အပေါ်ပုံသစ်အသစ် - Wales လွှတ်တော်
No edit summary
စာကြောင်း ၅၄ -
 
ဝေလနယ်သည် တောင်နှင့်မြောက် အလျား ၁၃၆ မိုင်ရှိ၍ အကျယ်ဆုံးအပိုင်းတွင် ၉၆ မိုင်ရှိသည်။ ဧရိယာအားဖြင့် ၇၄၆၆ စတုရန်း မိုင်ရှိသည်။ အုပ်ချုပ်ရေးနယ်ပယ် ၁၂ နယ်ပါဝင်သည်။ အနောက်မြောက်စွန်းတွင် မင်နိုင်ရေလက်ကြားခြားထားသော အင်ဂဲဆီကျွန်းတည်ရှိသည်။ ကုန်းမနှင့် ထိုကျွန်းကို ကြိုးတန်တားဖြင့် ဆက်သွယ်ထားသည်။ မြောက်ဘက်တွင်ရှိသော ကမ္ဗရီယန်တောင်တန်းများ၌ ပေပေါင်း ၃၅၆ဝ မြင့်သည့် စနိုးဒွန်တောင်သည် အင်္ဂလန်နိုင်ငံတွင် အမြင့်ဆုံးတောင် ဖြစ်သည်။ အလယ်ပိုင်းတွင် ဖလင်းလီမွန် တောင်တန်းများရှိသည်။ မြစ်များသည် တို၍ ရေစီးသန်သည်။ မြောက်ဘက်တွင် ဒီးမြစ်သည် အိုင်ရစ်ပင်လယ်ထဲသို့စီးဝင်သည်။ တောင်ဘက်တွင် ဆဲဗန်းမြစ်နှင့် ဝိုင်းမြစ်တို့သည် ဝေလနယ်အလယ်ပိုင်း၌ မြစ်ဖျားခံပြီးလျှင် အရှေ့ဘက်သို့စီးဆင်း၍ ဗရစ္စတို ရေလက်ကြားထဲသို့ စီးဝင်သည်။ ကမ်းရိုးတန်းတစ်လျှောက်တွင် ကားနာဗွန်ပင်လယ်ကွေ့၊ ကာဒီယန်ပင်လယ်ကွေ့နှင့် ကာမာသင် ပင်လယ်ကွေ့တို့ ရှိကြသည်။
[[File:Cynhadledd i'r Wasg Press Conference 14.05.21.jpg|thumb|left|[ဝဲပါလီမန်]ဝေလ၏ ၏ပထမဆုံးဝန်ကြီးချုပ် Mark န်ကြီးDrakeford Markကို သတင်းစာရှင်းလင်းပွဲ၌ Drakeford၊တွေ့ရစဉ်။ မေလ 2021]]
 
ဝေလနယ်တွင် သစ်တောကြီးများမရှိချေ။ များသောအားဖြင့် မြက်ခင်းလွင်ပြင်နှင့် တောင်ပေါ်စားကျက်တို့ရှိခြင်းကြောင့် နွားနှင့်သိုးကို မွေးမြူကြသည်။ မြင်းစားဂျုံနှင့် မုယောကို စိုက်ပျိုးသည်။ တွင်းထွက်ပစ္စည်း ကြွယ်ဝသောနယ်ဖြစ်သောကြောင့် သတ္တုတူးဖော်ခြင်းသည် အဓိကလုပ်ငန်းဖြစ်သည်။ အထူးသဖြင့် ဝေလနယ်မှထွက်သော ကျောက်မီးသွေးသည် ထင်ရှားသည်။ ဗြိတိသျှကျွန်းစုမှထွက်သော ကျောက်မီးသွေး ငါးပုံတစ်ပုံကို ဝေလနယ်တောင်ပိုင်းမှ ရရှိလေသည်။ အခြားထင်ရှားသော တွင်းထွက်ပစ္စည်းများမှာ သံ၊ ကြေးနီ၊ သွပ်၊ သံဖြူ၊ ခဲတို့ဖြစ်၍ ရွှေအနည်းငယ်ကိုလည်း တူးဖော်ရရှိသည်။