အိုင်းရစ်ပြည်ထောင်စုတပ်မတော်: တည်းဖြတ်မှု မူကွဲများ

"'''အိုင်းရှစ်ပြည..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၅:၂၈၊ ၃၀ မေ ၂၀၂၁ ရက်နေ့က မူ

အိုင်းရှစ်ပြည်ထောင်စုတပ်မတော် (အင်္ဂလိပ်: Irish Republican Army, IRA) သည် အိုင်ယာလန်ရှိ ၂၀ ရာစုနှင့် ၂၁ ရာစုအကြား လှုပ်ရှားသော လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်သည်။ အဖွဲ့အစည်း၏ခံယူချက်မှာ ဗြိတိန်အုပ်ချုပ်မှုလွတ်သည့် လွတ်လပ်သောပြည်ထောင်စုတခုအား အိုင်ယာလန်၌ ထူထောင်လိုသော အိုင်းရှစ်ပြည်ထောင်စုဝါဒဖြစ်သည်။

အိုင်အာအေဟောင်းဟုခေါ်သော မူလအဖွဲ့အစည်းကို ၁၉၁၇ ခု၌ အိုင်းရှစ်ပြည်သူ့တပ်မတော်နှင့် အခြား စိတ်ပါဝင်စားသူအိုင်းရှစ်လူမျိုးများဖြင့် ဖွဲ့စည်းသည်။ နှောင်းပိုင်း၌ ပထမကမ္ဘာစစ်တွင် ဗြိတိသျှတပ်မတော်၌ ပါဝင်ခဲ့သော အတွေ့အကြုံရှိ အိုင်းရှစ်များလည်း ဗြိတိန်အားတော်လှန်မည့် အိုင်းရှစ်လွတ်လပ်ရေးစစ်ပွဲဆင်နွှဲရန် ပါဝင်လာသည်။ ၁၉၁၉ ခုတွင် အိုင်းရှစ်ပါလီမန် ဒိုင်ယဲရန်က အိုင်အာအေကို အိုင်းရှစ်ပြည်ထောင်စု တော်လှန်ရေးအစိုးရ၏တပ်မတော်အဖြစ် ကြေညာသည်။

၎င်းရာစုနှစ်အတွင်း ပြန်လည်စုဖွဲ့ခြင်း၊ အဖွဲ့ကွဲခြင်း၊ အဖွဲ့ပေါင်းခြင်း၊ အမည်ပြောင်းခြင်းများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ အကျဉ်းအကြပ်ကာလအတွင်း အဓိကအနေဖြင့်ပါဝင်ခဲ့သော ဒေသဆိုင်ရာအိုင်းရှစ်ပြည်ထောင်စုတပ်မတော်မှာ လူသိများသည်။ ခေတ်ပြိုင်အဖွဲ့ခွဲများကလည်း မူလအိုင်အာအေအမည်ကို ၎င်းတို့လည်း ဆက်ခံခွင့်ရှိကြောင်း ပြောဆိုလေ့ရှိသည်။