ကယ်လီဖိုးနီးယားပြည်နယ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၁၉ -
[[File:California Köppen.svg|thumb|ကယ်လီဖိုးနီးယားရှိ [[ကော့(ခ်)ပန်ရာသီဥတုခွဲခြားမှုများ|ကော့(ခ်)ပန်ရာသီဥတု]] အမျိုးအစားများ]]
 
ပြည်နယ်၏ နေရာအတော်များများတွင် မြေထဲပင်လယ်ရာသီဥတု ရှိသော်လည်း ပြည်နယ်၏ ကြီးမားသော အရွယ်အစားကြောင့် ဝင်ရိုးစွန်း ရာသီဥတုမှ အပူပိုင်းဆန်သော ရာသီဥတုအထိ အမျိုးမျိုး ကွဲပြားသည်။ အေးမြသော ကမ်းလွန် ကယ်လီဖိုးနီးယား ရေစီကြောင်းသည် ကမ်းရိုးတန်းအနီး မြူများကို မကြာခဏ ဖြစ်ပေါ်စေသည်။ ကုန်းတွင်းပိုင်းသို့ ပိုမို ရောက်ရှိသောအခါတွင် ပိုမိုအေးမြသော ဆောင်းရာသီနှင့် ပိုမိုပူပြင်းသော နွေရာသီတို့ကို ဖြစ်ပေါ်စေသည်။ ပင်လယ်ကြောင့် ဖြစ်ပေါ်သော ရာသီဥတု သမမျှတမှုကြောင့် ကမ်းရိုးတန်းတလျှောက် လော့အိန်ဂျယ်လိစ်မြို့နှင့် ဆန်ဖရန်စစ္စကိုမြို့တို့၏ နွေရာသီ အပူချိန်မှာ အမေရိကန်ပြည်ထောင်စု၏ မက်ထရိုပိုလစ်တန်ဒေသများတွင် အအေးဆုံး ဖြစ်ပြီး လတ္တီကျုတူသော အတွင်းပိုင်းနေရာများနှင့် မြောက်အမေရိကတိုက်၏ အရှေ့ဘက်ကမ်းရိုးတန်းနေရာများနှင့် နှိုင်းယှဉ်ပါက ထူးခြားစွာ အေးမြနေသည်။ မက္ကဆီကိုနှင့် နယ်စပ်ဖြစ်သော ဆန်ဒီယေးဂိုမြို့၏ ကမ်းရိုးတန်းသည် တဆက်တည်းဖြစ်သော အမေရိကန်ပြည်ထောင်စု၏ နေရာအများစုထက် နွေရာသီတွင် ပိုမိုအေးမြနေတတ်သည်။ ကုန်းတွင်းပိုင်းသို့ မိုင်အနည်းငယ်မျှ ဝင်ရောက်သွားသော အခါတွင် နွေရာသီ အပူချိန် ပြင်းထန်မှုသည် သိသာစွာ မြင့်မားပြီး လော့အိန်ဂျယ်လိစ်မြို့လည်ခေါင်တွင်ပင် ကမ်းရိုးတန်းနှင့် နှိုင်းယှဉ်ပါက ဒီဂရီ အနည်းငယ်မျှ ပိုမိုပူပြင်းနေလေ့ ရှိသည်။ ထိုသို့သော မိုက်ခရိုရာသီဥတု သွင်ပြင်ကို ပင်လယ်အော်ဒေသ၏ ရာသီဥတုတွင်လည်း တွေ့မြင်ရသည်။ ပင်လယ်နှင့် မထိစပ်သော ဒေသများသည် အနီးအနားရှိ သမုဒ္ဒရာနှင့် နီးစပ်သောဒေသများထက် နွေရာသီတွင် သိသာစွာ ပူပြင်းလေ့ ရှိသည်။
ပြည်နယ်၏ နေရာအတော်များများတွင် မြေထဲပင်လယ်ရာသီဥတု ရှိသော်လည်း ပြည်နယ်၏ ကြီးမားသော အရွယ်အစားကြောင့် ဝင်ရိုးစွန်း ရာသီဥတုမှ အပူပိုင်းဆန်သော ရာသီဥတုအထိ အမျိုးမျိုး ကွဲပြားသည်။
 
ပြည်နယ်၏ မြောက်ပိုင်းသည် တောင်ပိုင်းထက် ပိုမို၍ မိုးရွာသွန်းလေ့ ရှိသည်။ ကယ်လီဖိုးနီးယား၏ တောင်တန်းများကလည်း ရာသီဥတုကို ပြောင်းလဲစေသည်။ ပြည်နယ်၏ မိုးအများဆုံး အပိုင်းမှာ အနောက်ဘက်သို့ မျက်နှာမူထားသော တောင်တန်း၏ ဆင်ခြေလျှောများ ဖြစ်သည်။ ကယ်လီဖိုးနီးယား အနောက်မြောက်ပိုင်းတွင် အပူချိန်လျော့နည်းသော ရာသီဥတု ရှိသည်။ အလယ်ပိုင်းတောင်ကြားဒေသတွင် မြေထဲပင်လယ်ရာသီဥတုရှိပြီး ကမ်းရိုးတန်းနှင့် နှိုင်းယှဉ်ပါက ပိုမိုပြင်းထန်ပူပြင်းသော အပူချိန် ရှိသည်။ ဆီးရားနီဗားဒါးတွင် အယ်လ်ပ်စ်တောင်တန်း ရာသီဥတု ရှိပြီး ဆောင်းရာသီတွင် နှင်းကျကာ နွေရာသီတွင် အပူချိန် အနည်းငယ်မှ အသင့်အတင့် အထိ ရှိသည်။
[[File:Death Valley Mesquite Sand Dunes.jpg|thumb|မိုဟာဗီသဲကန္တာရအတွင်းမှ သေမင်းချိုင့်ဝှမ်း]]
[[File:20200910-FS-Sierra-tls-122 (50333277868).jpg|thumb|ကယ်လီဖိုးနီးယားပြည်နယ် သမိုင်းတလျှောက် အကြီးမားဆုံး တောမီးလောင်ကျွမ်းမှု အခု ၂၀ မှ ၅ ခုသည် ၂၀၂၀ တောမီးလောင်ကျွမ်းသည့် ရာသီတွင် ဖြစ်ပွားခဲ့သည်။]]
 
===ဂေဟစနစ်===