တန်ခူးလ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
'''တန်ခူး'''သည် [[မြန်မာပြက္ခဒိန်]]၏ပထမလ၏ ပထမလ ဖြစ်သည်။ တန်းခူးလ၏ အမည်ကို စန္ဒြာမာသ ဟုလည်းခေါ်သည်။ဟုလည်း ခေါ်သည်။ တန်ခူးလတွင် ၂၉ ရက်ရှိသည်။ ရက်မစုံသောလဖြစ်သည်။ တန်ခူးလကို တန်းခူးဟူ၍ရေးသည်လည်း ရှိ၏။ တစ်ခါတစ်ရံ [[ပျို့]]၊ [[ကဗျာ]]တို့၌ တာကူးလ ဟူ၍ရေးသည်ကို လည်းတွေ့ရ၏။ တာကူးဟူသောအရေးအသားမှာ မိန်ရာသီမှ ပိဿရာသီသို့ ဂြိုဟ် ပြောင်းခြင်းကို စွဲ၍ ရေးသားကြောင်း ဝေါဟာရလိနတ်တဒီပနီကျမ်းပြုစုသူ [[လှေသင်းအတွင်း၀န်]]မင်းက ဆိုသည်။ ဤအဆိုကိုလိုက်၍ ဝေါဟာရ၏ ဇစ်မြစ်ကို ရှာဖွေသူတို့က တာကူးမှ တန်ခူးသို့ရွေ့လျားသည်ဟုကြံဆကြ၏။ သို့ရာတွင် ပုဂံကျောက်စာ၏ အရေးအသားတို့ကို အခြေခံ၍ သူတေသနပြုသော [[ဦးဖိုးလတ်]]ကမူ တာကူးဟူသောအသုံးအနှုံးနှင့် တန်ခူးဟူသော အသုံးအနှုန်းသည် သူ့အဓိပ္ပါယ်နှင့်သူ တခြားစီဖြစ်သည်ဟုဆိုသည်။ တာ သည် အချိန်အခါ၊ ရာသီဥတု၊ နှစ်စသည်တိုကိုဟောရာ ဤတာကူးဟူသော ဝေါဟာရ၌ နှစ်ကိုရည်ရွယ်သည်။ ထို့ကြောင့် တာကူလသည် နှစ်ကူးသောလ ဟုအဓိပ္ပါယ်ရသည်ဟုဆိုသည်။ တန်ခူးဟူသော ဝေါဟာရ၌ တန်(ဝါ) တန်းသည် ပါဠိ ကလာနှင့်အနက်တူသောထန်းဖြစ်သည်။ ခူး ကားဆွတ်ခူး သည်ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် တန်ခူးလဆိုသည်မှာ ထန်းသီး ဆွတ်ခူးသောလဟု မှတ်ယူရမည်ဆိုသည်။
 
{{မြန်မာလများ}}