စန်းယု (နိုင်ငံတော်သမ္မတ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၆၆ -
ဦးစန်းယုသည် ၁၉၇၁ ခုနှစ် ပထမအကြိမ်ပါတီ ညီလာခံ၊ ၁၉၇၃ ခုနှစ် ဒုတိယအကြိမ်ပါတီညီလာခံ၊ ၁၉၇၇ ခုနှစ် တတိယအကြိမ် ပါတီညီလာခံနှင့် ၁၉၇၇ ခုနှစ် အရေးပေါ် ပါတီညီလာခံတို့တွင် ပါတီဗဟို ကော်မတီဝင်နှင့် ပါတီအထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခြင်း ခံရသည်။ ၁၉၈၁ ခုနှစ် စတုတ္ထအကြိမ် ပါတီညီလာခံတွင် ပါတီလုပ်ငန်းစိစစ်ရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခံ ရသည်။ ၁၉၈၅ ခုနှစ် ပဉ္စမ အကြိမ်ပါတီညီလာခံတွင် ပါတီဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၈၈ ခုနှစ် အရေးပေါ် ပါတီညီလာခံတွင် ပါတီဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဒုတိယဥက္ကဋ္ဌအဖြစ်မှ အနားယူသည်။
 
ဦးစန်းယုသည် ၁၉၇၄ ခုနှစ် ပထမအကြိမ် [[ပြည်သူ့လွှတ်တော် (၁၉၇၄)|ပြည်သူ့လွှတ်တော်]]နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေး ချယ်တင်မြှောက်ပွဲ၊ ၁၉၇၈ ခုနှစ် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ် တင်မြှောက်ပွဲများတွင် [[ဗဟန်းမြို့နယ်]] မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီးသက် ဆိုင်ရာပြည်သူ့လွှတ်တော် ပထမအစည်းအဝေးများက နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးအဖြစ် ရွေးချယ်တင် မြှောက်ခြင်းခံရသည်။ ၁၉၈၁ ခုနှစ် တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်တင်မြှောက်ပွဲတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီး တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမအစည်းအဝေးက [[နိုင်ငံတော်ကောင်စီ|နိုင်ငံတော် ကောင်စီဥက္ကဋ္ဌနှင့်ကောင်စီ]]ဥက္ကဋ္ဌနှင့် [[မြန်မာနိုင်ငံ၏ သမ္မတ|နိုင်ငံတော်သမ္မတ]] အဖြစ်ရွေးချယ်တင်မြှောက်သည်။
 
၁၉၈၅ ခုနှစ် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲတွင် ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီး စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပထမအစည်းအဝေးက နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတအဖြစ် ထပ်မံရွေးချယ် တင်မြှောက် သည်။ ၁၉၈၈ ခုနှစ် စတုတ္ထအကြိမ်ပြည်သူ့ လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် နိုင်ငံတော် သမ္မတအဖြစ်မှ အငြိမ်းစားယူသည်။