နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၅၁ -
| former name =
}}
'''နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့''' (အတို​ကောက်; နဝတ)သည် [[မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ]]၏ တစ်ပါတီအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သော [[တပ်မတော်]]ကဖွဲ့စည်းသည့် နိုင်ငံတော်၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည်။၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့တွင် နိုင်ငံတော်၏ အာဏာကိုသိမ်းယူကာ ဗဟိုအာဏာပိုင်အဖွဲ့များဖြစ်သော [[ပြည်သူ့လွှတ်တော် (၁၉၇၄)|ပြည်သူ့လွှတ်တော်]]၊[[နိုင်ငံတော်ကောင်စီ]]၊ ဝန်ကြီးအဖွဲ့၊[[ပြည်ထောင်စု တရားလွှတ်တော်ချုပ်|ပြည်သူ့တရားသူကြီးအဖွဲ့]]၊[[ပြည်ထောင်စုရှေ့နေချုပ်ရုံး|ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့]]၊[[ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး|ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့]]တို့ကို ဖျက်သိမ်းခဲ့သည်။အခြားသော အာဏာပိုင်အဖွဲ့များဖြစ်သော ပြည်နယ်/တိုင်း/ရပ်ကွက်/ကျေးရွာ ပြည်သူ့ကောင်စီများကိုလည်း ဖျက်သိမ်းကာ ဒုဝန်ကြီးများကို တာဝန်မှ ရပ်စဲခဲ့သည်။ထို့နောက် ဥက္ကဋ္ဌအဖြစ် [[ဗိုလ်ချုပ်ကြီးစောမောင်]]၊ အတွင်းရေးမှူးအဖြစ် [[ခင်ညွန့် (ဗိုလ်ချုပ်ကြီး)|ဗိုလ်ချုပ်ခင်ညွန့်]]တို့ကဆောင်ရွက်ပြီး ၁၉ဦးပါဝင်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။၁၉၈၈ခုနှစ် စက်တင်ဘာလ ၂၃ရက်နေ့တွင် နိုင်ငံ၏ အမည်ကို''' ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ'''အဖြစ်မှ''' ပြည်ထောင်စုမြန်မာနိုင်ငံ'''အဖြစ် ပြောင်းလဲခဲ့သည်။၁၉၉၇ခုနှစ်တွင် နဝတကို [[နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ|နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ]]အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။<ref>{{cite news|url=http://www.mmtimes.com/2011/news/569/news56902.html|title=Mission accomplished as SPDC 'dissolved'|last=Shwe Yinn Mar Oo|author2=Soe Than Lynn|date=4 April 2011|work=Myanmar Times|access-date=}}</ref>
 
== သမိုင်း​ကြောင်း ==
၁၉၆၂ခုနှစ်တွင် နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် [[နေဝင်း (ဗိုလ်ချုပ်ကြီး)|ဗိုလ်ချုပ်ကြီးနေဝင်း]]သည် [[တော်လှန်ရေးကောင်စီ]]ဖြင့် နိုင်ငံတော်ကို အုပ်ချုပ်ခဲ့သည်။၁၉၇၄ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီး [[ပြည်သူ့လွှတ်တော် (၁၉၇၄)|ပြည်သူ့လွှတ်တော်]]၊ [[နိုင်ငံတော်ကောင်စီ]]၊ ဝန်ကြီးအဖွဲ့ စသည့် ဗဟိုအာဏာပိုင်အဖွဲ့များ/အခြား အာဏာပိုင်အဖွဲ့အစည်းများဖြင့် နိုင်ငံတော်ကို အုပ်ချုပ်သည်။ဦးနေဝင်းကိုယ်တိုင် ၁၉၇၄ခုနှစ်မှ ၁၉၈၁ခုနှစ်အထိ [[မြန်မာနိုင်ငံ၏ သမ္မတ|နိုင်ငံတော်သမ္မတ]]အဖြစ်ဆောင်ရွက်သည်။နိုင်ငံတော်သမ္မတအဖြစ်မှ အငြိမ်းစားယူအပြီးနောက် [[မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ|ပါတီဥက္ကဋ္ဌ]] နိုင်ငံတော်အကြီးအကဲအဖြစ် ဆက်လက်၍ အုပ်ချုပ်ရေးကဏ္ဍတွင် ပါဝင်ခဲ့သည်။၁၉၈၈ခုနှစ်တွင် [[ရှစ်လေးလုံးအရေးအခင်း|၈၈လူထုအုံကြွမှုကြီး]]ဖြစ်လာပြီးနောက် နိုင်ငံရေး မတည်မငြိမ်ဖြစ်ကာ ပါတီဥက္ကဋ္ဌ ဦးနေဝင်းနှင့် ထိုစဉ်ကနိုင်ငံတော်သမ္မတ [[စန်းယု (နိုင်ငံတော်သမ္မတ)|ဦးစန်းယု]]တို့ကို ပါတီမှ နှုတ်ထွက်ခွင့်ပေးခဲ့သည်။ပါတီဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတအဖြစ် [[ဦးစိန်လွင်]]က ၁၆ရက်ခန့် ဆောင်ရွက်ခဲ့သည်။ထို့နောက် [[ဒေါက်တာမောင်မောင်]]က ဆက်လက်ဆောင်ရွက်သည်။စက်တင်ဘာလ ၁၈ရက်နေ့တွင် [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်|ကာကွယ်ရေးဦးစီးချုပ်]] [[ဗိုလ်ချုပ်ကြီးစောမောင်]]က နိုင်ငံတော်အာဏာကိုသိမ်းယူကာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး နိုင်ငံတော်ကို အုပ်ချုပ်ခဲ့သည်။ထိုစဉ်ကအုပ်ချုပ်ခဲ့သည်။စက်တင်ဘာ ၁၈ရက်​နေ့ ည​နေ ၄နာရီအချိန်တွင် တပ်မ​တော်မှ နိုင်ငံ​တော်အာဏာအရပ်ရပ်ကို ထိန်းသိမ်း​ကြောင်း ရုပ်မြင်သံကြားမှတစ်​ဆင့်​ကြေညာခဲ့သည်။ထိုအာဏာသိမ်းမှုတွင် ဦးနေဝင်းက နောက်ကွယ်မှ အလုံးစုံစီမံပေးခဲ့သည်ဟု အချို့ကပြောကြားကြသည်။အာဏာသိမ်းအပြီးတွင် ဖြုတ်ချခံခဲ့ရသည့် အစိုးရအဖွဲ့မှ မည်သူ့ကိုမျှအ​ရေးယူခြင်းမရှိ​ခဲ့​​ပေ။<ref name="tmj">{{cite news|url=https://www-bbc-com.cdn.ampproject.org/v/s/www.bbc.com/burmese/world-41284436.amp?amp_js_v=a6&amp_gsa=1&usqp=mq331AQHKAFQArABIA%3D%3D#aoh=16225283854965&referrer=https%3A%2F%2Fwww.google.com&amp_tf=From%20%251%24s&ampshare=https%3A%2F%2Fwww.bbc.com%2Fburmese%2Fworld-41284436|title=၁၉၈၈ တတိယ စစ်အာဏာသိမ်းမှု}}</ref>ထိုစဉ်က နဝတ အစိုးရအဖွဲ့မှ တာဝန်ယူပြီးသည်နှင့်တပြိုင်နက် ၎င်းတို့၏ တာဝန်ကြီး (၄)ရပ်ကို ကမ္ဘာသိ ကြေငြာခဲ့ရာတွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပါဝင်ခဲ့သည်။ တစ်ဆက်တည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ၁၉၈၈-ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။
 
နဝတအနေဖြင့် အာဏာသိမ်းပြီးနောက် ရန်ကုန်၊မန္တလေယအပါအဝင် တစ်နိုင်ငံလုံးရှိ သပိတ်စခန်းများကို ဖြိုခွဲခဲ့သည်။အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်ကမူ အာဏာသိမ်းမှုကြောင့် ၁၅ဦးသာသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
 
== အဖွဲ့ဝင်များ ==
၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့တွင် ဖွဲ့စည်းလိုက်သော နဝတအဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
Line ၁၉၉ ⟶ ၂၀၂:
|အတွင်းရေးမှူး (၂)
|}
==ရွေးကောက်ပွဲ==
 
နဝတသည် ၎င်းတို့၏ တာဝန်ကြီး၄ရပ်အတိုင်း ၁၉၉၀ပြည့်နှစ် မေလ ၂၇ရက်နေ့တွင် [[ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၉၀|အထွေထွေရွေးကောက်ပွဲ]]ကို ကျင်းပပေးခဲ့သည်။နိုင်ငံရေးပါတီပေါင်း (၂၃၅)ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ရွေးကောက်ပွဲတွင် [[အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်|အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်]]မှ အပြတ်အသတ်အနိုင်ရခဲ့သည်။သို့သော် နဝတ၏ ကြေညာချက် ၁/၉၀ကို ကြေညာခဲ့သည်။ရွေးကောက်ပွဲရလဒ်မှာလည်း ပျက်ပြယ်ခဲ့ရသည်။
== ပြောင်းလဲဖွဲ့စည်းခြင်း ==
နဝတဥက္ကဋ္ဌ [[ဗိုလ်ချုပ်ကြီးစောမောင်]]သည် ၁၉၉၀ပြည့်နှစ်မတ်လ ၂၇ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးရာထူးကို ရယူခဲ့သည်။၁၉၉၂ခုနှစ် ဧပြီ ၂၃ရက်နေ့တွင် ကျန်းမာရေးမကောင်းသည့် အကြောင်းပြချက်ဖြင့် ရာထူးမှ ရုတ်တရက် အနားယူသွားသည်။ထိုအခါတွင် ဒုတိယဗိုလ်ချုပ်ကြီး [[သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)|သန်းရွှေ]] (​​နောင်တွင် ဗိုလ်ချုပ်မှူးကြီး)က ဥက္ကဋ္ဌအဖြစ် တာဝန်ဆက်ယူခဲ့သည်။၁၉၉၇ခုနှစ် နိုဝင်ဘာ ၁၅ရက်နေ့တွင် နဝတမှ [[နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ|နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ]] (နအဖ)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။၂၀၀၀ပြည့်နှစ်အထိ ထိုအဖွဲ့များတွင် [[ဦးနေဝင်း]]မှ ပါဝင်ပက်သက်နေကြောင်း အချို့ကပြောကြသည်။<ref name="tmj"/>၂၀၀၂ခုနှစ်တွင် ဦးနေဝင်း၏ သားမက်နှင့် မြေး၃ဦးကို နိုင်ငံတော်အာဏာလုရန်ကြံစည်မှုဖြင့် ဖမ်းဆီးခဲ့သည်။ဦးနေဝင်းနှင့် သမီး ကိုမူ နေအိမ်အကျယ်ချုပ် ချထားလိုက်သည်။ထို့အပြင် ၂၀၀၄ခုနှစ်တွင် နအဖ၏ ဝန်ကြီးချုပ်ဖြစ်သူ [[ခင်ညွန့် (ဗိုလ်ချုပ်ကြီး)|ဗိုလ်ချုပ်ကြီးခင်ညွန့်]]ကို ဖမ်းဆီးပြီး ရာထူးမှ ဖယ်ရှားလိုက်သည်။နဝတ-နအဖအဖြစ် ပြောင်းလဲလာသော အာဏာသိမ်းအဖွဲ့သည် ၂၀၁၁ခုနှစ်တွင် [[မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)|အခြေခံဥပဒေအသစ်]]အရ ဖွဲ့စည်းသော [[ဦးသိန်းစိန် အစိုးရ|ပြည်ထောင်စုအစိုးရအဖွဲ့]]ကို အာဏာလွှဲပြောင်းပေးပြီးနောက် ဖျက်သိမ်းခဲ့သည်။
== နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကြေညာချက် (ကြေညာချက်အမှတ် ၁/၉၀) ==